သီပေါမြို့နယ်၊ မန်လွယ်ကျေးရွာမှာ မိုင်း ပေါက်ကွဲမှုကြောင့် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

0
322

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ အနောက်မြောက်ဘက်ရှိ မန်လွယ်ကျေးရွာမှာ ဇန်န၀ါရီလ ၂၁ ရက်နေ့က လက်ဖက်ခြံ ရှင်းလင်းနေစဉ် ဒေသမိုင်း တစ်လုံးပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနန်းအေးဦး (၂၀) နှစ်၊ မနန်းအေးနောင့် (၁၅) နှစ်နှင့် မနန်းဆိုင်ဟွမ် (၁၃) နှစ် တို့ဟာ သူတို့ပိုင်ဆိုင်တဲ့ လက်ဖက်ခြံကို ရှင်းလင်းနေစဉ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် သူတို့ ၃ ဦးမှာ ကျောပြင်/ ဝဲခြေထောက် / လက်မောင်း/ ယာနံစောင်း တွေမှာ ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီထဲက မနန်းအေးဦး (၂၀) နှစ်ဟာ ထိခိုက် ဒဏ်ရာပြင်းထန်တာကြောင့် သီပေါဆေးရုံမှာ သေဆုံးသွားခဲ့ပြီး မနန်းအေးနောင့် အသက် (၁၅) ကိုလည်း လားရှိုးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ဆေးဝါးကုသပေးနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)