ေထာင္ဒဏ္တစ္ႏွစ္ခြဲက်ခံခဲ့ရတဲ့ ALP ပါတီဗဟိုေကာ္မတီဝင္ ကိုခိုင္မ်ိဳးထြန္းလြတ္ေျမာက္ (႐ုပ္/သံ)

0
954

တပ္မေတာ္ကို ဂုဏ္သိကၡာက်ဆင္းေအာင္ျပဳလုပ္တယ္ဆိုၿပီး ေထာင္ဒဏ္တစ္ႏွစ္ခြဲက်ခံခဲ့ရတဲ့ ALP ပါတီဗဟိုေကာ္မတီဝင္ ကိုခိုင္မ်ိဳးထြန္းဟာ ဒီကေန႔မနက္ပိုင္းမွာ စစ္ေတြအက်ဥ္းေထာင္ကေန လြတ္ေျမာက္လာခဲ့ၿပီျဖစ္ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ရဲ႕ ဗဟိုေကာ္မတီဝင္ ကိုခိုင္မ်ိဳးထြန္းဟာ ေထာင္ဒဏ္တစ္ႏွစ္ခြဲက်ခံေနရရာကေန ဒီကေန႔ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ မနက္ပိုင္းက ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီ ျဖစ္ပါတယ္။

သူအေနနဲ႔ အခုလိုအက်ဥ္းက်ခံေနခဲ့ရတာဟာ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္အတြင္းက တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကိုင္အဖြဲ႔ AA တို႔ တိုက္ပြဲေတြျဖစ္ပြားခဲ့တဲ့အခ်ိန္မွာ ေဒသခံေတြကို ညွင္းပမ္းႏိွပ္စက္တာေတြ၊ သတ္ျဖတ္တာေတြမလုပ္ဖို႔အတြက္ ALP အေနနဲ႔ ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့တဲ႔အတြက္ ပုဒ္မ ၅၀၅ (ခ)(ဂ)တို႔နဲ႔ ေထာင္ဒဏ္တစ္ႏွစ္ခြဲက်ခံခဲ့ရတာျဖစ္ပါတယ္။

Soundbite – ဦးခိုင္မ်ိဳးထြန္း(ဗဟိုေကာ္မတီ – ALP)

ကိုခိုင္မ်ိဳးထြန္းဟာ ၁၈ လအၾကာအမႈရင္ဆိုင္ေနခဲ့ရၿပီး ေထာင္ဒဏ္တစ္ႏွစ္ခြဲက်ခံေစဖို႔ စစ္ေတြၿမိဳ႕နယ္တရား႐ံုးက အမိန္႔ ခ်မွတ္ခဲ့တာပါ ။ သူအေနနဲ႔ အခုအခါမွာ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီျဖစ္တဲ့အတြက္ အရင္လုပ္ကိုင္ခဲ့တဲ့အဖြဲ႔အစည္း ေတြရဲ႕တာဝန္ေတြကိုပဲ ဆက္လက္လုပ္ကိုင္သြားမွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Soundbite – ဦးခိုင္မ်ိဳးထြန္း (ဗဟိုေကာ္မတီ – ALP)

ဒါ့အျပင္ ကိုခိုင္မ်ိဳးထြန္းဟာ NCA လုပ္ငန္းစဥ္ေတြမွာ ပါဝင္သူတစ္ေယာက္ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို လုပ္ေဆာင္တဲ့အခါမွာ တပ္မေတာ္ေရာ၊ ပါတီေတြေရာ၊ လူမႈအဖြဲ႔အစည္းေတြနဲ႔ တိုင္းရင္းသားအဖြဲ႔အစည္းေတြအၾကားမွာ တစ္ဖက္နဲ႔တစ္ဖက္ကို နားလည္မႈေပးဖို႔လိုအပ္ၿပီး အတိတ္ကအေၾကာင္းအရာေတြကို သင္းပုန္းေခ်ဖို႔လိုအပ္တယ္လို႔ ေျပာၾကားထားပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တယ်ဆိုပြီး ထောင်ဒဏ်တစ်နှစ်ခွဲကျခံခဲ့ရတဲ့ ALP ပါတီဗဟိုကော်မတီဝင် ကိုခိုင်မျိုးထွန်းဟာ ဒီကနေ့မနက်ပိုင်းမှာ စစ်တွေအကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် ကိုခိုင်မျိုးထွန်းဟာ ထောင်ဒဏ်တစ်နှစ်ခွဲကျခံနေရရာကနေ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

သူအနေနဲ့ အခုလိုအကျဉ်းကျခံနေခဲ့ရတာဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းက တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အချိန်မှာ ဒေသခံတွေကို ညှင်းပမ်းနှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေမလုပ်ဖို့အတွက် ALP အနေနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ (ခ)(ဂ)တို့နဲ့ ထောင်ဒဏ်တစ်နှစ်ခွဲကျခံခဲ့ရတာဖြစ်ပါတယ်။

Soundbite – ဦးခိုင်မျိုးထွန်း(ဗဟိုကော်မတီ – ALP)

ကိုခိုင်မျိုးထွန်းဟာ ၁၈ လအကြာအမှုရင်ဆိုင်နေခဲ့ရပြီး ထောင်ဒဏ်တစ်နှစ်ခွဲကျခံစေဖို့ စစ်တွေမြို့နယ်တရားရုံးက အမိန့် ချမှတ်ခဲ့တာပါ ။ သူအနေနဲ့ အခုအခါမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်တဲ့အတွက် အရင်လုပ်ကိုင်ခဲ့တဲ့အဖွဲ့အစည်း တွေရဲ့တာဝန်တွေကိုပဲ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Soundbite – ဦးခိုင်မျိုးထွန်း (ဗဟိုကော်မတီ – ALP)

ဒါ့အပြင် ကိုခိုင်မျိုးထွန်းဟာ NCA လုပ်ငန်းစဉ်တွေမှာ ပါဝင်သူတစ်ယောက်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်တဲ့အခါမှာ တပ်မတော်ရော၊ ပါတီတွေရော၊ လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြားမှာ တစ်ဖက်နဲ့တစ်ဖက်ကို နားလည်မှုပေးဖို့လိုအပ်ပြီး အတိတ်ကအကြောင်းအရာတွေကို သင်းပုန်းချေဖို့လိုအပ်တယ်လို့ ပြောကြားထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)