သက္ငယ္မုဒိန္းမႈ ထိေရာက္ဟန္႔တားႏုိင္တဲ့ ဥပေဒေတြျပဌာန္းဖို႔လိုအပ္ေန (႐ုပ္/သံ)

0
879

သက္ငယ္မုဒိန္းမႈက်ဴးလြန္သူေတြကို ထိေရာက္ဟန္႔တားႏုိင္တဲ့ ဥပေဒေတြျပဌာန္းဖို႔လိုအပ္ေၾကာင္း ဥပေဒေရးရာကုစားေရးအဖြဲ႔ (ျမန္မာ)က ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္ကေျပာပါတယ္။

တစ္ႏုိင္ငံလံုးအတိုင္းအတားမွာ သက္ငယ္မုဒိန္းမႈေတြ ျဖစ္ပြားလာေနတဲ့အတြက္ ျပစ္မႈက်ဴးလြန္သူေတြကို ထိေရာက္ဟန္႔ တားႏုိင္တဲ့ ဥပေဒေတြျပဌာန္းေပးဖို႔လိုအပ္ေၾကာင္း ဥပေဒေရးရာကုစားေရးအဖြဲ႔ (ျမန္မာ)က ေျပာဆိုလိုက္ပါတယ္။

လက္႐ွိမွာ အမ်ိဳးသမီးမ်ားအေပးအၾကမ္းဖက္မႈနဲ႔ သက္ငယ္မုဒိန္းမႈျဖစ္ပြားတာေတြ ျမင့္မားလာေနၿပီး ျပစ္မႈက်ဴးလြန္သူ ေတြကို ေသဒဏ္ေပးဖို႔အထိေတာင္းဆိုေနၾကတာနဲ႔ပတ္သက္လို႔ ဥပေဒေရးရာကုစားေရးအဖြဲ႔ (ျမန္မာ)က အခုလိုေျပာ ပါတယ္။

Soundbite – ေဒၚျမသူဇာ (အထက္တန္းေ႐ွ႕ေန) ဥပေဒေရးရာကုစားေရးအဖြဲ႔

ဒါ့အျပင္ လိင္အၾကမ္းဖက္ခံလိုက္ရတဲ့ အမ်ိဳးသမီးေတြနဲ႔ အၾကမ္းဖက္သူေတြကို တရားခြင့္မွာသီးျခားခြဲၿပီး စစ္ေဆးမႈေတြ ျပဳလုပ္တာမဟုတ္တဲ့အတြက္ ျပစ္မႈက်ဴးလြန္သူရဲ႕ေ႐ွ႕မွာ ထြက္ဆိုေနရတာဟာ အမႈစစ္ေဆးတဲ့အခါမွာ အားနည္းခ်က္ ခ်က္ေတြျဖစ္ေပၚေစတယ္လို႔ ေျပာပါတယ္။

Soundbite – ေဒၚျမသူဇာ (အထက္တန္းေ႐ွ႕ေန) ဥပေဒေရးရာကုစားေရးအဖြဲ႔

ရခိုင္ျပည္နယ္အတြင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္းက အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈေပါင္း ၄၆၄ မႈ အထိ ျဖစ္ပြားခဲ့ေပမယ့္ တရားခြင့္ကိုေရာက္႐ွိိတာကေတာ့ ၄၇ မႈသာ႐ွိခဲ႔ေၾကာင္း ထုတ္ျပန္ထားပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကို ထိရောက်ဟန့်တားနိုင်တဲ့ ဥပဒေတွေပြဌာန်းဖို့လိုအပ်ကြောင်း ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ)က ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်ကပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတားမှာ သက်ငယ်မုဒိန်းမှုတွေ ဖြစ်ပွားလာနေတဲ့အတွက် ပြစ်မှုကျူးလွန်သူတွေကို ထိရောက်ဟန့် တားနိုင်တဲ့ ဥပဒေတွေပြဌာန်းပေးဖို့လိုအပ်ကြောင်း ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ)က ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ အမျိုးသမီးများအပေးအကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိန်းမှုဖြစ်ပွားတာတွေ မြင့်မားလာနေပြီး ပြစ်မှုကျူးလွန်သူ တွေကို သေဒဏ်ပေးဖို့အထိတောင်းဆိုနေကြတာနဲ့ပတ်သက်လို့ ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ)က အခုလိုပြော ပါတယ်။

Soundbite – ဒေါ်မြသူဇာ (အထက်တန်းရှေ့နေ) ဥပဒေရေးရာကုစားရေးအဖွဲ့

ဒါ့အပြင် လိင်အကြမ်းဖက်ခံလိုက်ရတဲ့ အမျိုးသမီးတွေနဲ့ အကြမ်းဖက်သူတွေကို တရားခွင့်မှာသီးခြားခွဲပြီး စစ်ဆေးမှုတွေ ပြုလုပ်တာမဟုတ်တဲ့အတွက် ပြစ်မှုကျူးလွန်သူရဲ့ရှေ့မှာ ထွက်ဆိုနေရတာဟာ အမှုစစ်ဆေးတဲ့အခါမှာ အားနည်းချက် ချက်တွေဖြစ်ပေါ်စေတယ်လို့ ပြောပါတယ်။

Soundbite – ဒေါ်မြသူဇာ (အထက်တန်းရှေ့နေ) ဥပဒေရေးရာကုစားရေးအဖွဲ့

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပေါင်း ၄၆၄ မှု အထိ ဖြစ်ပွားခဲ့ပေမယ့် တရားခွင့်ကိုရောက်ရှိတာကတော့ ၄၇ မှုသာရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)