စစ်ကိုင်းတိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း

0
25

Unicode Version

စစ်ကိုင်းတိုင်းဒေသကြီးမှာ နည်းပညာတွေ ဖလှယ်နိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေနဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေရဲ့ လူမှုဘဝတွေ မြှင့်တင်ပေးနိုင်ရန်လို့ ပြောဆိုထားတဲ့ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းကို သြဂုတ် ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။


Soundbite ဦးကျော်ဌေး (စီးပွားရေးလုပ်ငန်းရှင်များအသင်းဖြစ်မြောက်ရေးကော်မတီ) စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေက အဓိက လုပ်ကိုင်နေတာ ဖြစ်တာကြောင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစိုးရအနေနဲ့ မူဝါဒချမှတ်ကာ လုပ်ဆောင်ပေးနေသလို စီးပွားရေးလုပ်ငန်းရှင်များအသင်းဖြစ်ပေါ်လာစေဖို့ ကူညီဆောင်ရွက် ပေးမယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

Soundbite ဒေါက်တာမြင့်နိုင် (ဝန်ကြီးချုပ်) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့က မုံရွာမြို့ရှိ Jade Royal Hotel မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျာ။

Zawgyi Version

စစ်ကိုင်းတိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီးမှာ နည်းပညာတွေ ဖလှယ်နိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေနဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေရဲ့ လူမှုဘဝတွေ မြှင့်တင်ပေးနိုင်ရန်လို့ ပြောဆိုထားတဲ့ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းကို သြဂုတ် ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခဲ့ပြီးတဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်တွေကလည်း နည်းပညာတွေ ဖလှယ်နိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်များအသင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Soundbite  ဦးကျော်ဌေး (စီးပွားရေးလုပ်ငန်းရှင်များအသင်းဖြစ်မြောက်ရေးကော်မတီ) စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေက အဓိက လုပ်ကိုင်နေတာ ဖြစ်တာကြောင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစိုးရအနေနဲ့ မူဝါဒချမှတ်ကာ လုပ်ဆောင်ပေးနေသလို စီးပွားရေးလုပ်ငန်းရှင်များအသင်းဖြစ်ပေါ်လာစေဖို့ ကူညီဆောင်ရွက် ပေးမယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

Soundbite  ဒေါက်တာမြင့်နိုင် (ဝန်ကြီးချုပ်) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့က မုံရွာမြို့ရှိ Jade Royal Hotel မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)