ဗိုလ္ခ်ဳပ္လုပ္ၾကံသူ ေဖာ္ေကာင္ဘညႊန္႔ ေသဒဏ္မက်သလို ျကည္လင္းကို ေသဒဏ္မေပးသင့္ဟုဆို(႐ုပ္/သံ)

0
462

ဗိုလ္ခ်ဳပ္ကို လုပ္ၾကံရာမွာပါတဲ႔ ဦးဘညႊန္ ေဖာ္ေကာင္လုပ္တဲ႔အတြက္ ေသဒဏ္မက်သလို႔ ၾကည္လင္းကိုလည္း ေသဒဏ္မေပးသင့္ေၾကာင္း သူမိသားစု၀င္ေတြကေျပာဆိုလိုက္ပါတယ္။ ဒီသတင္းကို MCN မံုရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားျပီး ေမာင္ထက္ကတင္ဆက္ေပးထားပါတယ္ ။

ေျမာက္ပိုင္းခရုိင္တရားရုံးမွာ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကို လုပ္ၾကံသက္ျဖတ္ခံရမႈမွာ ပါ၀င္သူေတြကို စစ္ေဆးေနတာျဖစ္ျပီး အမႈတစ္နွစ္ေက်ာ္အၾကာမွာ ေသဒဏ္ခ်မွတ္နိုင္တဲ႔ ပုဒ္မ (၃၀၂)နဲ႔ တရားရုံးက စတင္ စြဲခ်က္တင္ခဲ့တာျဖစ္ပါတယ္။

အခုလို တရားရုံးက ဦးၾကည္လင္းကို ပုဒ္မ (၃၀၂)နဲ႔ စြဲခ်က္တင္ စစ္ေဆးေနတာကို သူမိသားစု၀င္ေတြက ဒီအမႈမွာၾကည္လင္းအေနနဲ႔ သူတစ္ပါးခိုင္းေစမႈေၾကာင္ ႔ျပဳလုပ္ရတာျဖစ္ေၾကာင္း ထြက္ဆိုထားတာေၾကာင့္ ေသဒဏ္ပုဒ္မနဲ႔ စြဲခ်က္မတင္သင္႔ဘူးလို႕ေျပာပါတယ္။

Soundbite – ဦးညႊန္႔ထြန္း (ဦးၾကည္လင္း အကိုေတာ္စပ္သူ)

ဒါအျပင္ ဦးၾကည္လင္းဟာ ဦးေအာင္၀င္းခိုင္ဆိုသူရဲ႕ ေစခိုင္းခ်က္အရ ဦးကိုနီကို သတ္ျဖတ္ခဲ႔တာျဖစ္ျပီး ဒီအမႈမွာပါ၀င္သူေတြကို ေဖာ္ထုတ္ေပးထားတာေၾကာင့္ ျပစ္ဒဏ္ကိုေလ်ာ႔ေပါ႔ ေပးေစလိုေနတာပါ ။

Soundbite – ၾကည္လင္း၏ မိခင္

ဦးၾကည္လင္းရဲ႔ မိသားစု၀င္ေတြဟာ စစ္ကိုင္းတိုင္းေဒသၾကီး မံုရြာခရုိင္ စိုင္းလ်ားေက်းရြာမွာေနထိုင္ၾကတာျဖစ္ျပီး သူ႔ရဲ႕မိသားစု၀င္ေတြအေနနဲ႔ ေသဒဏ္ထက္က်ခံရမွာထက္စာရင္ ေထာင္ဒဏ္မွ် ၾကခံရဖို႔ကို ေမ်ွာ္လင့္ေနၾကတာျဖစ္ပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်ချုပ်ကို လုပ်ကြံရာမှာပါတဲ့ ဦးဘညွှန် ဖော်ကောင်လုပ်တဲ့အတွက် သေဒဏ်မကျသလို့ ကြည်လင်းကိုလည်း သေဒဏ်မပေးသင့်ကြောင်း သူမိသားစုဝင်တွေကပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး မောင်ထက်ကတင်ဆက်ပေးထားပါတယ် ။

မြောက်ပိုင်းခရိုင်တရားရုံးမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသက်ဖြတ်ခံရမှုမှာ ပါဝင်သူတွေကို စစ်ဆေးနေတာဖြစ်ပြီး အမှုတစ်နှစ်ကျော်အကြာမှာ သေဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မ (၃၀၂)နဲ့ တရားရုံးက စတင် စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

အခုလို တရားရုံးက ဦးကြည်လင်းကို ပုဒ်မ (၃၀၂)နဲ့ စွဲချက်တင် စစ်ဆေးနေတာကို သူမိသားစုဝင်တွေက ဒီအမှုမှာကြည်လင်းအနေနဲ့ သူတစ်ပါးခိုင်းစေမှုကြောင် ့ပြုလုပ်ရတာဖြစ်ကြောင်း ထွက်ဆိုထားတာကြောင့် သေဒဏ်ပုဒ်မနဲ့ စွဲချက်မတင်သင့်ဘူးလို့ပြောပါတယ်။

Soundbite – ဦးညွှန့်ထွန်း (ဦးကြည်လင်း အကိုတော်စပ်သူ)

ဒါအပြင် ဦးကြည်လင်းဟာ ဦးအောင်ဝင်းခိုင်ဆိုသူရဲ့ စေခိုင်းချက်အရ ဦးကိုနီကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဒီအမှုမှာပါဝင်သူတွေကို ဖော်ထုတ်ပေးထားတာကြောင့် ပြစ်ဒဏ်ကိုလျော့ပေါ့ ပေးစေလိုနေတာပါ ။

Soundbite – ကြည်လင်း၏ မိခင်

ဦးကြည်လင်းရဲ့ မိသားစုဝင်တွေဟာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စိုင်းလျားကျေးရွာမှာနေထိုင်ကြတာဖြစ်ပြီး သူ့ရဲ့မိသားစုဝင်တွေအနေနဲ့ သေဒဏ်ထက်ကျခံရမှာထက်စာရင် ထောင်ဒဏ်မျှ ကြခံရဖို့ကို မျှော်လင့်နေကြတာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)