ရခုိင္ျပည္နယ္က မသန္စြမ္း ၉၀၀၀ ေက်ာ္အတြက္ ေငြက်ပ္သိန္းေပါင္း၂၈၀၀ ေထာက္ပံ့ (႐ုပ္/သံ)

0
238

ရခိုင္ျပည္နယ္အတြင္းက မသန္စြမ္းသူဦးေရ ၉၀၀၀ ေက်ာ္တို႔အတြက္ ေငြက်ပ္သိန္းေပါင္း ၂၈၀၀ ေက်ာ္ေထာက္ပံ့ေပးခဲ့ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္သတင္းေထာက္ မင္းမ်ဳိးႏြယ္က ေပးပို႔ထားပါတယ္။

လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနကေန ရခိုင္ျပည္နယ္အတြင္းမွာရွိေနတဲ့ မသန္စြမ္းသူ ၉၀၀၀ ေက်ာ္တုိ႔အတြက္ ေငြက်ပ္သိန္းေပါင္း ၂၈၀၀ ေက်ာ္ကို ဒီကေန႔မနက္ပိုင္းက စစ္ေတြၿမိဳ႕မွာ ေထာက္ပံ့ေပးအပ္ခဲ့ပါတယ္။

အခုလိုမ်ိဳး မသန္စြမ္းသူေတြကို ေထာက္ပံ့ကူညီေပးအပ္မႈေတြ ျပဳလုပ္ရတာဟာ လူမႈစီပြားဘဝ ဖြံ႔ၿဖိဳးတိုးတက္မႈလုပ္ငန္းစဥ္ေတြထဲက ေထာက္ပံ့ေပးအပ္တာျဖစ္ၿပီး အခုလိုမ်ိဳး ေထာက္ပံ့မႈေတြရွိေနမွ စြမ္းေဆာင္ရည္ေတြ ျမင့္မားလာမွာျဖစ္တယ္လို႔ ေဒါက္တာဝင္းျမတ္ေအးက ေျပာပါတယ္။

Sound bite- ေဒါက္တာဝင္းျမတ္ေအး (ျပည္ေထာင္စုဝန္ႀကီး)
လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန

အခု ေထာက္ပံ့ေငြေပးအပ္တဲ့ မသန္စြမ္းသူေတြထဲမွာ အျမင္အာ႐ုံမသန္စြမ္းသူ၊ အၾကားအာ႐ုံမသန္စြမ္းသူ၊ ကိုယ္ခႏၶာ မသန္စြမ္းသူေတြနဲ႔ ဦးေႏွာက္မသန္စြမ္းသူေတြ ပါဝင္ေနတာျဖစ္ပါတယ္။ ရခုိင္ျပည္နယ္ဟာ ပင္လယ္ကမ္း႐ုိးတန္းေဒသျဖစ္တာေၾကာင့္ ဆားေငြ႔ေတြနဲ႔ ခရမ္းလြန္ေရာင္ျခည္ေတြနဲ႔ ထိေတြ႕ေနရတာ ေၾကာင့္ အျမင္အာ႐ုံမသန္စြမ္းသူေတြ တျခားေဒသေတြမွာထက္ မ်ားျပားေနတယ္လို႔ ေျပာပါတယ္။

Sound bite- ေဒါက္တာခ်မ္းသာ (လူမႈေရးဝန္ႀကီး)
ရခိုင္ျပည္နယ္အစိုးရအဖြဲ႔

အဲဒီ မသန္စြမ္းသူ ၉၄၂၁ ဦးတုိ႔အတြက္ တစ္ဦးလ်င္ က်ပ္ ၃၀၀၀၀ ႏႈန္းနဲ႔ ေငြက်ပ္သိန္းေပါင္း (၂၈၂၆၃၀၀၀၀) က်ပ္ကို ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ကေနတဆင့္ ေထာက္ပံ့ေပးအပ္ခဲ့တာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်က မသန်စွမ်း ၉၀ဝ၀ ကျော်အတွက် ငွေကျပ်သိန်းပေါင်း၂၈၀ဝ ထောက်ပံ့

ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းသူဦးရေ ၉၀ဝ၀ ကျော်တို့အတွက် ငွေကျပ်သိန်းပေါင်း ၂၈၀ဝ ကျော်ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ်သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ မသန်စွမ်းသူ ၉၀ဝ၀ ကျော်တို့အတွက် ငွေကျပ်သိန်းပေါင်း ၂၈၀ဝ ကျော်ကို ဒီကနေ့မနက်ပိုင်းက စစ်တွေမြို့မှာ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

အခုလိုမျိုး မသန်စွမ်းသူတွေကို ထောက်ပံ့ကူညီပေးအပ်မှုတွေ ပြုလုပ်ရတာဟာ လူမှုစီပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေထဲက ထောက်ပံ့ပေးအပ်တာဖြစ်ပြီး အခုလိုမျိုး ထောက်ပံ့မှုတွေရှိနေမှ စွမ်းဆောင်ရည်တွေ မြင့်မားလာမှာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

Sound bite- ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အခု ထောက်ပံ့ငွေပေးအပ်တဲ့ မသန်စွမ်းသူတွေထဲမှာ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ကိုယ်ခန္ဓာ မသန်စွမ်းသူတွေနဲ့ ဦးနှောက်မသန်စွမ်းသူတွေ ပါဝင်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် ဆားငွေ့တွေနဲ့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့နေရတာ ကြောင့် အမြင်အာရုံမသန်စွမ်းသူတွေ တခြားဒေသတွေမှာထက် များပြားနေတယ်လို့ ပြောပါတယ်။

Sound bite- ဒေါက်တာချမ်းသာ (လူမှုရေးဝန်ကြီး)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

အဲဒီ မသန်စွမ်းသူ ၉၄၂၁ ဦးတို့အတွက် တစ်ဦးလျင် ကျပ် ၃၀ဝ၀ဝ နှုန်းနဲ့ ငွေကျပ်သိန်းပေါင်း (၂၈၂၆၃၀ဝ၀ဝ) ကျပ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေတဆင့် ထောက်ပံ့ပေးအပ်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)