လူငယ္ေတြအေနနဲ႔ ျမန္မာနိင္ငံ လူငယ္ေရးရာမူဝါဒဆိုင္ရာကိစၥရပ္ေတြမွာ ပူးေပါင္းပါဝင္ ေဆြးေႏြးမႈအားနည္းေန(႐ုပ္/သံ)

0
921

ဧရာဝတီတိုင္းေဒသႀကီးမွာရွိတဲ႔ နိင္ငံေရးပါတီက လူငယ္ေတြအေနနဲ႔ ျမန္မာနိင္ငံ လူငယ္ေရးရာမူဝါဒဆိုင္ရာကိစၥရပ္ေတြမွာ ပူးေပါင္းပါဝင္ ေဆြးေႏြးမႈအားနည္းေနပါတယ္။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီကေပးပို႔ထားပါတယ္ ။

ျမန္မာနိင္ငံ လူငယ္ေရးရာမူဝါဒ မိတ္ဆက္ရွင္းလင္းပြဲနဲ႔ ဧရာဝတီတိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီဖြဲ႕စည္းတဲ႔ အခမ္းအနားကို ပုသိမ္ျမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွာ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ကစတင္ၿပီး ၂ ရက္ၾကာ ျပဳလုပ္သြားမွာပါ။
ဒီမူဝါဒေရးဆြဲေရးနဲ႔ ကာလတစ္ေလ်ွာက္ ဘယ္ပါတီဘယ္အဖြဲ႕အစည္းမဆို ပါဝင္နိင္ေအာင္ ဖိတ္ေခၚခဲ႔ေပမယ့္ ပါတီဝင္လူငယ္ေတြအေနနဲ႔ ပါဝင္မႈအာူနည္းတာကို ေတြ႕ရတယ္လို႔ ျမန္မာနိင္ငံ လူငယ္ေရးရာမူ၀ါဒ မူၾကမ္းေရးဆြဲရာမွာပါဝင္တဲ႔ မႏြယ္ဇင္ထက္က ေျပာပါတယ္။

Soundbite – မႏြယ္ဇင္ထက္(ဧရာဝတီလူငယ္ကြန္ရက္)

ဒီအခမ္းအနားမွာ ဧရာဝတီတိုင္းေဒသႀကီး လူငယ့္ေရးရာေကာ္မတီနဲ႔ ျပည္ေထာင္စုအဆင့္ ေကာ္မတီေတြ ဖြဲ႕စည္းသြားဖို႔ရွိျပီး တစ္ကယ္တမ္းအသံုးဝင္ လက္ေတြ႕က်မယ့္ အခ်က္ေတြကို မဟာဗ်ဴေျမာက္ေရးဆြဲသြားနိင္ဖို႔ ရယူသြားမွာျဖစ္ပါတယ္။
နိင္ငံမွာ ပညာေရးက႑နိမ့္ပါးေနျပီး လူထုလူတန္းစားေတြနဲ႔ပက္သက္တဲ႔ ကိစၥေတြကို ဝင္ေရာက္ေဆြးေႏြးသြားဖို႔ ရွိတယ္လို႔ လပြတၱာျမိဳ႕နယ္ လူငယ္သင္တန္းသားတစ္ဦးကေျပာပါတယ္။

Soundbite – ကိုေက်ာ္သူခိုင္ (လူငယ္တာဝန္ခံ) အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၊လပြတၱာျမိဳ႕နယ္

ဒီအခမ္းအနားမွာ ဧရာဝတီတိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီနဲ႔ ျပည္ေထာင္စုအဆင့္ေကာ္မတီကိုပါ အျပီးသတ္ ေရြးခ်ယ္သြားဖို႔ရွိေနျပီး ဧရာဝတီတိုင္းေဒသႀကီးျမိဳ႕နယ္အသီးသီးက လူငယ္အင္အား ၂၅၀ ေက်ာ္တက္ေရာက္ခဲ႔ၾကပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ နိင်ငံရေးပါတီက လူငယ်တွေအနေနဲ့ မြန်မာနိင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းပါဝင် ဆွေးနွေးမှုအားနည်းနေပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ် ။

မြန်မာနိင်ငံ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းပွဲနဲ့ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဖွဲ့စည်းတဲ့ အခမ်းအနားကို ပုသိမ်မြို့ မြို့တော်ခန်းမမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစတင်ပြီး ၂ ရက်ကြာ ပြုလုပ်သွားမှာပါ။
ဒီမူဝါဒရေးဆွဲရေးနဲ့ ကာလတစ်လျှောက် ဘယ်ပါတီဘယ်အဖွဲ့အစည်းမဆို ပါဝင်နိင်အောင် ဖိတ်ခေါ်ခဲ့ပေမယ့် ပါတီဝင်လူငယ်တွေအနေနဲ့ ပါဝင်မှုအာူနည်းတာကို တွေ့ရတယ်လို့ မြန်မာနိင်ငံ လူငယ်ရေးရာမူဝါဒ မူကြမ်းရေးဆွဲရာမှာပါဝင်တဲ့ မနွယ်ဇင်ထက်က ပြောပါတယ်။

Soundbite – မနွယ်ဇင်ထက်(ဧရာဝတီလူငယ်ကွန်ရက်)

ဒီအခမ်းအနားမှာ ဧရာဝတီတိုင်းဒေသကြီး လူငယ့်ရေးရာကော်မတီနဲ့ ပြည်ထောင်စုအဆင့် ကော်မတီတွေ ဖွဲ့စည်းသွားဖို့ရှိပြီး တစ်ကယ်တမ်းအသုံးဝင် လက်တွေ့ကျမယ့် အချက်တွေကို မဟာဗျူမြောက်ရေးဆွဲသွားနိင်ဖို့ ရယူသွားမှာဖြစ်ပါတယ်။
နိင်ငံမှာ ပညာရေးကဏ္ဍနိမ့်ပါးနေပြီး လူထုလူတန်းစားတွေနဲ့ပက်သက်တဲ့ ကိစ္စတွေကို ဝင်ရောက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ လပွတ္တာမြို့နယ် လူငယ်သင်တန်းသားတစ်ဦးကပြောပါတယ်။

Soundbite – ကိုကျော်သူခိုင် (လူငယ်တာဝန်ခံ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊လပွတ္တာမြို့နယ်

ဒီအခမ်းအနားမှာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနဲ့ ပြည်ထောင်စုအဆင့်ကော်မတီကိုပါ အပြီးသတ် ရွေးချယ်သွားဖို့ရှိနေပြီး ဧရာဝတီတိုင်းဒေသကြီးမြို့နယ်အသီးသီးက လူငယ်အင်အား ၂၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)