ပညာရေး အသုံးစရိတ် တိုးပေးရေး ပြည်သူဆီက လက်မှတ်ကောက်ခံမယ် (ရုပ်/သံ)
0
894
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးဖို့ တောင်းဆိုကြောင်း လက်မှတ်တွေကို ပြည်သူတွေဆီကနေ ကောက်ခံသွားဖို့ လုပ်ဆောင်နေပါတယ်။ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။
ပညာရေး အသုံးစရိတ်တိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအပြင် ပညာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေဆီကနေ ကောက်ခံသွားဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အဲ့ဒီလက်မှတ်ကောက်ခံမှုကို ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး ဦးဆောင်ကော်မတီကနေ လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့် သုံးလပိုင်းအတွင်း အပြီးသတ် ကောက်ခံသွားမှာပါ။
Soundbite – ကိုရာဇာထွန်း အဖွဲ့ဝင် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး ဦးဆောင်ကော်မတီ
ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့အတွက် ရတနာပုံတက္ကသိုလ်အတွင်း သပိတ်စခန်းဖွင့်လှစ်တောင်းဆိုခဲ့ရာမှာ ဖြိုခွဲခံရပြီးနောက် အခုလို လက်မှတ်တွေ ကောက်ခံသွားဖို့ ပြန်လည်ကြိုးစားလာခဲ့တာပါ။
ကျောင်းသားတွေအနေနဲ့ ပညာရေးအသုံးစရိတ်ကို နိုင်ငံတော် အသုံးစရိတ်ရဲ့ ဆယ့်ငါးရားခိုင်နူန်းအထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
Soundbite – ကိုရဲမျိုးဆွေ အဖွဲ့ဝင် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး ဦးဆောင်ကော်မတီ
အခုလက်မှတ်ကောက်ခံမှုကို ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး သပိတ်စခန်းမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ် ၂၁ခုကနေ စတင်ကောက်ခံသွားမှာဖြစ်ပြီး တခြားတက္ကသိုလ်တွေလည်း ပူးပေါင်းပါဝင်လာစေဖို့ကြိုးစားနေကြတာဖြစ်ပါတယ်ခင်ဗျာ ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)