ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေတာင္တို႔ႏွစ္ဦးကို တတိယအႀကိမ္ေျမာက္႐ံုးထုတ္(႐ုပ္/သံ)

0
948

ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေတာင္တို႔ႏွစ္ဦးကို တတိယအႀကိမ္ေျမာက္႐ံုးထုတ္မွာ တရားလိုဘက္က သက္ေသေတြကိုစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕ စာေပေဟာေျပာပြဲမွာ ေျပာၾကားခဲ့တာေတြနဲ႔ပတ္သက္ၿပီး ပုဒ္မသံုးခုနဲ႔ ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရတဲ့ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တုိ႔ႏွစ္ဦးကို ဒီကေန႔စစ္ေတြ ခ႐ိုင္တရား႐ံုးနဲ႔ ၿမိဳ႕နယ္တရား႐ံုးမွာ တတိယအႀကိမ္ေျမာက္ ႐ံုးထုတ္ၿပီး တရားလိုဘက္ကေ႐ွ႕သက္ေသေတြကို စစ္ေဆးမႈေတြေဆာင္႐ြက္ခဲ့ပါတယ္။

ရေသ့ေတာင္ၿမိဳ႕ေဟာေျပာပြဲဟာ သမိုင္းနဲ႔ဆိုင္တဲ့ေဟာေျပာပြဲျဖစ္တာေၾကာင့္ သမိုင္းေၾကာင္းေတြကိုေျပာၾကားခဲ့ျခင္းသာ ျဖစ္ၿပီး ေျပာၾကားခ်က္ေတြကိုျဖတ္ညွပ္ကတ္ေတြလုပ္ၿပီး တရားစြဲဆိုထားတာျဖစ္္တယ္လို႔ စာေရးဆရာေဝဟင္ေအာင္က ေျပာပါတယ္။

Soundbite – ေဝဟင္ေအာင္(စာေရးဆရာ)

အမႈနဲ႔ပတ္သက္ၿပီးေတာ့ တရားလိုသက္ေသကိုစစ္ေဆးတဲ့အခါမွာ ေဟာေျပာခ်က္ေတြနဲ႔ စြပ္စြဲခ်က္ေတြဟာ ကြဲလြဲမႈေတြ ႐ွွိေနတာေၾကာင့္ တရားလိုဘက္က ေကာက္ခ်က္နဲ႔ မူရင္းေဟာေျပာခ်က္ေတြကို စစ္ေဆးဖို႔ေ႐ွ႕ေနေတြဘက္က တင္ျပ ခဲ့ၾကပါတယ္။

Soundbite – ေဒၚေအးႏုစိန္ (တရားလႊတ္ေတာ္ေ႐ွ႕ေန)

ေဒါတာေအးေမာင္အေနနဲ႔ လူထုဟိုျပဳပါတီႏုိင္ငံေရးလမ္းစဥ္အတိုင္း ေျပာၾကားခဲ့တာျဖစ္ၿပီး အခုစြပ္စြဲထားခ်က္ေတြဟာ လိုရာကိုဆြဲၿပီးေတာ့ စြပ္စြဲထားျခင္းသာျဖစ္တယ္လို႔ ေဒါက္တာေအးေမာင္ဇနီး ေဒၚျမျမသက္က ေျပာၾကားခဲ့ပါတယ္ ။
ဒီကေန႔ရုံးထုတ္မွာေတာ႔ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တို႔ကို ၿမိဳ႔နယ္တရားရံုးမွာ စတင္စစ္ေဆးမႈေတြျပဳလုပ္ခဲ႔ျပီး ေနာက္ထပ္တရားရုံးခ်ိန္းကို မတ္လ ၇ ရက္ေန႔ကိုခ်ိန္းဆိုထားပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်တောင်တို့နှစ်ဦးကို တတိယအကြိမ်မြောက်ရုံးထုတ်မှာ တရားလိုဘက်က သက်သေတွေကိုစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရသေ့တောင်မြို့ စာပေဟောပြောပွဲမှာ ပြောကြားခဲ့တာတွေနဲ့ပတ်သက်ပြီး ပုဒ်မသုံးခုနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို ဒီကနေ့စစ်တွေ ခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံးမှာ တတိယအကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုဘက်ကရှေ့သက်သေတွေကို စစ်ဆေးမှုတွေဆောင်ရွက်ခဲ့ပါတယ်။

ရသေ့တောင်မြို့ဟောပြောပွဲဟာ သမိုင်းနဲ့ဆိုင်တဲ့ဟောပြောပွဲဖြစ်တာကြောင့် သမိုင်းကြောင်းတွေကိုပြောကြားခဲ့ခြင်းသာ ဖြစ်ပြီး ပြောကြားချက်တွေကိုဖြတ်ညှပ်ကတ်တွေလုပ်ပြီး တရားစွဲဆိုထားတာဖြစ်တယ်လို့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

Soundbite – ဝေဟင်အောင်(စာရေးဆရာ)

အမှုနဲ့ပတ်သက်ပြီးတော့ တရားလိုသက်သေကိုစစ်ဆေးတဲ့အခါမှာ ဟောပြောချက်တွေနဲ့ စွပ်စွဲချက်တွေဟာ ကွဲလွဲမှုတွေ ရှိနေတာကြောင့် တရားလိုဘက်က ကောက်ချက်နဲ့ မူရင်းဟောပြောချက်တွေကို စစ်ဆေးဖို့ရှေ့နေတွေဘက်က တင်ပြ ခဲ့ကြပါတယ်။

Soundbite – ဒေါ်အေးနုစိန် (တရားလွှတ်တော်ရှေ့နေ)

ဒေါတာအေးမောင်အနေနဲ့ လူထုဟိုပြုပါတီနိုင်ငံရေးလမ်းစဉ်အတိုင်း ပြောကြားခဲ့တာဖြစ်ပြီး အခုစွပ်စွဲထားချက်တွေဟာ လိုရာကိုဆွဲပြီးတော့ စွပ်စွဲထားခြင်းသာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ဇနီး ဒေါ်မြမြသက်က ပြောကြားခဲ့ပါတယ် ။
ဒီကနေ့ရုံးထုတ်မှာတော့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို မြို့နယ်တရားရုံးမှာ စတင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး နောက်ထပ်တရားရုံးချိန်းကို မတ်လ ၇ ရက်နေ့ကိုချိန်းဆိုထားပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)