အင်းလေးမှာ ရေဝင်ရောက်မှု နည်းတဲ့အတွက် ခဝဲကျင်း ကြာချည်လုပ်သူတွေ အဆင်ပြေနေ

0
57

Unicode Version

အင်းလေးမှာ ရေဝင်ရောက်မှုနည်းလို့ ကြာချည်ရရှိမှုနည်းတဲ့အတွက် ခဝဲကျင်းကျေးရွာက ကြာချည်တွေကို ပိုမိုဝယ်ယူရတာကြောင့် ခဝဲကျင်း ကြာချည်လုပ်သူတွေ အဆင်ပြေနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ခဝဲကျင်းကျေးရွာမှာ တစ်နိုင်တစ်ပိုင် ကြာချည်ထုတ်လုပ်တဲ့ လုပ်ငန်းကို ၂၀၀၅ ခုနှစ်က စတင်ပြီး လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။

ခဝဲကျင်းဒေသထွက် ကြာချည်တွေကို အင်းလေးဒေသကို တင်ပို့ရောင်းချနေတာ ဖြစ်ပြီး၊ အဲဒီကြာချည်တွေနဲ့ ကြာသင်္ကန်း၊ မျက်နှာသုတ်ပဝါ၊ လည်စည်းပုဝါ စတာတွေကို ယက်လုပ်နေကြတာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ အင်းလေးဒေသမှာ ရေဝင်ရောက်မှုနည်းတဲ့အတွက် အင်းလေးဒေသထွက် ကြာချည်တွေကနည်းနေပြီး ခဝဲကျင်းကျေးရွာက ကြာချည်တွေကို အများဆုံး တင်ပို့ပေးနေရတာကြောင့် ကြာချည် လုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေနေတာ ဖြစ်ပါတယ်။

Soundbite ဒေါ်စိုးစိုး (ကြာချည်လုပ်ငန်းလုပ်ကိုင်သူ) ခဝဲကျင်းကျေးရွာ၊ မုံရွာမြို့နယ်

အဲဒီလို အင်းလေးဒေမှာ ရေဝင်ရောက်မှုနည်းပြီး ကြာချည်ရရှိမှု နည်းလာတာကြောင့် ကြာချည်လုပ်ကိုင်သူအချို့က မုံရွာမြို့နယ် ခဝဲကျင်းကျေးရွာကို ပြောင်းရွှေ့ပြီး ကြာချည်လုပ်ငန်း လုပ်ကိုင်လာကြတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

Soundbite ဦးမြင့်လွင်ဦး (ကြာချည်လုပ်ငန်းလုပ်ကိုင်သူ) ခဝဲကျင်းကျေးရွာ၊ မုံရွာမြို့နယ်

ကြာချည်လုပ်သူတွေက တစ်ရက်ကို ကြာချည် ၅ ကျပ်သားအထိ လုပ်ကိုင်နိုင်တာ ဖြစ်ပြီး၊ ခဝဲကျင်းကျေးရွာမှာ ကြာချည် တစ်ကျပ်သားကို ကျပ် ၂၅၀၀ ပေါက်ဈေးရှိကာ အင်းလေးဒေသမှာတော့ ကြာချည် တစ်ကျပ်သား ကျပ် ၃၀၀၀ အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ် ခင်ဗျာ။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)