ငလ်င္ေဘး အႏၱရာယ္ကာကြယ္ေရး ျပည္ျမိဳ႕မွာလုပ္ (႐ုပ္/သံ)

0
935

ငလ်င္ေဘး အႏၱရာယ္ က်ေရာက္လာရင္ ဘယ္လိုေနထိုင္ရမယ္ဆိုတဲ ေလ့က်င့္ခန္းကို ျပည္ျမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ ဟန္ထူးေဇာ္ ကေပးပို႕ထားပါတယ္

သဘာ၀ေဘးအႏၱရာယ္တခုျဖစ္တဲ႔ ငလ်င္အႏၱရာယ္ ၾကဳံေတြလာပါက အျမန္ဆုံး ေရွာင္ရွား ကယ္ဆယ္နိုင္ရန္အတြက္ သဘာ၀ေဘးအႏၱရာယ္ဆိုင္ရာအသိပညာေပးေဟာေျပာပဲြနွင့္ ငလ်င္ေဘး အႏၱရာယ္ သ႑န္တူဇတ္တိုက္ေလ့က်င့္ခန္းတခုကို ျပည္ျမိဳ႕ ေခတၱရာရပ္ကြက္မွာ ေဖေဖာ္၀ါရီ၂၄ရက္ေန ကျပဳလုပ္ခဲ႔တာပါ ။
Soundbite – ဦးသန္းထြန္းေအာင္ (ဦးစီးမွဴး) ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႕ခဲြမႈဦးစီးဌာန

အဲ့ဒီ ေဟာေျပာပဲြမွာ ငလ်င္လႈပ္ေနစဥ္လိုက္နာရမည္႕အခ်က္ေတြ ေရွာင္ရွားသင့္တဲ႔ အခ်က္ေတြပါ၀င္ျပီး ငလ်င္လႈပ္ျပီးေနာက္ ျပဳလုပ္ရမယ္႔ အခ်က္ေတြကို ျပည္သူေတြသိရွိေစဖို႔ ရည္ရြယ္ျပဳလုပ္ခဲ႔တာျဖစ္ပါတယ္ ။

Soundbite – ဦးမိုးၾကီး (ဥကၠဌ) မိုးေမတၱာနာေရးကူညီေရးအသင္း

အဲ့လိုဇတ္တိုက္ေလ့က်င့္လုပ္ေဆာင္တာေတြမွာ ငလ်င္လႈပ္တာေၾကာင့္ အေဆာက္အဦးပိမိတာေတြ ထိခိုက္ဒဏ္ရာရတာေတြကို အျမန္ဆုံးကယ္ထုတ္နိုင္ေအာင္ မီးသတ္တပ္ဖဲြ႕ ၾကက္ေျခနီ လူမႈ႕အသင္းအဖဲြ႕ကယ္ဆယ္ေရးအသင္းေတြ ဌာနဆိုင္ရာအဖဲြ႕၀င္ေတြနဲ႕ ေဒသခံေတြစုေပါင္းျပီး ေလ့က်င့္မႈေတြျပဳလုပ္ေနတာပါ ။

Soundbite – ဦးေအာင္ျမင့္ၾကည္ ျပည္ခရိုင္( ဦးစီးမွဴး) မိုးေလ၀သႏွင့္ဇလေဗဒဦးစီးဌာန

ျမန္မာနိုင္ငံမွာ ေဖေဖာ္၀ါရီ၁၄ရက္ေန႕က ျပည္ျမိဳ႕အေရွ႕ေတာင္ဘက္ ကိုးမိုင္အကြာကိုဗဟိုျပဳျပီး ျပင္းအား၄.၉အဆင့္ရွိတဲ့ ေျမငလ်င္တခုလႈပ္ခဲ့ပါတယ္ ။ အခုလအတြင္း ျမန္မာနိုင္ငံတနိုင္ငံလုံးမွာ ငလ်င္၁၀ၾကိမ္အထက္လႈပ္ခဲ့ျပီး စစ္ကိုင္းျပတ္ေရြ႕ေပၚမွာရွိတဲ႔ ရန္ကုန္ မႏၱေလး စစ္ကိုင္း ေနျပည္ေတာ္ ပဲခူး ေတာင္ငူ မိတီၳလာစတဲ႔ ျမိဳ႕ေတြမွာ ငလ်င္ဒဏ္ၾကံဳေတြနိုင္တဲ႔ အႏၱရယ္ရွိေနတာျဖစ္ပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငလျင်ဘေး အန္တရာယ် ကျရောက်လာရင် ဘယ်လိုနေထိုင်ရမယ်ဆိုတဲ လေ့ကျင့်ခန်းကို ပြည်မြို့မှာ ပြုလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် ဟန်ထူးဇော် ကပေးပို့ထားပါတယ်

သဘာဝဘေးအန္တရာယ်တခုဖြစ်တဲ့ ငလျင်အန္တရာယ် ကြုံတွေလာပါက အမြန်ဆုံး ရှောင်ရှား ကယ်ဆယ်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေး အန္တရာယ် သဏ္ဍန်တူဇတ်တိုက်လေ့ကျင့်ခန်းတခုကို ပြည်မြို့ ခေတ္တရာရပ်ကွက်မှာ ဖေဖော်ဝါရီ၂၄ရက်နေ ကပြုလုပ်ခဲ့တာပါ ။
Soundbite – ဦးသန်းထွန်းအောင် (ဦးစီးမှူး) ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

အဲ့ဒီ ဟောပြောပွဲမှာ ငလျင်လှုပ်နေစဉ်လိုက်နာရမည့်အချက်တွေ ရှောင်ရှားသင့်တဲ့ အချက်တွေပါဝင်ပြီး ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမယ့် အချက်တွေကို ပြည်သူတွေသိရှိစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။

Soundbite – ဦးမိုးကြီး (ဥက္ကဌ) မိုးမေတ္တာနာရေးကူညီရေးအသင်း

အဲ့လိုဇတ်တိုက်လေ့ကျင့်လုပ်ဆောင်တာတွေမှာ ငလျင်လှုပ်တာကြောင့် အဆောက်အဦးပိမိတာတွေ ထိခိုက်ဒဏ်ရာရတာတွေကို အမြန်ဆုံးကယ်ထုတ်နိုင်အောင် မီးသတ်တပ်ဖွဲ့ ကြက်ခြေနီ လူမှု့အသင်းအဖွဲ့ကယ်ဆယ်ရေးအသင်းတွေ ဌာနဆိုင်ရာအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေစုပေါင်းပြီး လေ့ကျင့်မှုတွေပြုလုပ်နေတာပါ ။

Soundbite – ဦးအောင်မြင့်ကြည် ပြည်ခရိုင်( ဦးစီးမှူး) မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ၁၄ရက်နေ့က ပြည်မြို့အရှေ့တောင်ဘက် ကိုးမိုင်အကွာကိုဗဟိုပြုပြီး ပြင်းအား၄.၉အဆင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခဲ့ပါတယ် ။ အခုလအတွင်း မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ငလျင်၁၀ကြိမ်အထက်လှုပ်ခဲ့ပြီး စစ်ကိုင်းပြတ်ရွေ့ပေါ်မှာရှိတဲ့ ရန်ကုန် မန္တလေး စစ်ကိုင်း နေပြည်တော် ပဲခူး တောင်ငူ မိတ္ထီလာစတဲ့ မြို့တွေမှာ ငလျင်ဒဏ်ကြုံတွေနိုင်တဲ့ အန္တရယ်ရှိနေတာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)