ရခုိင္ျပည္နယ္ ၿမိဳ႕နယ္ ၁၃ ခုတို႔မွာ ႏွစ္ ၇၀ ေျမာက္ ခ်င္းအမ်ိဳးသားေန႔ကို က်င္းပ(႐ုပ္/သံ)

0
987

ရခုိင္ျပည္နယ္ ၿမိဳ႕နယ္ ၁၃ ခုတို႔မွာ ႏွစ္ ၇၀ ေျမာက္ ခ်င္းအမ်ိဳးသားေန႔ကို က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာက်ေရာက္တဲ့ ႏွစ္ ၇၀ ေျမာက္ ခ်င္းအမ်ိဳးသားေန႔အခမ္းအနားကို ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၁၃ ခုတို႔မွာ တစ္ၿပိဳင္နက္တည္း က်င္းပျပဳလုပ္ခဲ့ၾကပါတယ္။

အဲဒီအခမ္းအနားကို ရခိုင္ျပည္နယ္အတြင္းမွာ ေနထိုင္ၾကတဲ႔ ခ်င္းတိုင္းရင္းသားမ်ိဳးႏြယ္စုဝင္ေတြ တက္ေရာက္ဂုဏ္ျပဳ ခဲ့ၾကၿပီး အခုလိုမ်ိဳး ခ်င္းအမ်ိဳးသားေန႔ကို ရခုိင္ျပည္နယ္အတြင္းမွာ စည္စည္ကားကားက်းင္းပျပဳလုပ္လာခဲ့တာ ၅ ႏွစ္ခန္႔႐ွိၿပီ ျဖစ္ပါတယ္။

Soundbite – ဦးေက်ာ္လြင္ (စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ သတၱဳဝန္ႀကီး)ရခုိင္ျပည္နယ္ အစိုးရအဖြဲ႔

ဒါ့အျပင္ ခ်င္းအမ်ိဳးသားေန႔ကို ရခိုင္ျပည္နယ္မွာ က်င္းပျပဳလုပ္ခြင့္ရ႐ွိလာခဲ့တဲ့အတြက္ တိုင္းရင္းသားမ်ိဳးႏြယ္စုေတြ ႏွစ္စဥ္ႏွစ္တုိင္း ေတြ႔ဆံုခြင့္ရ႐ွိၾကသလို တိုင္းရင္းသားစည္းလံုးညီညြတ္ေရးအတြက္ အေထာက္အကူျပဳေအာင္လို႔က်င္းပျပဳလုပ္ၾကတာျဖစ္ပါတယ္ ။

Soundbite – ဦးေဖတင္ (အခမ္းအနားတက္ေရာက္သူ) ခ်င္းတိုင္းရင္းသား

ရခုိင္ျပည္နယ္အတြင္းမွာ ခ်င္းတိုင္းရင္းသားလူဦးေရ ေျခာက္ေသာင္းဝန္းက်င္ခန္႔ ေနထိုင္လွ်က္႐ွိၿပီးေတာ့ ႏွစ္ ၇၀ ေျမာက္ ခ်င္းအမ်ိဳးသားေန႔ကို စစ္ေတြ၊ ေျမပံု၊ မင္းျပား၊ ေက်ာက္ျဖဴ၊ သံတြဲ၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ပုဏၰားကၽြန္း စတဲ့ၿမိဳ႕နယ္ ၁၃ ခုမွာ က်င္းပျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် မြို့နယ် ၁၃ ခုတို့မှာ နှစ် ၇၀ မြောက် ချင်းအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာကျရောက်တဲ့ နှစ် ၇၀ မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၃ ခုတို့မှာ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားမျိုးနွယ်စုဝင်တွေ တက်ရောက်ဂုဏ်ပြု ခဲ့ကြပြီး အခုလိုမျိုး ချင်းအမျိုးသားနေ့ကို ရခိုင်ပြည်နယ်အတွင်းမှာ စည်စည်ကားကားကျးင်းပပြုလုပ်လာခဲ့တာ ၅ နှစ်ခန့်ရှိပြီ ဖြစ်ပါတယ်။

Soundbite – ဦးကျော်လွင် (စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)ရခိုင်ပြည်နယ် အစိုးရအဖွဲ့

ဒါ့အပြင် ချင်းအမျိုးသားနေ့ကို ရခိုင်ပြည်နယ်မှာ ကျင်းပပြုလုပ်ခွင့်ရရှိလာခဲ့တဲ့အတွက် တိုင်းရင်းသားမျိုးနွယ်စုတွေ နှစ်စဉ်နှစ်တိုင်း တွေ့ဆုံခွင့်ရရှိကြသလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အထောက်အကူပြုအောင်လို့ကျင်းပပြုလုပ်ကြတာဖြစ်ပါတယ် ။

Soundbite – ဦးဖေတင် (အခမ်းအနားတက်ရောက်သူ) ချင်းတိုင်းရင်းသား

ရခိုင်ပြည်နယ်အတွင်းမှာ ချင်းတိုင်းရင်းသားလူဦးရေ ခြောက်သောင်းဝန်းကျင်ခန့် နေထိုင်လျှက်ရှိပြီးတော့ နှစ် ၇၀ မြောက် ချင်းအမျိုးသားနေ့ကို စစ်တွေ၊ မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ သံတွဲ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ် ၁၃ ခုမှာ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)