ရခိုင္ျပည္နယ္ စစ္ေတြမွာ ဗံုးေပါက္ကြဲမႈျဖစ္ (႐ုပ္/သံ)

0
850

ရခုိင္ျပည္နယ္ အစိုးရအဖြဲ႔အတြင္းေရးမွဴးေနအိမ္အပါအဝင္ စစ္ေတြၿမိဳ႕ ေနရာသံုးခုမွာ ေပါက္ကြဲမႈေတြဆက္တုိက္ ျဖစ္ပြားခဲ့ပါတယ္ ။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ စစ္ေတြၿမိိဳ႕မွာ ဒီကေန႔မနက္ပိုင္း ၄ နာရီေက်ာ္အခ်ိန္ေလာက္က အစိုးရအဖြဲ႔အတြင္းေရးမွဴး ဦးတင္ေမာင္ေဆြ ရဲ႕ေနအိမ္နဲ႔ ရခိုင္ျပည္နယ္တရားလႊတ္ေတာ္႐ံုးတို႔အပါအဝင္ ေနရာသံုးခုမွာ ေပါက္ကြဲမႈေတြဆက္တိုက္ ျဖစ္ပြားခဲ့တာပါ ။

ေပါက္ကြဲမႈေၾကာင့္ အေဆာက္အဦးေတြနဲ႔ကားေတြ အနည္းငယ္ထိခိုက္မႈ႐ွိခဲ့ၿပီး ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ ေနရာေတြရဲ႕ အနီးဝန္းက်င္မွာ ပလက္စ္တစ္ေဈးျခင္းေတာင္းေတြနဲ႔ ထည့္ထားတဲ့ မိုင္းဗံုးသံုးလံုးကိုလည္း႐ွာေဖြေတြ႔႐ွိခဲ့ၿပီး ႐ွင္းလင္းမႈ ေတြ ေဆာင္႐ြက္ႏုိင္ခဲ့ပါတယ္ ။

Soundbite – ရဲမွဴးႀကီး ေအာင္ျမတ္မိုး ရခုိင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴး

အဲဒီမိုင္းဗံုးေတြဟာ ေဒသႏၱရလက္လုပ္မိုင္းေတြျဖစ္ၿပီးေတာ့ လူကိုေသေစႏုိင္ေလာက္တဲ့ ျပင္းအား႐ွိတဲ့ယမ္းေတြ၊ ေဘာစီ ေတြ၊ သံတိုသံစေတြနဲ႔ျပဳလုပ္ထားတာျဖစ္ၿပီး အ႐ြယ္အစားမွာ အလ်ား ၁၈ လက္မ၊ အနံ ၁၂ လက္မ႐ွိေၾကာင္း ရဲမွဴးႀကီးက ေျပာပါတယ္။

Soundbite – ရဲမွဴးႀကီး ေအာင္ျမတ္မိုး ရခုိင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴး

လက္႐ွိမွာေတာ့ ဗံုးေဖာက္ခြဲခဲ့သူေတြကို ျပန္လည္ဖမ္းဆီးရမိႏုိင္ေရးအတြက္ ရခိုင္ျပည္နယ္အတြင္းမွာ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႔တို႔ပူးေပါင္းၿပီးေတာ့ ပိတ္ဆို႐ွာေဖြမႈေတြျပဳလုပ္တာလည္းျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနေအိမ်အပါအဝင် စစ်တွေမြို့ နေရာသုံးခုမှာ ပေါက်ကွဲမှုတွေဆက်တိုက် ဖြစ်ပွားခဲ့ပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက်မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့မနက်ပိုင်း ၄ နာရီကျော်အချိန်လောက်က အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေ ရဲ့နေအိမ်နဲ့ ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးတို့အပါအဝင် နေရာသုံးခုမှာ ပေါက်ကွဲမှုတွေဆက်တိုက် ဖြစ်ပွားခဲ့တာပါ ။

ပေါက်ကွဲမှုကြောင့် အဆောက်အဦးတွေနဲ့ကားတွေ အနည်းငယ်ထိခိုက်မှုရှိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာတွေရဲ့ အနီးဝန်းကျင်မှာ ပလက်စ်တစ်ဈေးခြင်းတောင်းတွေနဲ့ ထည့်ထားတဲ့ မိုင်းဗုံးသုံးလုံးကိုလည်းရှာဖွေတွေ့ရှိခဲ့ပြီး ရှင်းလင်းမှု တွေ ဆောင်ရွက်နိုင်ခဲ့ပါတယ် ။

Soundbite – ရဲမှူးကြီး အောင်မြတ်မိုး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး

အဲဒီမိုင်းဗုံးတွေဟာ ဒေသန္တရလက်လုပ်မိုင်းတွေဖြစ်ပြီးတော့ လူကိုသေစေနိုင်လောက်တဲ့ ပြင်းအားရှိတဲ့ယမ်းတွေ၊ ဘောစီ တွေ၊ သံတိုသံစတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး အရွယ်အစားမှာ အလျား ၁၈ လက်မ၊ အနံ ၁၂ လက်မရှိကြောင်း ရဲမှူးကြီးက ပြောပါတယ်။

Soundbite – ရဲမှူးကြီး အောင်မြတ်မိုး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး

လက်ရှိမှာတော့ ဗုံးဖောက်ခွဲခဲ့သူတွေကို ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးတော့ ပိတ်ဆိုရှာဖွေမှုတွေပြုလုပ်တာလည်းဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)