ဧရာ၀တီတိုင္းေဒသၾကီးမွာ ပထမဆံုးအၾကိမ္အျဖစ္ ခ်င္းအမ်ိဳးသားေန႔ကို က်င္းပ (႐ုပ္/သံ)

0
907

ဧရာ၀တီတိုင္းေဒသၾကီးမွာ ပထမဆံုးအၾကိမ္အျဖစ္ ခ်င္းအမ်ိဳးသားေန႔ကို က်င္းပခဲ႔ပါတယ္။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီကေပးပို႔ထားပါတယ္ ။

ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ က်ေရာက္တဲ႔ ႏွစ္ ၇၀ ျပည့္ ခ်င္းအမ်ိဳးသားေန႔ အခမ္းအနားကို ပထမဆံုးအၾကိမ္အျဖစ္ ဧရာ၀တီတိုင္းေဒသၾကီး ပုသိမ္ျမိဳမွာျပဳလုပ္ခဲ႔ပါတယ္။ အခုလို ခ်င္းအမ်ိဳးသားေန႔ကို က်င္းပရတာက နိင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႕ရည္ရြယ္ခ်က္ျဖစ္တဲ႔ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု အေကာင္အထည္ေဖာ္တဲ႔ေနရာမွာ အေထာက္အကူျပဳနိုင္ဖို႔ ရည္ရြယ္တာျဖစ္ပါတယ္။

Soundbite – ဦးေသာ္ဇင္ဝင္း ဥကၠ႒ တိုင္းရင္းသားလူမ်ိဳးမ်ားအေရးဆိုင္ရာ ေကာ္မတီ

ဒါ့အျပင္ လက္ရွိျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ကြဲလြဲမႈေတြရွိေနတာဟာ နိင္ငံေရးလို႔မျမင္မိဘဲ စီးပြားေရးသေဘာတရားေတြေၾကာင့္ ၾကာရွည္ေနရတာျဖစ္တယ္လို႔ တက္ေရာက္ခဲ႔တဲ႔ ခ်င္းအမ်ိဳးသာားတစ္ဦးက သူ႔ရဲ႔အျမင္ကိုေျပာပါတယ္ ။

Soundbite – ဆလိုင္းေႏြ(မင္းတပ္)

တိုင္းရင္းသားေတြအေနနဲ႔ ျပည္မကလူမ်ိဳးေတြ အခြင့္ထူးခံစားေနတယ္လို႔ ျမင္ေနတာေတြဟာ ေတြ႕ဆံုေဆြးေႏြးပြဲေတြ မ်ားမ်ားလုပ္လာတာနဲ႔အမ်ွ တိုင္းရင္းသားေတြဘက္ကလည္း တစ္ေျဖေျဖးနားလည္ လက္ခံလာၾကတယ္လို႔ လူ႔အခြင့္အေရးလူပ္ရွားသူေတြကေျပာပါတယ္။

Soundbite – ဦးထြန္းထြန္း (လူ႔အခြင့္အေရးခ်စ္ျမတ္ႏိုးသူမ်ားကြန္ယက္)

ခ်င္းအမ်ိဳးသားေန႔အခမ္းအနားကို ပုသိမ္ျမိဳ႕ေတာ္ခန္းမမွာ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က ၂၀ ရက္ေန႔ထိ က်င္းပခဲ႔ၿပီး ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ၀န္ႀကီးေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအပါအ၀င္ ခ်င္းတိုင္းရင္းသားေတြ တက္ေရာက္ခဲ႔ၾကပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဧရာဝတီတိုင်းဒေသကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ချင်းအမျိုးသားနေ့ကို ကျင်းပခဲ့ပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ် ။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြိုမှာပြုလုပ်ခဲ့ပါတယ်။ အခုလို ချင်းအမျိုးသားနေ့ကို ကျင်းပရတာက နိင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ ့ရည်ရွယ်ချက်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အကောင်အထည်ဖော်တဲ့နေရာမှာ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

Soundbite – ဦးသော်ဇင်ဝင်း ဥက္ကဋ္ဌ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ

ဒါ့အပြင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကွဲလွဲမှုတွေရှိနေတာဟာ နိင်ငံရေးလို့မမြင်မိဘဲ စီးပွားရေးသဘောတရားတွေကြောင့် ကြာရှည်နေရတာဖြစ်တယ်လို့ တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားတစ်ဦးက သူ့ရဲ့အမြင်ကိုပြောပါတယ် ။

Soundbite – ဆလိုင်းနွေ(မင်းတပ်)

တိုင်းရင်းသားတွေအနေနဲ့ ပြည်မကလူမျိုးတွေ အခွင့်ထူးခံစားနေတယ်လို့ မြင်နေတာတွေဟာ တွေ့ဆုံဆွေးနွေးပွဲတွေ များများလုပ်လာတာနဲ့အမျှ တိုင်းရင်းသားတွေဘက်ကလည်း တစ်ဖြေဖြေးနားလည် လက်ခံလာကြတယ်လို့ လူ့အခွင့်အရေးလူပ်ရှားသူတွေကပြောပါတယ်။

Soundbite – ဦးထွန်းထွန်း (လူ့အခွင့်အရေးချစ်မြတ်နိုးသူများကွန်ယက်)

ချင်းအမျိုးသားနေ့အခမ်းအနားကို ပုသိမ်မြို့တော်ခန်းမမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ၂၀ ရက်နေ့ထိ ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ချင်းတိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)