တောင်ငူမှာ အမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်

0
305

တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု ကံမောက်ကျေးရွာမှာ အမျိုးတစ်ဦး ဒီဇင်ဘာ ၁၈ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။

breaking-news-in-nigeria-august-2nd-2016-newspaper-headlines

အဆုံးစီရင်သူ ဒေါ်အေးအေးကြူ(၃၆ နှစ်)ဟာ စိတ်အခြေအနေ ပုံမှန်မဟုတ်သူတစ်ယောက်ဖြစ်ပြီး စိတ်ချောက်ချားရာကနေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလို့ ခင်ပွန်းဖြစ်သူ ဦးဇင်မင်ထွေး (၃၂ နှစ်)က ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်မှာ တောင်ငူမြို့အမှတ် ၂ နယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်နိုင်နဲ့အဖွဲ့က သွားရောက်စစ်ဆေးရာမှာ ဒေါ်အေးအေးကြူ သေဆုံးနေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူရဲ့အလောင်းကို နံနက် ၂ နာရီ ၁၅ မိနစ်မှာ မှုခင်းဆေးစာနဲ့ တောင်ငူမြို့ ဆေးရုံကို ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်း သေဆုံးမှုဟုတ်မဟုတ် စစ်ဆေးနိုင်ဖို့အတွက် စခန်းမှူး ရဲအုပ်ဇော်နိုင်က သေမှုသေခင်း အမှတ်စဉ် ၁၄/၂၀၁၆ နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)