လူငယ္မူဝါဒကို ေဖာ္ေဆာင္ႏိုင္ဖို႔ ေပါင္းစပ္ညွိႏိူင္းေရး လုပ္ေဆာင္ (႐ုပ္/သံ)

0
957

လူငယ္မူဝါဒကို ေဖာ္ေဆာင္ႏိုင္ဖို႔ ေပါင္းစပ္ညွိႏိူင္းေရး ယႏၲယားကို တည္ေထာင္သြားဖို႔ လုပ္ေဆာင္ေနပါတယ္ ။ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးကေပးပို႔ထားပါတယ္။

လူငယ္မူဝါဒကို ေဖာ္ေဆာင္ဖို႔ ေပါင္းစပ္ညွိႏိူင္းေရးယႏၲယားကို တည္ေထာင္သြားမွာျဖစ္ၿပီး အစိုးရအဖြဲ႕တာဝန္ရွိသူေတြနဲ႔ လူငယ္ေတြအခ်ဳိးက် ပါဝင္သြားမွာျဖစ္ပါတယ္။

လူငယ္မူဝါဒကို အေကာင္အထည္ေဖာ္ဖို႔ အဲ႔ဒီယႏၲယားကို မၾကာခင္အခ်ိန္အတြင္းမွာ ဖြဲ႔စည္းသြားမွာျဖစ္ၿပီး မဟာဗ်ဴဟာခ်မွတ္ေရးကိစၥေတြကို လာမယ့္ေျခာက္လတာအတြင္း အၿပီးသတ္ ေရးဆြဲႏိုင္ဖို႔ လုပ္ေဆာင္သြားမွာပါ။

Soundbite – ကိုလင္းသီဟ အဖြဲ႔ဝင္ လူငယ္မူဝါဒေရးဆြဲေရး ေကာ္မတီ

လူငယ္မူဝါဒေရးဆြဲေရး ျဖစ္စဥ္နဲ႔ အေကာင္အထည္ေဖာ္ရမယ့္ျဖစ္စဥ္ေတြမွာ လူငယ္ အဖြဲ႔အစည္းေတြ ပိုမိုပါဝင္လာဖို႔ ႀကိဳးစားေနရတာျဖစ္ပါတယ္။
လူငယ္နဲ႔သက္ဆိုင္တဲ႔ကိစၥရပ္ေတြမွာ လိင္စိတ္ကြဲျပားတဲ႔ လူငယ္ေတြနဲ႔ မသန္စြမ္းလူငယ္ေတြ ပါဝင္မႈႏူန္းမွာလည္း နည္းပါးေနတာျဖစ္ၿပီး သူတို႔အတြက္ ေထာက္ပံ့မႈေတြ ပိုမိုလိုအပ္ေနတာျဖစ္ပါတယ္။

Soundbite – ကိုေဇာ္မင္းေအာင္ အဖြဲ႔ဝင္ လူငယ္မူဝါဒေရးဆြဲေရး အဖြဲ႔ဝင္

ျမန္မာႏိုင္ငံအတြင္းမွာ လူငယ္နဲ႔ သက္ဆိုင္တဲ႔အဖြဲ႔အစည္းေတြ အမ်ားအျပားရွိေနေပမယ့္ စုစည္းမႈအားနည္းေနတာျဖစ္ၿပီး လူငယ္ေတြရဲ႕ အသံေတြကို က႑အစံုမွာပိုမိုပါဝင္လာႏိုင္ေစဖို႔ ႀကိဳးစားေနၾကတာပဲျဖစ္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်မူဝါဒကို ဖော်ဆောင်နိုင်ဖို့ ပေါင်းစပ်ညှိနိူင်းရေး ယန္တယားကို တည်ထောင်သွားဖို့ လုပ်ဆောင်နေပါတယ် ။ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။

လူငယ်မူဝါဒကို ဖော်ဆောင်ဖို့ ပေါင်းစပ်ညှိနိူင်းရေးယန္တယားကို တည်ထောင်သွားမှာဖြစ်ပြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ လူငယ်တွေအချိုးကျ ပါဝင်သွားမှာဖြစ်ပါတယ်။

လူငယ်မူဝါဒကို အကောင်အထည်ဖော်ဖို့ အဲ့ဒီယန္တယားကို မကြာခင်အချိန်အတွင်းမှာ ဖွဲ့စည်းသွားမှာဖြစ်ပြီး မဟာဗျူဟာချမှတ်ရေးကိစ္စတွေကို လာမယ့်ခြောက်လတာအတွင်း အပြီးသတ် ရေးဆွဲနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။

Soundbite – ကိုလင်းသီဟ အဖွဲ့ဝင် လူငယ်မူဝါဒရေးဆွဲရေး ကော်မတီ

လူငယ်မူဝါဒရေးဆွဲရေး ဖြစ်စဉ်နဲ့ အကောင်အထည်ဖော်ရမယ့်ဖြစ်စဉ်တွေမှာ လူငယ် အဖွဲ့အစည်းတွေ ပိုမိုပါဝင်လာဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။
လူငယ်နဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ လိင်စိတ်ကွဲပြားတဲ့ လူငယ်တွေနဲ့ မသန်စွမ်းလူငယ်တွေ ပါဝင်မှုနူန်းမှာလည်း နည်းပါးနေတာဖြစ်ပြီး သူတို့အတွက် ထောက်ပံ့မှုတွေ ပိုမိုလိုအပ်နေတာဖြစ်ပါတယ်။

Soundbite – ကိုဇော်မင်းအောင် အဖွဲ့ဝင် လူငယ်မူဝါဒရေးဆွဲရေး အဖွဲ့ဝင်

မြန်မာနိုင်ငံအတွင်းမှာ လူငယ်နဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အများအပြားရှိနေပေမယ့် စုစည်းမှုအားနည်းနေတာဖြစ်ပြီး လူငယ်တွေရဲ့ အသံတွေကို ကဏ္ဍအစုံမှာပိုမိုပါဝင်လာနိုင်စေဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)