မောင်းတောမြို့နယ်မှာ လူသေ အလောင်း ၃ လောင်း ထပ်မံ တူဖော်တွေ့ရှိ

0
334

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်ရှိ ပဒကားကျေးရွာသစ်အနီးမှာ လူသေ အလောင်း ၃ လောင်းကို ဇန်န၀ါရီလ ၂၁ ရက်နေ့ နေ့ခင်းပိုင်းက တူးဖော်တွေ့ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ သေဆုံးသူ ၃ ဦးမှာ ဇန်နဝါရီ ၂၀ ရက်နေ့ ညနေပိုင်းက ပျောက်ဆုံးနေကြောင်း လူပျောက် သတင်းပေးပို့ တိုင်ကြားထားထားတဲ့ မာမတ်ရှော်ဖီး ၃၀ နှစ်၊ စွန်တာအာမတ် ၇၀ နှစ်နဲ့ မာမတ်စူပိုင် ၂၂ နှစ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၃ ဦးကို ထပ်လျက် မြှုပ်နှံထားတာဖြစ်ပြီး စွန်တာအာမတ် (၇၀) နှစ်မှာ ဦးခေါင်း ငယ်ထိပ်ကွဲ၊ ယာ နားပေါက်ပြဲ၊ နှာခေါင်းဖူးရောင်သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရပြီး မာမတ်ရှော်ဖီး (၃၀) နှစ် မှာလည်း ဦးခေါင်းငယ်ထိပ် ဖူးရောင်၊ နှာခေါင်းကွဲအက်၊ မျက်လုံးနှစ်ဖက် ဖူးရောင်ညိုမဲဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတဲ့အပြင် မာမတ်စူပိုင် (၂၂) နှစ်ကိုလည်း ဦးခေါင်းထိပ်ကွဲအက်၊ မျက်နှာ/ပါးစပ် ဖူးရောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ တူးဖော်ရရှိထားတဲ့ သေဆုံးသူတွေရဲ့ ရုပ် အလောင်းတွေကို မောင်တောပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး မောင်တောမြို့နယ်၊ ကြိမ်ချောင်းရဲစခန်းက ပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်ပြီး ဆက်လက် စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)