ပုသိမ္ေငြေဆာင္ကားလမ္းေဘး ေျမယာအျငင္းပြားမႈ ေတာင္သူေတြသတင္းစာရွင္း (႐ုပ္/သံ)

0
902

ပုသိမ္ – ေငြေဆာင္ ကားလမ္းေဘးက ေျမယာအျငင္းပြားနဲ႔ပါတ္သက္ျပီး တရားစြဲဆိုခံရတဲ ႔ေဒသခံေတာင္သူေတြစုေပါင္းၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ႔ပါတယ္။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီကေပးပိုထားပါတယ္ ။

ဧရာဝတီတိုင္းေဒသႀကီး ေငြေဆာင္ျမိဳ႕နယ္ သဇင္ေက်းရြာအနီး ယုဇနကုမၸဏီက သိမ္းဆည္းထားတဲ႔ ေျမဧက ၁၆၀၀ေက်ာ္ကို အသံုးမျပဳပဲထားတာေၾကာင့္ ေဒသခံေတြကျပန္လည္ေတာင္းခံတာကို ကုမၸဏီဘက္က ျပစ္မႈအမ်ိဳးမ်ိဳးနဲ႔ တရားစြဲဆိုတာေတြရွိေနတဲ႔အတြက္ ေဒသခံေတြစုေပါင္းျပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔ၾကတာပါ။

အဲ႔ဒီေျမေနရာေတြဟာ ကုမၸဏီက ေလ်ာ္ေၾကးတစ္စံုတစ္ရာမေပးဘဲ သိမ္းဆည္းထားတာျဖစ္ျပီး အသံုးမျပဳပဲထားတဲ ႔ေျမေတြကို ျပန္လည္စြန္႔လႊတ္ေပးဖို႔ ေဒသခံေတြက ေတာင္းဆိုတာကို တရားစြဲဆိုခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

Soundbite – ဦးျမဝင္း (သဇင္ေက်းရြာ)

လက္ရွိအျငင္းပြားေနတဲ႔ ေျမေနရာေတြဟာ ၂၀၀၀ ခုႏွစ္ေလာက္က ပုဇြန္ကန္အျဖစ္ ယုဇနကုမၸဏီက သိမ္းယူခဲ႔တာျဖစ္ျပီး စီမံကိန္းရပ္စဲထားတာ ၁၀ ႏွစ္ေက်ာ္ၾကာျမင့္ေနျပီျဖစ္ပါတယ္ ။ အဲ႔ဒီအတြက္ေဒသခံေတြက သက္ဆိုင္င္ရာကို ေျမေတြစြန္႔လြတ္ေပးဖို႔ တရားဝင္တင္ျပေတာင္းခံထားေပမယ္႔ တာ၀န္ရွိသူေတြက လက္ရွိအခ်ိန္အထိ ေျဖရွင္းေပးတာ မရွိေသးတာပါ ။

Soundbite – ဦးျမင့္ေအာင္( နစ္နာသူေတာင္သူတစ္ဦး)

အဲ႔ဒီအျငင္းပြားေျမေနရာေတြကို ခုအခါ ကုမၸဏီအေနနဲ႔ ေျမတူးစက္ေတြနဲ႔ ျပန္လည္တူးေဖာ္ျပီး ေျမျပင္တာေတြကို လုပ္ေဆာင္ေနပါတယ္။ ေျမယာအျငင္းပြားမႈနဲ႔ပါတ္သက္လို႔ ကုမၸဏီက ေဒသခံ ၁၃ ေယာက္ကို တရားစြဲဆိုထားပါတယ္။ အဲဒီေျမယာကိစၥပတ္သက္ၿပီး ယုဇနကုမၸဏီရဲ႕ တာ၀န္ရွိသူကို ဆက္သြယ္ခဲ႔ေပမယ္္႔ ခရီးသြားေနတာေၾကာင့္ ျပန္လည္ေျဖၾကားဖို႔ မျဖစ္နိင္ေသးေၾကာင္း ေျပာပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုသိမ် – ငွေဆောင် ကားလမ်းဘေးက မြေယာအငြင်းပွားနဲ့ပါတ်သက်ပြီး တရားစွဲဆိုခံရတဲ ့ဒေသခံတောင်သူတွေစုပေါင်းပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပိုထားပါတယ် ။

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ် သဇင်ကျေးရွာအနီး ယုဇနကုမ္ပဏီက သိမ်းဆည်းထားတဲ့ မြေဧက ၁၆၀ဝကျော်ကို အသုံးမပြုပဲထားတာကြောင့် ဒေသခံတွေကပြန်လည်တောင်းခံတာကို ကုမ္ပဏီဘက်က ပြစ်မှုအမျိုးမျိုးနဲ့ တရားစွဲဆိုတာတွေရှိနေတဲ့အတွက် ဒေသခံတွေစုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။

အဲ့ဒီမြေနေရာတွေဟာ ကုမ္ပဏီက လျော်ကြေးတစ်စုံတစ်ရာမပေးဘဲ သိမ်းဆည်းထားတာဖြစ်ပြီး အသုံးမပြုပဲထားတဲ ့မြေတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ ဒေသခံတွေက တောင်းဆိုတာကို တရားစွဲဆိုခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Soundbite – ဦးမြဝင်း (သဇင်ကျေးရွာ)

လက်ရှိအငြင်းပွားနေတဲ့ မြေနေရာတွေဟာ ၂၀ဝ၀ ခုနှစ်လောက်က ပုဇွန်ကန်အဖြစ် ယုဇနကုမ္ပဏီက သိမ်းယူခဲ့တာဖြစ်ပြီး စီမံကိန်းရပ်စဲထားတာ ၁၀ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပါတယ် ။ အဲ့ဒီအတွက်ဒေသခံတွေက သက်ဆိုင်င်ရာကို မြေတွေစွန့်လွတ်ပေးဖို့ တရားဝင်တင်ပြတောင်းခံထားပေမယ့် တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ ဖြေရှင်းပေးတာ မရှိသေးတာပါ ။

Soundbite – ဦးမြင့်အောင်( နစ်နာသူတောင်သူတစ်ဦး)

အဲ့ဒီအငြင်းပွားမြေနေရာတွေကို ခုအခါ ကုမ္ပဏီအနေနဲ့ မြေတူးစက်တွေနဲ့ ပြန်လည်တူးဖော်ပြီး မြေပြင်တာတွေကို လုပ်ဆောင်နေပါတယ်။ မြေယာအငြင်းပွားမှုနဲ့ပါတ်သက်လို့ ကုမ္ပဏီက ဒေသခံ ၁၃ ယောက်ကို တရားစွဲဆိုထားပါတယ်။ အဲဒီမြေယာကိစ္စပတ်သက်ပြီး ယုဇနကုမ္ပဏီရဲ့ တာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ခရီးသွားနေတာကြောင့် ပြန်လည်ဖြေကြားဖို့ မဖြစ်နိင်သေးကြောင်း ပြောပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)