ရွှေဘိုမြို့နယ်က Quarantine Center တွင် သေဆုံးခဲ့သူမှာ covid 19 ရောဂါပိုး မတွေ့ရဟုဆို

0
344

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်က Quarantine Center တစ်ခုမှာ သေဆုံးခဲ့သူမှာ Covid-19  ရောဂါပိုးမတွေ့ရဘူးလို့ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာစောကလျာအောင်ကပြောပါတယ်။

ရွှေဘိုမြို့နယ်ကအတွင်းက ခွန်တောင်းကြီးကျေးရွာရှိ Quarantine Center မှာ ရန်ကုန်ပြန် အသက် (၄၁) နှစ်အရွယ် အမျိုးသားတစ်ဦး မေလ (၁၈) ရက်နေ့က သေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။

ရုပ်အလောင်းကို ရွှေဘိုမြို့ခရိုင်ပြည်သူ့ဆေးရုံကြီးကို သယ်ဆောင်ကာ လည်ချောင်းတို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့ကို ရယူပြီး အမျိုးသားဓာတ်ခွဲဌာနကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ ရောဂါလက္ခဏာမတွေ့ရတာလို့ ခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ရွှေဘိုမြို့က ပြည်သူတွေအကြား အခုသေဆုံးသွမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် ရုပ်အလောင်းကို ထပ်မံ ရင်ခွဲစစ်ဆေးကြည့်ရာမှာလည်း သေဆုံးသူဟာ အရက်သောက်တတ်သူဖြစ်တာကြောင့်  အသဲခြောက်ပြီး နှလုံးကြွက်သားပျက်စီးမှုကြောင့် သေဆုံခဲ့ရတာတွေကို တွေ့ရတယ်လို့လည်း ဆေးရုံအုပ်ကြီးက ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)