တလိုင်းကျကျေးရွာက တောင်သူတွေ စိုက်ပျိုးရေ ရရှိဖို့ လိုအပ်နေ

0
129

စိုက်ပျိုးရေးသီးနှံတွေ အောင်မြင်အောင် စိုက်ပျိုးရေရရှိဖို့ လိုအပ်နေတယ်လို့ တလိုင်းကျကျေးရွာ တောင်သူတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ တလိုင်းကျကျေးရွာမှာ စိုက်ပျိုးဧက ၅၀၀ ရှိပြီး၊ စပါး၊ ပဲ၊ ပြောင်း၊ ဝါ ကို အဓိက စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။
အဲဒီ တလိုင်းကျကျေးရွာရဲ့ စိုက်ပျိုးမြေတွေက ကျောက်သားမြေတွေ အများအပြားဖြစ်နေပြီး၊ စိုက်ပျိုးရာမှာလည်း မိုးရေကိုသာ အဓိကထား စိုက်ပျိုးနေကြရတဲ့အတွက် သီးနှံအထွက်နှုန်း လျှော့နည်းလာတာကြောင့် စိုက်ပျိုးရေရရှိဖို့ တောင်သူတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

Soundbite ဦးမြင့်ဆွေ (တောင်သူ) တလိုင်းကျကျေးရွာ၊ ချောင်းဦးမြို့နယ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တလိုင်းကျကျေးရွာမှာ ဒေသခံတွေ သောက်သုံးရေရရှိဖို့ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ မြေသားကန်တူးဖေါ်ပေးခဲ့ပြီး၊ တောင်သူတွေ လိုအပ်နေတဲ့ စိုက်ပျိုးရေရရှိဖို့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ တွဲဖက်ကာ ဆောင်ရွက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

Soundbite ဒေါ်ခင်စိုးဝင်း (ဦးစီးမှူး) ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခွောငြးဦးမှို့နယထြဲမှာ တလိုငြးကကွေးရှာက ဖှံ့ဖှိုးမှုနောကကြနွတေဲ့အပှငြ လမြးပနြးဆကသြှယရြေးပါ မကောငြးမှနတြဲ့အတှကြ ကွေးရှာကုနထြုတလြမြးဖေါကလြုပပြေးဖို့နဲ့ စိုကပြွိုးရရရှေိဖို့ တောငသြူတှကေ မွှောလြင့နြကှတော ဖှဈပါတယြ ခငဗြွာ။

တလိုငျးကကြြေးရှာက တောငျသူတှေ စိုကျပြိုးရေ ရရှိဖို့ လိုအပျနေ

စိုက်ပျိုးရေးသီးနှံတွေ အောင်မြင်အောင် စိုက်ပျိုးရေရရှိဖို့ လိုအပ်နေတယ်လို့ တလိုင်းကျကျေးရွာ တောင်သူတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ တလိုင်းကျကျေးရွာမှာ စိုက်ပျိုးဧက ၅၀၀ ရှိပြီး၊ စပါး၊ ပဲ၊ ပြောင်း၊ ဝါ ကို အဓိက စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။

အဲဒီ တလိုင်းကျကျေးရွာရဲ့ စိုက်ပျိုးမြေတွေက ကျောက်သားမြေတွေ အများအပြားဖြစ်နေပြီး၊ စိုက်ပျိုးရာမှာလည်း မိုးရေကိုသာ အဓိကထား စိုက်ပျိုးနေကြရတဲ့အတွက် သီးနှံအထွက်နှုန်း လျှော့နည်းလာတာကြောင့် စိုက်ပျိုးရေရရှိဖို့ တောင်သူတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

Soundbite   ဦးမြင့်ဆွေ (တောင်သူ) တလိုင်းကျကျေးရွာ၊ ချောင်းဦးမြို့နယ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တလိုင်းကျကျေးရွာမှာ ဒေသခံတွေ သောက်သုံးရေရရှိဖို့ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ မြေသားကန်တူးဖေါ်ပေးခဲ့ပြီး၊ တောင်သူတွေ လိုအပ်နေတဲ့ စိုက်ပျိုးရေရရှိဖို့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ တွဲဖက်ကာ ဆောင်ရွက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

Soundbite  ဒေါ်ခင်စိုးဝင်း (ဦးစီးမှူး) ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ချောင်းဦးမြို့နယ်ထဲမှာ တလိုင်းကျကျေးရွာက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးပါ မကောင်းမွန်တဲ့အတွက် ကျေးရွာကုန်ထုတ်လမ်းဖေါက်လုပ်ပေးဖို့နဲ့ စိုက်ပျိုးရေရရှိဖို့ တောင်သူတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ် ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)