ေပၚေတာ္မူ ဘုရားငါးဆူအနီး ေနထိုင္သူေတြကို ဖမ္းဆီးခဲ့တာေၾကာင့္ ဆႏၵထုတ္ေဖာ္

0
1150

ေပၚေတာ္မူ ဘုရားငါးဆူအနီး ေနထိုင္သူေတြကို ဖမ္းဆီးခဲ႔တာေၾကာင့္ ေျမယာအေရးလႈပ္ရွားသူ ၃၀၀ ေက်ာ္က ဆႏၵထုတ္ေဖာ္ခဲ႔ပါတယ္။ ဒီသတင္းကုိ MCN မႏၱေလးသတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

မႏၲေလးၿမိဳ႕ ေခ်ာ္ဆိပ္ရပ္ ေပၚေတာ္မူဘုရားငါးဆူ အနီးေနထိုင္ၾကတဲ႔ ဦးေပါက္စအပါအဝင္ ေျခာက္ဦးကို ဖမ္းဆီးခဲ႔တဲ႔အတြက္ ေဒသခံေတြနဲ႔ ေျမယာအေရး လႈပ္ရွားသူေတြ စုေပါင္းဆႏၵထုတ္ေဖာ္ခဲ႔ၾကတာ ျဖစ္ပါတယ္။

အခုလုပ္ရပ္အေပၚမွာ မေက်နပ္မႈေတြမ်ားျပားေနၿပီး အခုလိုဆႏၵထုတ္ေဖာ္တာဟာ မႏၲေလး တိုင္းေဒသႀကီးအတြင္းက ေျမယာကိစၥနဲ႔ပက္သတ္ၿပီး တျခားမမွ်တမႈေတြပါ မ်ားျပားေနတဲ႔အတြက္ အခုလို ဆႏၵထုတ္ေဖာ္ခဲ႔ၾကတာပါ။

အင္တာဗ်ဴး ဦးလင္းထင္စိုး
ေျမယာအေရးလႈပ္ရွားသူ

ဆႏၵထုတ္ေဖာ္သူေတြအေနနဲ႔ ေပၚေတာ္မူဘုရားကေနစတင္ၿပီး ၈၄လမ္း ၃၅လမ္းအထိ လမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္ခဲ႔တာပါ။အဓိကအေနနဲ႔ ေျမယာအေရးကိစၥေတြကို အမွန္အတိုင္းေဆာင္ရြက္ေပးဖို႔ ေျမယာအေရးလႈပ္ရွားသူေတြကို ဖမ္းဆီး တရားစြဲဆိုေနတာေတြကို ရပ္တန္႔ေပးဖို႔ ေတာင္းဆိုခဲ႔ၾကတာပါ။

အင္တာဗ်ဴး ဦးတိုးႀကီး
ဦးေဆာင္ဆႏၵထုတ္ေဖာ္သူ

ေရေၾကာင္းရဲတပ္ဖြဲ႕(မႏၲေလး)က (ႏိုဝင္ဘာ ၁၀ရက္) မနက္ပိုင္းက ၿခံစည္း႐ိုးကာဖုိ႔ အတြက္ ၿခံစည္း႐ိုးတိုင္ေတြ စိုက္ထူရာမွာ အဲ႔ဒီေနရာမွာ ေနထိုင္ၾကတဲ႔ ဦးေပါက္စနဲ႔ မိသားစုဝင္ေတြက တုတ္၊ သံတူရြင္း တို႔နဲ႔ ကိုယ္ထိလက္ေရာက္ျပဳလုပ္တဲ႔အတြက္ ဖမ္းဆီးခဲ႔တာျဖစ္တယ္လို႔ ထုတ္ျပန္ထားတာ လည္းျဖစ္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပေါ်တော်မူ ဘုရားငါးဆူအနီး နေထိုင်သူတွေကို ဖမ်းဆီးခဲ့တာကြောင့် မြေယာအရေးလှုပ်ရှားသူ ၃၀ဝ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

မန္တလေးမြို့ ချော်ဆိပ်ရပ် ပေါ်တော်မူဘုရားငါးဆူ အနီးနေထိုင်ကြတဲ့ ဦးပေါက်စအပါအဝင် ခြောက်ဦးကို ဖမ်းဆီးခဲ့တဲ့အတွက် ဒေသခံတွေနဲ့ မြေယာအရေး လှုပ်ရှားသူတွေ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလုပ်ရပ်အပေါ်မှာ မကျေနပ်မှုတွေများပြားနေပြီး အခုလိုဆန္ဒထုတ်ဖော်တာဟာ မန္တလေး တိုင်းဒေသကြီးအတွင်းက မြေယာကိစ္စနဲ့ပက်သတ်ပြီး တခြားမမျှတမှုတွေပါ များပြားနေတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အင်တာဗျူး ဦးလင်းထင်စိုး
မြေယာအရေးလှုပ်ရှားသူ

ဆန္ဒထုတ်ဖော်သူတွေအနေနဲ့ ပေါ်တော်မူဘုရားကနေစတင်ပြီး ၈၄လမ်း ၃၅လမ်းအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့တာပါ။အဓိကအနေနဲ့ မြေယာအရေးကိစ္စတွေကို အမှန်အတိုင်းဆောင်ရွက်ပေးဖို့ မြေယာအရေးလှုပ်ရှားသူတွေကို ဖမ်းဆီး တရားစွဲဆိုနေတာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

အင်တာဗျူး ဦးတိုးကြီး
ဦးဆောင်ဆန္ဒထုတ်ဖော်သူ

ရေကြောင်းရဲတပ်ဖွဲ့(မန္တလေး)က (နိုဝင်ဘာ ၁၀ရက်) မနက်ပိုင်းက ခြံစည်းရိုးကာဖို့ အတွက် ခြံစည်းရိုးတိုင်တွေ စိုက်ထူရာမှာ အဲ့ဒီနေရာမှာ နေထိုင်ကြတဲ့ ဦးပေါက်စနဲ့ မိသားစုဝင်တွေက တုတ်၊ သံတူရွင်း တို့နဲ့ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာ လည်းဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)