ဝါးနှီးယပ်တောင်တွေ ဝယ်ယူမှုနည်းလို့ ယပ်တောင်လုပ်သူတွေခက်ခဲ

0
140

Unicode Version

ဝါးနှီးယပ်တောင်တွေကို အခုနှစ်မှာ ဝယ်ယူမှုနည်းတဲ့အတွက် ဝါးနှီးယပ်တောင်လုပ်သူတွေအတွက် အခက်အခဲတွေ ရှိလာနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

ပြီးခဲ့တဲ့ မိုးရာသီကာလ ရာသီဥတုဖေါက်ပြန်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက်ပစ္စည်းတွေ တင်ပို့ရောင်းချရာမှာ ဝယ်ယူသူတွေ နည်းပါးခဲ့တဲ့အတွက် အရောင်းအဝယ် နည်းပါးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရာထွက် ဝါးနှီးယပ်တောင်လုပ်ငန်းမှာ အရင်နှစ်က တစ်လ ၃ ကြိမ် တင်ပို့ရောင်းချရပေမယ့် အခုနှစ်မှာတော့ တစ်လကို တစ်ကြိမ်သာ တင်ပို့ရောင်းချရတဲ့အတွက် ဝါးနှီးယပ်တောင် လုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲတွေ ရှိလာနေတာ ဖြစ်ပါတယ်။


ဝါးနှီးယပ်တောင်လုပ်ငန်းအတွက် နှီးထိုးသူကို တစ်ပိသာ ကျပ် ၅၀၀ ပေးရပြီး၊ ဝါးနှီးယပ်လုပ်သူနဲ့ ဝါးနှီးယပ်တောင်ပုံဖေါ်ချုပ်လုပ်သူတွေကို အခုအရေအတွက်အလိုက် တစ်ရာအတွက် ကျပ် ၅၀၀ ကျော် ပေးရတာ ဖြစ်ပါတယ်။

အဲဒီ ဝါးနှီးယပ်တောင်လုပ်ကိုင်သူတစ်ဦးအတွက် တစ်နေ့တာ ရရှိမယ့် လုပ်အားခက ကျပ် ၅၀၀၀ အထိ ရရှိနိုင်တယ်လို့ ဝါးနှီးယပ်တောင်လုပ်သူတစ်ဦးက ပြောပါတယ်။

Soundbite ဦးမောင်နိုင် (ဝါးနှီးယပ်တောင်လုပ်သူ) ခင်မွန်ကျေးရွာ၊ ချောင်းဦးမြို့နယ်

စဈကိုငြးတိုငြးဒသကှေီး၊ ခွောငြးဦးမှို့နယြ၊ ခငမြှနကြွေးရှာမှာ အိမခြှေ ၂၀၀၀ ကွောရြှိပှီး၊ ကွေးရှာရဲ့ သုံးပုံနှဈပုံခန့ကြ ဝါးနှီးယပတြောငလြုပငြနြးအပှငြ ဝါးနဲ့ပတသြကတြဲ့ ခှငြး၊ တောငြး၊ ဇကာစတာတှကေိုလညြး လုပကြိုငနြကှတော ဖှဈပါတယြ ခငဗြွာ။


Zawgyi Version

ဝါးနှီးယပ်တောင်တွေကို အခုနှစ်မှာ ဝယ်ယူမှုနည်းတဲ့အတွက် ဝါးနှီးယပ်တောင်လုပ်သူတွေအတွက် အခက်အခဲတွေ ရှိလာနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

ပြီးခဲ့တဲ့ မိုးရာသီကာလ ရာသီဥတုဖေါက်ပြန်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက်ပစ္စည်းတွေ တင်ပို့ရောင်းချရာမှာ ဝယ်ယူသူတွေ နည်းပါးခဲ့တဲ့အတွက် အရောင်းအဝယ် နည်းပါးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရာထွက် ဝါးနှီးယပ်တောင်လုပ်ငန်းမှာ အရင်နှစ်က တစ်လ ၃ ကြိမ် တင်ပို့ရောင်းချရပေမယ့် အခုနှစ်မှာတော့ တစ်လကို တစ်ကြိမ်သာ တင်ပို့ရောင်းချရတဲ့အတွက် ဝါးနှီးယပ်တောင် လုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲတွေ ရှိလာနေတာ ဖြစ်ပါတယ်။

Soundbite မဝါဝါ (ဝါးနှီးယပ်တောင်လုပ်ငန်း) ခင်မွန်ကျေးရွာ၊ ချောင်းဦးမြို့နယ်

ဝါးနှီးယပ်တောင်လုပ်ငန်းအတွက် နှီးထိုးသူကို တစ်ပိသာ ကျပ် ၅၀၀ ပေးရပြီး၊ ဝါးနှီးယပ်လုပ်သူနဲ့ ဝါးနှီးယပ်တောင်ပုံဖေါ်ချုပ်လုပ်သူတွေကို အခုအရေအတွက်အလိုက် တစ်ရာအတွက် ကျပ် ၅၀၀ ကျော် ပေးရတာ ဖြစ်ပါတယ်။

အဲဒီ ဝါးနှီးယပ်တောင်လုပ်ကိုင်သူတစ်ဦးအတွက် တစ်နေ့တာ ရရှိမယ့် လုပ်အားခက ကျပ် ၅၀၀၀ အထိ ရရှိနိုင်တယ်လို့ ဝါးနှီးယပ်တောင်လုပ်သူတစ်ဦးက ပြောပါတယ်။

Soundbite ဦးမောင်နိုင် (ဝါးနှီးယပ်တောင်လုပ်သူ) ခင်မွန်ကျေးရွာ၊ ချောင်းဦးမြို့နယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာမှာ အိမ်ခြေ ၂၀၀၀ ကျော်ရှိပြီး၊ ကျေးရွာရဲ့ သုံးပုံနှစ်ပုံခန့်က ဝါးနှီးယပ်တောင်လုပ်ငန်းအပြင် ဝါးနဲ့ပတ်သက်တဲ့ ခြင်း၊ တောင်း၊ ဇကာစတာတွေကိုလည်း လုပ်ကိုင်နေကြတာ ဖြစ်ပါတယ် ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)