ရခိုင္ပဋိပကၡေဒသက ေက်ာင္းေဆာက္လုပ္မႈေတြနဲ႔ ပတ္သက္ၿပီး အေရးယူေပးဖို႔ လႊတ္ေတာ္မွာ ေမးျမန္း (႐ုပ္/သံ)

0
320

ရခုိင္ျပည္နယ္အတြင္း ေက်ာင္းေဆာင္ေတြ ေဆာက္လုပ္ေနမႈမွာ စီမံခန္႔ခြဲမႈအားနည္းတဲ့အတြက္ ႏုိင္ငံဘ႑ာေတြ ဆံုးရႈံးေနရတာေၾကာင့္ တာဝန္ရွိသူေတြကို အေရးယူေဆာင္ရြက္ေပးဖုိ႔ လႊတ္ေတာ္မွာ ေမးခြန္းေမးျမန္းခဲ့ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသ အၾကမ္းဖက္မႈေတြျဖစ္ပြားခဲ့ၿပီး ေနရပ္စြန္႔ခြာသြားခဲ့ၾကတဲ့ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြက ေက်းရြာေတြမွာ ေက်ာင္းေဆာင္ေတြေဆာက္လုပ္ေနတာဟာ စီမံခန္႔ခြဲမႈအပိုင္းအားနည္းတဲ့အတြက္ ႏုိင္ငံဘ႑ာေတြ ဆံုးရံႈးေနရတာေၾကာင့္ သက္ဆုိင္ရာတာဝန္ရွိသူေတြကို အေရးယူေပးဖုိ႔ လႊတ္ေတာ္မွာ ေမးခြန္းေမးျမန္းခဲ့ပါတယ္။

အဲဒီကိစၥနဲ႔ပတ္သက္လို႔ သက္ဆုိင္ရာ တာဝန္ရွိသူေတြကို အေရးယူႏုိင္ဖုိ႔အတြက္ လြန္ခဲတဲ့ မတ္လအတြင္းကေန ဝန္ႀကီးခ်ဳပ္ဆီကို တိုင္ၾကားစာပို႔ထားခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္ဆီက တစံုတရာအေၾကာင္းျပန္ၾကားေပးျခင္း မရွိတဲ့အတြက္ အခုလို ေမးခြန္းေမးျမန္းရတာ ျဖစ္ပါတယ္။

အင္တာဗ်ဴးး-ဦးေဇာ္ေဇာ္ျမင့္ (ဘူးသီးေတာင္ၿမိဳ႕နယ္ အမွတ္ ၁ မဲဆႏၵနယ္ေျမ)

အဲဒီေက်ာင္းေဆာင္ေတြဟာ ျပည္ေထာင္စုအစိုးရက ခြင့္ျပဳထားတဲ့ ရံပံုေငြနဲ႔ေဆာက္လုပ္ေနတာျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ တိုင္ၾကားထားတဲ့စာနဲ႔ပတ္သက္လို႔ လူမႈေရးဝန္ႀကီးရံုးက ဝန္ႀကီးခ်ဳပ္ဆီကေန မွတ္ခ်က္တစံုတရာမရရွိေသးတဲ့အတြက္ အေရးယူမႈေတြကို မေဆာင္ရြက္ႏုိင္ေသးတာျဖစ္တယ္လို႔ ေျဖၾကားခဲ့ပါတယ္။

Sound bite-ေဒါက္တာခ်မ္းသာ (လူမႈေရးဝန္ႀကီး)
ရခို္င္ျပည္နယ္အစိုးရအဖြဲ႔

အခုလိုမ်ိဳး ျပည္ေထာင္စုက စီမံခန္႔ခြဲေနတဲ့အတြက္ ေက်ာင္းေတြဟာ အမွန္တကယ္လုိ အပ္တဲ့ေနရာေတြကို မေရာက္ရွိဘဲ မလိုအပ္တဲ့ေနရာေတြကို ေရာက္ေနတာေတြ၊ လူမရွိတဲ့ေက်းရြာေတြမွာ ေဆာက္လုပ္ေနတာေတြ၊ တခ်ိဳ႕ ေဆာက္လုပ္ၿပီးသား ေက်ာင္းေတြအတြက္ ထပ္မံခ်ေပးတာေတြ ရွိေနတာေၾကာင့္ ဘ႑ာေငြဆံုးရံႈးမႈေတြ ႀကီးမားလြန္းေနတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

အင္တာဗ်ဴး-ဦးေဇာ္ေဇာ္ျမင့္ (ဘူးသီးေတာင္ၿမိဳ႕နယ္ အမွတ္ ၁ မဲဆႏၵနယ္ေျမ)

ဒါ့အျပင္ အခုလိုျဖစ္ေနရတာဟာ သက္ဆုိင္ရာဌာနရဲ႕အားနည္းခ်က္ေၾကာင့္ျဖစ္ၿပီး စိစစ္ေဆာင္ရြက္မႈေတြ ျပဳလုပ္တဲ့အခါမွာ တာဝန္ရွိသူေတြကို အလုပ္ကအနားေပးလိုက္ရံုမ်ိဳးမဟုတ္ဘဲ ထိထိေရာက္ေရာက္ အေရးယူဖုိ႔လိုအပ္ေၾကာင္းနဲ႔ တုိင္ၾကားစာအေပၚမွာ ဝန္ႀကီးခ်ဳပ္အေနနဲ႔ အေၾကာင္းျပန္ၾကားတာ မရွိတဲ့အေပၚမွာလည္း အံ့အားသင့္မိတယ္လို႔ လႊတ္ေတာ္ကိုယ္းစားလွယ္ ဦးေဇာ္ေဇာ္ျမင့္က ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပဋိပက္ခဒေသက ကျောင်းဆောက်လုပ်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ လွှတ်တော်မှာ မေးမြန်း

ရခိုင်ပြည်နယ်အတွင်း ကျောင်းဆောင်တွေ ဆောက်လုပ်နေမှုမှာ စီမံခန့်ခွဲမှုအားနည်းတဲ့အတွက် နိုင်ငံဘဏ္ဍာတွေ ဆုံးရှုံးနေရတာကြောင့် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ်သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီး နေရပ်စွန့်ခွာသွားခဲ့ကြတဲ့ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာတွေမှာ ကျောင်းဆောင်တွေဆောက်လုပ်နေတာဟာ စီမံခန့်ခွဲမှုအပိုင်းအားနည်းတဲ့အတွက် နိုင်ငံဘဏ္ဍာတွေ ဆုံးရှုံးနေရတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူပေးဖို့ လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့အတွက် လွန်ခဲတဲ့ မတ်လအတွင်းကနေ ဝန်ကြီးချုပ်ဆီကို တိုင်ကြားစာပို့ထားခဲ့ပေမယ့် ဝန်ကြီးချုပ်ဆီက တစုံတရာအကြောင်းပြန်ကြားပေးခြင်း မရှိတဲ့အတွက် အခုလို မေးခွန်းမေးမြန်းရတာ ဖြစ်ပါတယ်။

အင်တာဗျူး-ဦးဇော်ဇော်မြင့် (ဘူးသီးတောင်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ)

အဲဒီကျောင်းဆောင်တွေဟာ ပြည်ထောင်စုအစိုးရက ခွင့်ပြုထားတဲ့ ရံပုံငွေနဲ့ဆောက်လုပ်နေတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ တိုင်ကြားထားတဲ့စာနဲ့ပတ်သက်လို့ လူမှုရေးဝန်ကြီးရုံးက ဝန်ကြီးချုပ်ဆီကနေ မှတ်ချက်တစုံတရာမရရှိသေးတဲ့အတွက် အရေးယူမှုတွေကို မဆောင်ရွက်နိုင်သေးတာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

Sound bite-ဒေါက်တာချမ်းသာ (လူမှုရေးဝန်ကြီး)
ရခိ်ုင်ပြည်နယ်အစိုးရအဖွဲ့

အခုလိုမျိုး ပြည်ထောင်စုက စီမံခန့်ခွဲနေတဲ့အတွက် ကျောင်းတွေဟာ အမှန်တကယ်လို အပ်တဲ့နေရာတွေကို မရောက်ရှိဘဲ မလိုအပ်တဲ့နေရာတွေကို ရောက်နေတာတွေ၊ လူမရှိတဲ့ကျေးရွာတွေမှာ ဆောက်လုပ်နေတာတွေ၊ တချို့ ဆောက်လုပ်ပြီးသား ကျောင်းတွေအတွက် ထပ်မံချပေးတာတွေ ရှိနေတာကြောင့် ဘဏ္ဍာငွေဆုံးရှုံးမှုတွေ ကြီးမားလွန်းနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

အင်တာဗျူး-ဦးဇော်ဇော်မြင့် (ဘူးသီးတောင်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ)

ဒါ့အပြင် အခုလိုဖြစ်နေရတာဟာ သက်ဆိုင်ရာဌာနရဲ့အားနည်းချက်ကြောင့်ဖြစ်ပြီး စိစစ်ဆောင်ရွက်မှုတွေ ပြုလုပ်တဲ့အခါမှာ တာဝန်ရှိသူတွေကို အလုပ်ကအနားပေးလိုက်ရုံမျိုးမဟုတ်ဘဲ ထိထိရောက်ရောက် အရေးယူဖို့လိုအပ်ကြောင်းနဲ့ တိုင်ကြားစာအပေါ်မှာ ဝန်ကြီးချုပ်အနေနဲ့ အကြောင်းပြန်ကြားတာ မရှိတဲ့အပေါ်မှာလည်း အံ့အားသင့်မိတယ်လို့ လွှတ်တော်ကိုယ်းစားလှယ် ဦးဇော်ဇော်မြင့်က ပြောကြားခဲ့ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)