ကမာၻလွည့္ခရီးသြား ၀င္ေရာက္မႈ နည္းတာေၾကာင့္ ျမင္းလွည္းသမားေတြ အခက္ႀကံဳ (႐ုပ္/သံ)

0
273

ကမၻာလွည့္ခရီးသြား နည္းပါးေနတဲ႔အတြက္ အင္းဝေဒသက ျမင္းလွည္းသမားေတြ အဆင္မေျပ ျဖစ္ေနပါတယ္။ ဒီသတင္းကိုေတာ့ MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

ကမၻာလွည့္ခရီးသြားဝင္ေရာက္မႈ နည္းပါးေနတဲ႔အတြက္ အင္းဝေဒသက ျမင္းလွည္းသမားေတြမွာ အခက္အခဲေတြၾကံဳေတြ႕ေနရၿပီး အဆင္မေျပ ျဖစ္ေနတာပါ။ ကမၻာလွည့္ ခရီးသြားဝင္ေရာက္မႈမွာ ၿပီးခဲ႔ႏွစ္ အခုလိုအခ်ိန္ေတြနဲ႔ ႏိႈင္းယွဥ္ရင္ သိသိသာသာ က်ဆင္းေနတဲ႔အတြက္ ျမင္းလွည္းသမား အမ်ားစုမွာ ျပည္တြင္းခရီးသြားေတြကိုပဲ အားကိုးေနရတာျဖစ္ပါတယ္။

Soundbite ဦးထြန္းသိန္း (ဥကၠ႒)
အင္းဝၿမိဳ႕ ျမင္းလွည္းအသင္း

ျမင္းလွည္းသမားေတြအေနနဲ႔ ျပည္တြင္းခရီးသြားေတြ အဓိကလာေရာက္ေလ့ရွိတဲ႔ မယ္ႏုအုတ္ေက်ာင္းနဲ႔ ထီးလႈိင္ရွင္ ဘုရားအနီးမွာ ျမင္းလွည္းစီးမယ့္သူေတြကို ရွာေဖြေနၾကတာပါ။ ျမင္းလွည္းစီးနင္းသူ နည္းပါးေနတဲ႔အတြက္ စားဝတ္ေနေရးအခက္အခဲေတြၾကံဳေတြေနၾကၿပီး ကမၻာလွည့္ ခရီးသြားေတြ ပိုမိုဝင္ေရာက္လာဖို႔ ေမွ်ာ္လင့္ေနၾကတာပါ။

အင္တာဗ်ဴး ေဟမီဝိုင္း (ျမင္းလွည္းသမား)
အင္းဝၿမိဳ႕

ျမင္းလွည္းသမားေတြအေနနဲ႔ အင္းဝပတ္ဝန္းက်င္က အထင္ကရေနရာကို ပို႔ေဆာင္ေပးေလ့ရွိၿပီး ကမၻာလွည့္ခရီးသြားေတြကို အဓိက အားထားေနရျဖစ္ပါတယ္။ အင္းဝၿမိဳ႕မွာ ျမင္းလွည္း စုစုေပါင္း ႏွစ္ရာေက်ာ္ရွိေနၿပီး အမ်ားစုမွာ စားဝတ္ေနေရး အခက္အခဲေတြ ရွိေနၾကတာပဲ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု နည်းတာကြောင့် မြင်းလှည်းသမားတွေ အခက်ကြုံ

ကမ္ဘာလှည့်ခရီးသွား နည်းပါးနေတဲ့အတွက် အင်းဝဒေသက မြင်းလှည်းသမားတွေ အဆင်မပြေ ဖြစ်နေပါတယ်။ ဒီသတင်းကိုတော့ MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု နည်းပါးနေတဲ့အတွက် အင်းဝဒေသက မြင်းလှည်းသမားတွေမှာ အခက်အခဲတွေကြုံတွေ့နေရပြီး အဆင်မပြေ ဖြစ်နေတာပါ။ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုမှာ ပြီးခဲ့နှစ် အခုလိုအချိန်တွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကျဆင်းနေတဲ့အတွက် မြင်းလှည်းသမား အများစုမှာ ပြည်တွင်းခရီးသွားတွေကိုပဲ အားကိုးနေရတာဖြစ်ပါတယ်။

Soundbite ဦးထွန်းသိန်း ( ဥက္ကဋ္ဌ)
အင်းဝမြို့ မြင်းလှည်းအသင်း

မြင်းလှည်းသမားတွေအနေနဲ့ ပြည်တွင်းခရီးသွားတွေ အဓိကလာရောက်လေ့ရှိတဲ့ မယ်နုအုတ်ကျောင်းနဲ့ ထီးလှိုင်ရှင် ဘုရားအနီးမှာ မြင်းလှည်းစီးမယ့်သူတွေကို ရှာဖွေနေကြတာပါ။ မြင်းလှည်းစီးနင်းသူ နည်းပါးနေတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေကြုံတွေနေကြပြီး ကမ္ဘာလှည့် ခရီးသွားတွေ ပိုမိုဝင်ရောက်လာဖို့ မျှော်လင့်နေကြတာပါ။

အင်တာဗျူး ဟေမီဝိုင်း (မြင်းလှည်းသမား)
အင်းဝမြို့

မြင်းလှည်းသမားတွေအနေနဲ့ အင်းဝပတ်ဝန်းကျင်က အထင်ကရနေရာကို ပို့ဆောင်ပေးလေ့ရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေကို အဓိက အားထားနေရဖြစ်ပါတယ်။ အင်းဝမြို့မှာ မြင်းလှည်း စုစုပေါင်း နှစ်ရာကျော်ရှိနေပြီး အများစုမှာ စားဝတ်နေရေး အခက်အခဲတွေ ရှိနေကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)