မုံပင်ကေျးရွာ ကျေးရွာမီးလင်းရေးကော်မတီသစ် ပြန်လည်ဖွဲ့စည်းဖို့ ဒေသခံတွေ တောင်းဆို (ရုပ်/သံ)
0
1722
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မုံပင်ကေးျရွာ ကျေးရွာမီးလင်းရေးကော်မတီသစ် ပြန်လည်ဖွဲ့စည်းဖို့ ဒသခံတွေ တောင်းဆို
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် မုံပင်ကျေးရွာအုပ်စုမှာ ကျေးရွာမီးလင်းရေးကော်မတီက ငွေကြေး အလွဲသုံးစားမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်အတွင်းက မုံပင်ကျေးရွာအုပ်စုမှာ ကိုယ်ထူကိုယ်ထ မီးရရှိရေး ဆောင်ရွက်ခဲ့ရာမှာ ကျေးရွာမီးလင်းရေးကော်မတီကနေ ငွေကြေးအလွဲသုံးစားပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီလို ငွေကြေးအလွဲသုံးစားကိစ္စတွေကြောင့် ကျေးရွာမီးလင်းရေးကော်မတီကို ပြန်လည်ဖွဲ့စည်းပေးဖို့ သက်ဆိုင်ရာဌာနတွေကို တောင်းဆိုထားပေမယ့် တစ်စုံတရာ ပြုလုပ်ပေးခြင်းမရှိသေးတာ ဖြစ်ပါတယ်။
အင်တာဗျူး ဦးမြင့်သန်း (ဒေသခံ)
ကျပ်သိန်းကိုးဆယ်ကျော်ကွာဟနေတဲ့ ငွေကြေးအလွဲသုံးစားမှုတွေအတွက် တရားစွဲဆိုထားပေမယ့် လက်ရှိအချိန်အထိ မီးလင်းရေးကော်မတီ အသစ်ပြန်လည်မဖွဲ့စည်းပေးတဲ့အတွက် ဒေသခံတွေက မကျေနပ်မှု တွေ ရှိနေတာပါ။
ဒါ့အပြင် ကျေးရွာမီးလင်းရေးကော်မတီအနေနဲ့ မီတာဘောက်မရရှိသေးသူတွေကိုလည်း လျှပ်စစ်မီးကြိုးကနေ တိုက်ရိုက်သွယ်တန်းပေးတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
အင်တာဗျူး ဦးငြိမ်းဝေ (တရားစွဲဆိုခံထားရသူ)
ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ
ကျေးရွာမီးလင်းကော်မတီအနေနဲ့ အမှုပြီးပြတ်သွားတဲ့ အခါမှသာ မီးလင်းရေးကော်မတီအသစ်ကို လွဲပြောင်းပေးသွားမှာဖြစ်ပြီး ဒေသခံတွေကတော့ အမြန်ဆုံးဖယ်ရှားပေးဖို့ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)