စစ်တွေမြို့ Gallant Ocean အအေးခန်းစက်ရုံ အလုပ်သမားတွ နစ်နာကြေးရဖို့တောင်းဆို(ရုပ်/သံ)

0
950








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့က Gallant Ocean အအေးခန်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၁၉ ယောက် အလုပ်ထုတ်ခံရတဲ့အတွက် နစ်နာကြေးရရှိဖို့တောင်းဆိုနေကြပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်ကပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့က ငါးပုဇွန်တွေကိုနိုင်ငံခြားပို့ကုန်အဖြစ်ထုတ်လုပ်နေတဲ့ Gallant Ocean အအေးခန်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ စက်ရုံဝန်ထမ်း ၁၉ ယောက် အလုပ်ထုတ်ခံခဲရပါတယ် ။ အခုလိုအလုပ်သမားတွေကို အလုပ်ကထုတ်ပစ်လိုက်တာကြောင့် ဝန်ထမ်းတွေ နစ်နာကြေားရရှိရေးအတွက် စက်ရုံဝန်ထမ်း ၂၀ဝ လောက်ဟာ အလုပ်သမားရုံးမှာ လာရောက်ဆောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာပါ ။

ဒါအပြင် စက်ရုံမှာအလုပ်လုပ်ကိုင်နေကြတဲ့ မိန်းကလေးတွေကို စက်ရုံအကြီးအကဲတွေဖြစ်တဲ့ တရုတ်နိုင်ငံသားတွေက စက်ရုံအလုပ်တွေအပြင် အထွေထွေအလုပ်တွေကိုပါ ခိုင်စေမှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ် ။

Soundbite – မမထွေး (စက်ရုံအလုပ်သမား)

အခုလိုပြသနာတွေဖြစ်ပေါ်နေတာကို သက်ဆိုင်ရာကညှိနိုင်းပေးခဲ့တဲ့အတွက် အလုပ်သမားတွေအပါ် အခုလိုမျိုးမပြုလုပ်ဖို့နဲ့ မသက်ဆိုင်တဲ့အလုပ်တွေကိုမခိုင်းဖို့ အလုပ်သမားနဲ့ လုပ်ငန်းရှင်တွေအကြား သဘောတူညီချက် စာချုပ်တစ်ခုကိုချုပ်ဆိုနိုင်ခဲ့ပါတယ် ။ အဲဒီစာချုပ်ပါအချက်တွေကို အလုပ်ရှင်တွေဘက်က ထပ်မံချိုးဖောက်မှုတွေရှိလာခဲ့ရင်တော့ အလုပ်သမားဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ် ။

Soundbite – ဦးအောင်ငြိမ်း (ပြည်နယ်ဦးစီးမှူး) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

အခုလို အလုပ်သမားတွေကို စက်ရုံကနေ အကြောင်းမဲ့အလုပ်ထုတ်ပစ်တာဟာ အရင်ကလည်းတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီစက်ရုံဟာ မြန်မာနိုင်ငံသားတစ်ဦးရဲ့အမည်နဲ့ ဖွင့်လှစ်ထားပြီးတော့ တရုတ်နိုင်ငံသားတွေလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန ကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)