ေရဦးျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲ ႏွစ္ခါျပန္ေရြးခ်ယ္ဖို႔ညႊန္ၾကား (႐ုပ္/သံ)

0
894

စစ္ကိုင္းတိုင္းေဒသၾကီး ေရဦးျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲ နွစ္ခါျပန္ေရြးခ်ယ္ဖို႔ညႊန္ၾကားခဲ႔တဲ႔ အတြက္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ႔ပါတယ္ ။ ဒီသတင္းကို MCN မံုရြာသတင္းေထာက္ တင္မာေဆြကေပးပို႔ထားျပီး ေအာင္သူ .ကတင္ဆက္ေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသၾကီး ေရႊဘိုခရိုင္ ေရဦးျမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈးေရြးခ်ယ္ရာမွာ ထုတ္ျပန္ထားတဲ႔ ဥပေဒနဲ႕အညီ ေရြးခ်ယ္ခဲ႕ပါေပမယ္႔ ခရိုင္အုပ္ခ်ဳပ္ေရးမႈးက ျပန္လည္ေရြးခ်ယ္ခိုင္းခဲ႕တာပါ။

အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲ နွစ္ၾကိမ္တိုင္ျပန္လည္ျပဳလုပ္ရတာကို မေၾကနပ္ၾကတဲ႔အတြက္ ေဖေဖာ္၀ါရီ ၁၉ ရက္ေန႕က ေအာင္ခ်မ္းသာရပ္ကြက္သူရပ္ကြက္သားေတြနဲ႔႔ ေရြးခ်ယ္ၾကီးၾကပ္ေရး ေခါင္းေဆာင္ ဦးေနမ်ိဳးေအာင္ တို႔က ဦးေဆာင္ကာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔ၾကတာျဖစ္ပါတယ္ ။

Soundbite – ဦးေနမ်ိဳးေအာင္ ( ၾကီးၾကပ္ေရးအဖြဲ႕ ေခါင္းေဆာင္ ၊ ေအာင္ခ်မ္းသာရပ္ကြက္ ၊ ေရဦးျမိဳ႕နယ္ )

ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကိုျပန္လည္ေရြးခ်ယ္ခိုင္းရတာက အရင္ အုပ္ခ်ဳပ္ေရးမႈးေရြးပြဲမွာ အနိုင္ရတဲ႔ ဦးေဌးညႊန္႕ကို ရက္ကြက္အတြင္းက လူ ၁၀ ေယာက္က လက္မွတ္ထိုး တိုင္တန္းခဲ႕တဲ႔အတြက္ ျပန္လည္ေရြးခ်ယ္ဖို႔ ညႊန္ၾကားလိုက္တာျဖစ္ပါတယ္ ။
အခုလို ျဖစ္ရပ္မ်ိဳးျဖစ္ပြားခဲ႔တာနဲ႔ပါတ္သက္ျပီးေတာ႔ မဲေရြးခ်ယ္ပြဲမွာ ရာအိမ္မႈးေတြက ကူညီလုပ္ကိုင္ ေဆာင္ရြက္ေနတဲ႔အတြက္ ျပန္လည္ေရြးခ်ယ္ခိုင္းတာ ျဖစ္ေၾကာင္း ခရိုင္အုပ္ခ်ဳပ္ေရးမႈး ဦးေမာင္ထူးမွ ေျပာပါတယ္ ။

Soundbite – ဦးေမာင္ထူး (ခရုိင္အုပ္ခ်ဳပ္ေရးမွဴး)

ေရႊဘိုခရိုင္ဟာ ျမိဳ႕နယ္ ၆ ျမိဳ႕နယ္ရွိျပီး ရပ္ကြက္ေက်းရြာ ၄၀၇ ခုရွိကာ ၃၈၈ ေနရာကို ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ပြဲျပဴလုပ္ထားျပီး အုပ္ခ်ဳပ္ေရးမ်ဴးေရြးခ်ယ္ဖို႔ ၁၉ ေနရာ က်န္ရွိေနတာျဖစ္ပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ နှစ်ခါပြန်ရွေးချယ်ဖို့ညွှန်ကြားခဲ့တဲ့ အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေကပေးပို့ထားပြီး အောင်သူ .ကတင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှုးရွေးချယ်ရာမှာ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီ ရွေးချယ်ခဲ့ပါပေမယ့် ခရိုင်အုပ်ချုပ်ရေးမှုးက ပြန်လည်ရွေးချယ်ခိုင်းခဲ့တာပါ။

အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ နှစ်ကြိမ်တိုင်ပြန်လည်ပြုလုပ်ရတာကို မကြေနပ်ကြတဲ့အတွက် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အောင်ချမ်းသာရပ်ကွက်သူရပ်ကွက်သားတွေနဲ့ ရွေးချယ်ကြီးကြပ်ရေး ခေါင်းဆောင် ဦးနေမျိုးအောင် တို့က ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။

Soundbite – ဦးနေမျိုးအောင် ( ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် ၊ အောင်ချမ်းသာရပ်ကွက် ၊ ရေဦးမြို့နယ် )

ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုပြန်လည်ရွေးချယ်ခိုင်းရတာက အရင် အုပ်ချုပ်ရေးမှုးရွေးပွဲမှာ အနိုင်ရတဲ့ ဦးဌေးညွှန့်ကို ရက်ကွက်အတွင်းက လူ ၁၀ ယောက်က လက်မှတ်ထိုး တိုင်တန်းခဲ့တဲ့အတွက် ပြန်လည်ရွေးချယ်ဖို့ ညွှန်ကြားလိုက်တာဖြစ်ပါတယ် ။
အခုလို ဖြစ်ရပ်မျိုးဖြစ်ပွားခဲ့တာနဲ့ပါတ်သက်ပြီးတော့ မဲရွေးချယ်ပွဲမှာ ရာအိမ်မှုးတွေက ကူညီလုပ်ကိုင် ဆောင်ရွက်နေတဲ့အတွက် ပြန်လည်ရွေးချယ်ခိုင်းတာ ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှုး ဦးမောင်ထူးမှ ပြောပါတယ် ။

Soundbite – ဦးမောင်ထူး (ခရိုင်အုပ်ချုပ်ရေးမှူး)

ရွှေဘိုခရိုင်ဟာ မြို့နယ် ၆ မြို့နယ်ရှိပြီး ရပ်ကွက်ကျေးရွာ ၄၀၇ ခုရှိကာ ၃၈၈ နေရာကို ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲပြူလုပ်ထားပြီး အုပ်ချုပ်ရေးမျူးရွေးချယ်ဖို့ ၁၉ နေရာ ကျန်ရှိနေတာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)