ျပည္မွာ ေငြထုတ္ေခ်းမယ္ဆိုျပီး ေငြေၾကးလိမ္လည္မႈေတြရွိေန (႐ုပ္/သံ)

0
935

ျပည္ျမိဳ႕နယ္မွာ ေခ်းေငြထုတ္ေခ်းမယ္ဆိုုျပီး လူအခ်ိ႕က ေငြေၾကးလိမ္လည္ ေတာင္းခံမႈေတြ ရွိေနပါတယ္ ။ ဒီသတင္းကို MCNသတင္းေထာက္ဟန္ထူးေဇာ္ကေပးပို႕ထားပါတယ္ ။

ျပည္ျမိဳ႕နယ္က ရပ္ကြက္ေတြမွာ အမည္မသိသူေတြက ပုံစံအမ်ိဳးမ်ိဳးနဲ႕ ၁ေယာက္ကို ၁၀သိန္းအနည္းဆုံး ေငြေခ်းေပးမယ္ဆိုျပီး ၁ဦးကိုေလ်ာက္လႊာတင္ခ ၂ေသာင္းက်ပ္၀န္က်င္ေတာင္းခံမႈေတြရွိေနပါတယ္ ။ အဲ႔ဒီေခ်းေငြေပးမယ္ဆိုတဲ႔သူေတြဟာ ေငြေခ်းမႈအစဥ္မေျပဘူးဆိုရင္ ေလ်ာက္လႊာတင္ခထဲက ၅ ေထာင္က်ပ္ကို နုတ္ယူျပီး က်န္တာကိုျပန္ေပးမယ္ဆိုျပီးေျပာဆိုေရာင္းခ်ေနၾကတာပါ ။
ေခ်းေငြလိုခ်င္တဲ႔အတြက္ ေလ်ာက္လႊာ၀ယ္ယူထားသူတစ္ဦးက ေလ်ာက္လြာေၾကးသာေပးသြင္းခဲ့ရေပမယ့္ ေခ်းေငြမရတဲ့အျပင္ ေပးသြင္းထားတဲ႔ေလ်ွာက္လႊာဖိုးေတာင္ ျပန္မရဘူးလို႔ ေျပာပါတယ္ ။

Soundbite – မဥမၼာ(ေဒသခံ)

ျပည္ျမိဳ႕နယ္မွာ နိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ေခ်းေငြထုတ္ေပးတယ္ဆိုျပီး လိမ္လည္မႈ႕ေတြရွိေနပါ ။ လက္ရွိမွာေတာ႔ ေငြေခ်းလိုင္စင္မရွိဘဲ ရပ္ကြက္ထဲမွာ ေငြေခ်းမယ္ဆိုျပီး ေလ်ာက္လႊာေၾကး ေတာင္းခံတဲ့သူေတြကို အခုလိုမ်ိဳးမလုပ္ဖို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက ေခၚယူသတိေပးမႈ႕ ေတြျပဳလုပ္ခဲ့ရပါတယ္ ။
Soundbite – မမာမာခိုင္(ခ)မခိုင္ ဆင္စု (ေခ်းေငြေပးသူ)

အဖဲြ႕အစည္းပုံစံမ်ိဳးနဲ႕ လိုင္စင္မရွိဘဲေငြေခ်းတာေတြနဲ႕ပတ္သတ္ျပီး တာ၀န္ရွိသူေတြက စီစစ္ေပးဖို႕ညႊန္ၾကားထားတာေတြရွိေနေပမယ့္ အေရးယူဖို႔အတြက္က ကာယကံရွင္ကိုယ္တိုင္ တိုင္ၾကားမွသာ အေရးယူနိုင္ေၾကာင္း ႕ ျပည္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္ ။

Soundbite – ကိုဇင္ျဖိဳးေ၀(လက္ေထာက္ညႊန္ၾကားေရးမွဴး) အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၊ ျပည္ခရိုင္

အခုလိုတရားမ၀င္လိမ္လည္မႈေတြရွိေနတာေၾကာင့္ ျပည္ျမိဳ႕အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ရုံးက ျပည္သူေတြကို သတိေပးစာေတြေပးေ၀ေနပါတယ္ ။ ဥပေဒအရ လိုင္စင္မရွိဘဲေငြေခ်းဌားသူေတြကို ၂၀၁၁ ခုနွစ္အေသးစားေငြေရးေၾကးေရးလုပ္ငန္း ဥပေဒပုဒ္မ ၅၇အရ ေထာင္ဒဏ္(၅)နွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ ေငြဒဏ္ျဖစ္ေစ ဒဏ္၂ရပ္လုံးျဖစ္ေစခ်မွတ္နိုင္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်မြို့နယ်မှာ ချေးငွေထုတ်ချေးမယ်ဆိုပြီး လူအချိ့က ငွေကြေးလိမ်လည် တောင်းခံမှုတွေ ရှိနေပါတယ် ။ ဒီသတင်းကို MCNသတင်းထောက်ဟန်ထူးဇော်ကပေးပို့ထားပါတယ် ။

ပြည်မြို့နယ်က ရပ်ကွက်တွေမှာ အမည်မသိသူတွေက ပုံစံအမျိုးမျိုးနဲ့ ၁ယောက်ကို ၁၀သိန်းအနည်းဆုံး ငွေချေးပေးမယ်ဆိုပြီး ၁ဦးကိုလျောက်လွှာတင်ခ ၂သောင်းကျပ်ဝန်ကျင်တောင်းခံမှုတွေရှိနေပါတယ် ။ အဲ့ဒီချေးငွေပေးမယ်ဆိုတဲ့သူတွေဟာ ငွေချေးမှုအစဉ်မပြေဘူးဆိုရင် လျောက်လွှာတင်ခထဲက ၅ ထောင်ကျပ်ကို နုတ်ယူပြီး ကျန်တာကိုပြန်ပေးမယ်ဆိုပြီးပြောဆိုရောင်းချနေကြတာပါ ။
ချေးငွေလိုချင်တဲ့အတွက် လျောက်လွှာဝယ်ယူထားသူတစ်ဦးက လျောက်လွာကြေးသာပေးသွင်းခဲ့ရပေမယ့် ချေးငွေမရတဲ့အပြင် ပေးသွင်းထားတဲ့လျှောက်လွှာဖိုးတောင် ပြန်မရဘူးလို့ ပြောပါတယ် ။

Soundbite – မဥမ္မာ(ဒေသခံ)

ပြည်မြို့နယ်မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ချေးငွေထုတ်ပေးတယ်ဆိုပြီး လိမ်လည်မှု့တွေရှိနေပါ ။ လက်ရှိမှာတော့ ငွေချေးလိုင်စင်မရှိဘဲ ရပ်ကွက်ထဲမှာ ငွေချေးမယ်ဆိုပြီး လျောက်လွှာကြေး တောင်းခံတဲ့သူတွေကို အခုလိုမျိုးမလုပ်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ခေါ်ယူသတိပေးမှု့ တွေပြုလုပ်ခဲ့ရပါတယ် ။
Soundbite – မမာမာခိုင်(ခ)မခိုင် ဆင်စု (ချေးငွေပေးသူ)

အဖွဲ့အစည်းပုံစံမျိုးနဲ့ လိုင်စင်မရှိဘဲငွေချေးတာတွေနဲ့ပတ်သတ်ပြီး တာဝန်ရှိသူတွေက စီစစ်ပေးဖို့ညွှန်ကြားထားတာတွေရှိနေပေမယ့် အရေးယူဖို့အတွက်က ကာယကံရှင်ကိုယ်တိုင် တိုင်ကြားမှသာ အရေးယူနိုင်ကြောင်း ့ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးကပြောပါတယ် ။

Soundbite – ကိုဇင်ဖြိုးဝေ(လက်ထောက်ညွှန်ကြားရေးမှူး) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြည်ခရိုင်

အခုလိုတရားမဝင်လိမ်လည်မှုတွေရှိနေတာကြောင့် ပြည်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက ပြည်သူတွေကို သတိပေးစာတွေပေးဝေနေပါတယ် ။ ဥပဒေအရ လိုင်စင်မရှိဘဲငွေချေးဌားသူတွေကို ၂၀၁၁ ခုနှစ်အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၇အရ ထောင်ဒဏ်(၅)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်နိုင်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)