အမြန်လမ်းမကြီးပေါ် တစ်ရက်တည်း ယာဉ်တိုက်မှု သုံးကြိမ်ဖြစ်

0
309

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့တစ်ရက်တည်းအတင်း ယာဉ်တိမ်းမှောက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။

car

ယာဉ်တိုက်မှုဖြစ်စဉ်တွေဟာ ဒီဇင်ဘာ ၁၉ ရက် နံနက် ၇ နာရီ ၅၅ မိနစ်၊ ၈ နာရီ မိနစ် ၅၀ နဲ့ ၉ နာရီတို့မှာ ဖြစ်ပွားခဲ့တာပါ။

car2

car3

နံနက် ၇ နာရီ ၅၅ မိနစ်မှာ အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၆၈၀/၀ နဲ့ ၆၈၀/၁ ကြားမှာ နေပြည်တော်ကနေ ရန်ကုန်ကို မောင်းလာတဲ့ Hyundai Starex ယာဉ် ညာဘက်နောက်ဘီးပေါက်ကာ လမ်းလယ်ကပ်တုံးကို ဝင်တိုက်မိလို့ အရှိန်လွန်တိမ်းမှောက်ပြီး ကျပ် ၁၀ သိန်းဖိုး ထိခိုက်ဆုံးရှုံးခဲ့ပါတယ်။

အဲဒီနောက် ၈ နာရီ မိနစ် ၅၀ မှာ မိုင်တိုင်အမှတ် ၆၅/၁ နဲ့ ၆၅/၂ ကြားမှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ကို မောင်းလာတဲ့ Hijet ယာဉ် တိမ်းမှောက်ခဲ့တာကြောင့် စီးနင်းလိုက်ပါလာသူ ၁၂ ဦးထဲက အမျိုးသား လေးဦးနဲ့ အမျိုးသမီး သုံးဦးတို့ ထိခိုက်ဒဏ်ရာတွေ ရရှိတဲ့အပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငါးသိန်းခန့် ရှိပါတယ်။

ဒါ့အပြင် နံနက် ၉ နာရီအချိန်မှာလည်း ရေတာရှည်မြို့နယ် သာဂရအမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင် ၁၈၄/၅ နဲ့ ၁၈၄/၆ တို့အကြားမှာ ရန်ကုန်ကနေ နေပြည်တော်ကို မောင်းလာတဲ့ Toyota Wish ကား ရှေ့ဘီးပေါက်ပြီး အရှိန်လွန်တိမ်းမှောက်ခဲ့တဲ့အတွက် ယာဉ်ပေါ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၀ သိန်းခန့် ရှိခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေက ယာဉ်မဆင်မခြင်မောင်းနှင်သူတွေို့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)