ကရိန်းကားနဲ့ ကျောက်သည်တွဲကား မျက်နှာချင်းဆိုင်တိုက်လို့ လူလေးဦး သေဆုံး

0
294

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ နိုဝင်ဘာ(၂၂)ရက်နေ ညနေ(၄)နာရီခွဲအချိန်လောက်က ကရိန်းကားနဲ့ကျောက်သည်တွဲကား မျက်နှာချင်းဆိုင်တိုက်ခဲ့တာကြောင့် လူ လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုမြို့မရဲစခန်းကဒုရဲအုပ်ကြည်သူရစိုးက ပြောပါတယ်။

accident

အဲဒီယာဉ်နှစ်စီးဟာ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်နဲ့မော်လမြိုင်ကားလမ်း တောင်စွန်းလမ်းခွဲအနီးမှာ တိုက်မိခဲ့တာပါ။

ကရိန်းကားက ရန်ကုန်ကနေ မော်လမြိုင်ကို မောင်းလာပြီး ကျောက်သည်တွဲကားက ဘီးလင်းကနေ ကျိုက်ထိုမြို့ကို မောင်းလာတာမှာ လမ်းတစ်ဖက်မှာရှိတဲ့ ကျောက်သည်တွဲကားကို ကရိန်းကားက ဝင်တိုက်ခဲ့မိတာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူခြောက်ဦးကို ပဲခူးမြို့ ပြည်သူ့ဆေးရုံမှာ မနေ့က ပို့ဆောင်ကုသပေးခဲ့ပြီး သေဆုံးသူလေးဦးကိုတော့ ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံမှာ ထားထားတယ်လို့ ဒုရဲအုပ်ကြည်သူရစိုးက ပြောပါတယ်။

ကျိုက်ထိုမြို့မရဲစခန်းက ကရိန်းကားမောင်းသူကို ၃၀၄-က/၃၃၇-၃၃၈နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)