မန္တလေးမြို့က ဆီစက်တွေအနေနဲ့ ပြည်ပကို ပဲဆီသန့်တွေ တင်ပို့နိုင်ဖို့ကြိုးစားနေ (ရုပ်/သံ)
0
939
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မန္တလေးမြို့က ဆီစက်တွေအနေနဲ့ ပြည်ပကို ပဲဆီသန့်တွေ တင်ပို့နိုင်ဖို့ကြိုးစားနေကြပါတယ်။ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။
မန္တလေးမြို့က ဆီစက်ပိုင်တွေအနေနဲ့ သူတို့ဆီစက်က ထုတ်လုပ်လိုက်တဲ့ ပဲဆီသန့်တွေကို နိုင်ငံတကာဈေးကွက်မှာ ရောင်းချနိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာပဲဆီသန့်တွေကို ပြည်တွင်းကနေ ပြည်ပကို တင်ပို့နိုင်မှု နည်းပါးနေတာဖြစ်ပြီး အခုနှစ်ပိုင်းအတွင်းပြည်ပကိုတင်ပို့နိုင်ဖို့ ဆီစက်တွေအနေနဲ့ သန့်ရှင်းမှု နဲ့ အရည်အသွေးမြင့်တက် လာစေဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်လာကြတာပါ။
Soundbite – ဦးကျော်သွင် (အထွေထွေအတွင်းရေးမှူး) မန္တလေးကုန်စည်ဒိုင် မဟာကထိန်တော်အသင်း
မန္တလေးမြို့က ဆီစက် နှစ်ဆယ်နီးပါးမှာလည်း အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေး ဦးစီးငှာန FDA အသိအမှတ်ပြု လက်မှတ်ရရှိဖို့ လျှောက်ထားမှုတွေလည်း ပြုလုပ်လာကြတာပါ။
ပဲဆီ အရည်အသွေးကောင်းမွန်ဖို့ ကုန်ကြမ်းပစ္စည်းတွေကိုလည်း ရွေးချယ်ဝယ်ယူလာကြပြီး ပြည်ပဈေးကွက် ရရှိလာဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။
Soundbite -ဦးမြင့်ဦး (လှဧရာ ဆီစက်ပိုင်ရှင်)
လက်ရှိ မန္တလေးမြို့က ပဲဆီစက်တွေအနေနဲ့ ဈေးကွက်အတွင်းမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆင့်မီ ဆီတွေ ထုတ်လုပ်ရောင်းချနိုင်ဖို့ လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)