ရခုိင္အေရးကို တစ္ႏုိင္ငံလုံးအေရးကဲ့သို႔ သေဘာထားေဆာင္ရြက္ေန (႐ုပ္/သံ)

0
921

အစိုးရအေနနဲ႕ ရခုိင္ျပည္နယ္အတြင္းမွာ ျဖစ္ပြားေနတဲ့ ျပႆနာေတြကို တစ္ႏုိင္ငံလုံး အေရးကိစၥလို သေဘာထားျပီး ေျဖရွင္းေဆာင္ရြက္ေနတယ္လို႔ လူမႈ၀န္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ၾကီး ေဒါက္တာ၀င္းျမတ္ေအး က ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

ေဖေဖၚ၀ါရီ ၂၀ ရက္ကျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းအတြင္းမွာ ဘူးသီးေတာင္မဲဆႏၵနယ္က ဦးေအာင္ေသာင္းေရႊ တင္သြင္းထားတဲ့ ရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသမွာ ေဒသခံတုိင္းရင္းသားေတြအတြက္ ေရတုိေရရွည္စီမံကိန္းေတြကို ထိေရာက္စြာအေကာင္အထည္ေဖာ္ဖုိ႔ အစိုးရကို တုိက္တြန္းထားတဲ့ အဆုိကို လႊတ္ေတာ္ ကိုယ္စားလွယ္ ၁၇ ဦးက ေဆြးေႏြးခဲ့ၾကတာပါ။

ဒီလိုေဆြးေႏြးရာမွာ ကိုယ္စားလွယ္အခ်ိဳ႕က အစိုးရရဲ႕ UEHRD စီမံကိန္းဟာ ေဒသခံေတြအတြက္ ထိေရာက္မႈမရွိဘူးလို႔ ေဆြးေႏြးခဲ့ၾကတာနဲ႔ ပတ္သက္ျပီး ျပည္ေထာင္စု၀န္ၾကီး က ျပန္လည္ျငင္းဆိုလိုက္တာျဖစ္ပါတယ္။

Soundbite – ေဒါက္တာ၀င္းျမတ္ေအး ( ျပည္ေထာင္စု၀န္ၾကီး၊ လူမႈ၀န္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ၾကီး႒ာန)

ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ UEHRD ရဲ႕ ေဆာင္ရြက္မႈေတြဟာ ေဒသခံရခုိင္တိုင္းရင္းသားေတြအတြက္ ထိေရာက္တဲ့ အက်ိဳးသက္ေရာက္မႈမရွိသလို စီမံကိန္းေဆာင္ရြက္ရာမွာလည္း ရခုိင္တုိင္းရင္းသားေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈမရွိဘူးလို႔ ေျပာၾကားထားပါတယ္။
ဒါကိုလည္း ေဒါက္တာ၀င္းျမတ္ေအးက ျငင္းဆိုခဲ့ျပီး UEHRD စီမံကိန္းကို ေသခ်ာေလ့လာၾကည့္ပါ က ေဒသခံရခုိင္တုိင္းရင္းသားေတြ ရဲ႕ ပူးေပါင္းပါ၀င္မႈကို ေတြ႕ရမွာျဖစ္တယ္လုိ႔ ေျပာပါတယ္။
Soundbite – ေဒါက္တာ၀င္းျမတ္ေအး ( ျပည္ေထာင္စု၀န္ၾကီး၊ လူမႈ၀န္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ၾကီး႒ာန)

ဘူးသီးေတာင္မဲဆႏၵနယ္က လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊရဲ႕ အဆုိကို ျပည္ေထာင္စု၀န္ၾကီးက မွတ္တမ္းသာတင္ဖုိ႔ လႊတ္ေတာ္ဥကၠ႒က တဆင့္ ျပန္လည္ ေျဖၾကားခဲ့ျပီး လႊတ္ေတာ္ရဲ႕ အဆံုးအျဖတ္ခံယူရာမွာလည္း ကန္႔ကြက္မဲက မ်ားခဲ့တာေၾကာင့္ အတည္မျဖစ္ဘဲ မွတ္တမ္းသာ တင္ဖုိ႔ ျပည္သူ႔လႊတ္ေတာ္က ဆံုးျဖတ္လိုက္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တစ်နိုင်ငံလုံး အရေးကိစ္စလို သဘောထားပြီး ဖြေရှင်းဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက်ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

ဖေဖေါ်ဝါရီ ၂၀ ရက်ကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်းမှာ ဘူးသီးတောင်မဲဆန္ဒနယ်က ဦးအောင်သောင်းရွှေ တင်သွင်းထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ဒေသခံတိုင်းရင်းသားတွေအတွက် ရေတိုရေရှည်စီမံကိန်းတွေကို ထိရောက်စွာအကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းထားတဲ့ အဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ကြတာပါ။

ဒီလိုဆွေးနွေးရာမှာ ကိုယ်စားလှယ်အချို့က အစိုးရရဲ့ UEHRD စီမံကိန်းဟာ ဒေသခံတွေအတွက် ထိရောက်မှုမရှိဘူးလို့ ဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး က ပြန်လည်ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

Soundbite – ဒေါက်တာဝင်းမြတ်အေး ( ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန)

ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကတော့ UEHRD ရဲ့ ဆောင်ရွက်မှုတွေဟာ ဒေသခံရခိုင်တိုင်းရင်းသားတွေအတွက် ထိရောက်တဲ့ အကျိုးသက်ရောက်မှုမရှိသလို စီမံကိန်းဆောင်ရွက်ရာမှာလည်း ရခိုင်တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ပြောကြားထားပါတယ်။
ဒါကိုလည်း ဒေါက်တာဝင်းမြတ်အေးက ငြင်းဆိုခဲ့ပြီး UEHRD စီမံကိန်းကို သေချာလေ့လာကြည့်ပါ က ဒေသခံရခိုင်တိုင်းရင်းသားတွေ ရဲ့ ပူးပေါင်းပါဝင်မှုကို တွေ့ရမှာဖြစ်တယ်လို့ ပြောပါတယ်။
Soundbite – ဒေါက်တာဝင်းမြတ်အေး ( ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန)

ဘူးသီးတောင်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေရဲ့ အဆိုကို ပြည်ထောင်စုဝန်ကြီးက မှတ်တမ်းသာတင်ဖို့ လွှတ်တော်ဥက္ကဋ္ဌက တဆင့် ပြန်လည် ဖြေကြားခဲ့ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူရာမှာလည်း ကန့်ကွက်မဲက များခဲ့တာကြောင့် အတည်မဖြစ်ဘဲ မှတ်တမ်းသာ တင်ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)