ရခိုင်ပြည်နယ်ကိစ္စ ကော်မရှင်ရဲ့အကြုံပြုချက်အတိုင်း လုပ်ဆောင်နေတာမဟုတ်ဟု ဆို (ရုပ်/သံ)

0
1510

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအားလုံးကို အစိုးရအနေနဲ့ အကောင်အည်ဖော်ဆောင်နေတာ မဟုတ်ဘူးလို့ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ်သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

စက်တင်လာလ ၂၁ ရက်နေ့ ညနေပိုင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့အဖွဲ့၊ ဝန်ကြီးချုပ်ဦးညီပုတို့ဟာ ရခိုင်ပြည်နယ်လွှတ်တော်ကို လာရောက်ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

UEHRD လုပ်ငန်းစဉ်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်နေရာ ချထားရေးနဲ့ ထောက်ပံ့ကူညီးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ပြည်ထောင်စုအစိုးရအနေနဲ့ ဘာတွေ ကိုဦးစားပေး ဆောင်ရွက်နေတယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေကို လာရောက်ရှင်းလင်းခဲ့ကြ တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်ထားတဲ့ မစ္စတာကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးဖြေရှင်းဆောင်ရွက်မှုတွေမှာ အကြံညဏ်တွေ ရရှိရေးအတွက် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီကော်မရှင်ရဲ့အကြံပြုချက် ၈၈ ချက်ရရှိခဲ့ပေမယ့် အားလုံးကို အကောင်အထည် ဖော်ဆောင်နေတာမဟုတ်ဘူး လို့ ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။

Sound bite ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ဒါ့အပြင် အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေက ဒေသခံမြိုတိုင်းရင်းသားတွေ ဟာ အခုလအတွင်း ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခံရမှုတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
တစ်ဖက်နိုင်ငံကိုထွက်ပြေးသွားခဲ့ကြတဲ့ အကြမ်းဖက်သမားတွေဟာ စားရေးသောက်ရေးအခက်အခဲတွေကြောင့် မြန်မာဘက်ကို တရားမဝင် ဝင်ရောက်နေတာတွေရှိနေပြီး ကြိုတင်တားဆီးမှုတွေပြုလုပ်နိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးခဲ့ကြပါတယ်။

Sound bite – ဦးဇော်ဇော်မြင့် (ဘူးသီးတောင်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ)

လက်ရှိမှာ လူပြောများနေတဲ့ ရမ်းဗြဲမြို့နယ်အတွင်းက ဘင်္ဂါလီတွေကို ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေး နေတာတွေရှိနေပြီး ပြည်ထောင်စုအစိုးရအနေနဲ့လည်း အောက်ခြေဝန်ထမ်းတွေရဲ့လုပ်ဆောင်ချက်တွေကို ယတိပြတ်မယုံကြည်ကြဖို့အတွက် ပြောကြားခဲ့ကြပါတယ်။

Sound bite- ဦးသန်းမောင်ဦး (ရမ်းဗြဲမြို့နယ် အမှတ် – ၂ မဲဆန္ဒနယ်မြေ)

တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ လက်ရှိကျင့်သုံးနေ တဲ့ဥပဒေ တွေဟာ တရားသောဥပဒေတွေဖြစ်ဖို့နဲ့ ပြည်သူတွေအကျိုးရှိမယ့် ဥပဒေတွေဖြစ်ဖို့လိုအပ်ပြီး အကျိုးမရှိပါက ပြန်လည် ဖြည့်စွက်ပြင်ဆင်ဖို့လိုအပ်နေတာပါ။အဲဒါကြောင့် အဲဒီဥပဒေတွေကို အစိုးရကလည်း လိုက်နာဖို့လိုအပ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)