ျပန္ပို႔မယ္႔ ဘဂၤါလီစာရင္းေတြ အခ်ိန္တစ္ပါတ္ယူျပီးအတည္ျပဳ ေဆာင္ရြက္ေပးမယ္ (႐ုပ္/သံ)

0
928

ဘဂၤလားေဒ့ရွ္ဘက္က ျမန္မာနိုင္ငံျပန္ပို႕႔မယ္႔ ဘဂၤါလီစာရင္းေတြကို အခ်ိန္တစ္ပါတ္ယူျပီးအတည္ျပဳေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္ ။ ဒီသတင္းကို MCN ေနျပည္ေတာ္သတင္းေထာက္ ျဖိဳးသက္ပိုင္ျမင့္ကေပးပို႕႔ထားျပီး တင္ေမာင္ေထြးကတင္ဆက္ေပးထားပါတယ္ ။

ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကေန ျမန္မာႏိုင္ငံကို ျပန္လာမယ့္ ဘဂၤလီဒုကၡသည္စာရင္းကို ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္က ေဖေဖၚ၀ါရီ ၁၇ ရက္ေန႔က ျမန္မာႏိုင္ငံဘက္ကို လႊဲေျပာင္းေပးထားပါတယ္။

ျပန္လည္လက္ခံေရးကိစၥနဲ႔ ပတ္သက္ျပီး ျပည္ထဲေရး၀န္ၾကီးနဲ႔အၾကမ္းဖ်င္းေဆြးေႏြးျဖစ္သလို ေဖေဖၚ၀ါရီ ၂၀ ရက္ေန႔မွာလည္း ဘဂၤလားေဒ့ရွ္တာ၀န္ရွိသူေတြနဲ႔ နယ္စပ္အနီးမွာ ေဆြးေႏြးသြားဖို႔ရွိေနတာပါ ။
ျမန္မာနိုင္ငံဘက္ကေန ဒီစာရင္းေတြ အတည္ျပဳဖို႔အတြက္ အခ်ိန္ ၁ ပတ္အတြင္း အျပီး ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး ဦးသိန္းေဆြ က ေျပာပါတယ္။

Soundbite – ဦးသိန္းေဆြ ျပည္ေထာင္စု၀န္ၾကီး၊ အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး႒ာန)

ျပီးခဲ႔တဲ႔ရင္ပိုင္းအတြင္းက ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ဘဂၤါလီအေရးနဲ႔ပါတ္သက္လို႔ ႏွစ္ႏိုင္ငံျပည္ထဲေရး၀န္ၾကီးအဆင့္ေဆြးေႏြးပြဲျပဳလုပ္ခဲ႔ျပီး ဒီေဆြးေႏြးပြဲမွာ ျမန္မာျပည္ထဲေရး၀န္ၾကီးကို ပထမအသုတ္အေနနဲ႔ ျပန္လာမယ့္ ဘဂၤလီ အိမ္ေထာင္စု ၁၆၃၇ စုက လူဦးေရ ရွစ္ေထာင္ေက်ာ္ ရဲ႕အမည္စာရင္းကို ဘဂၤလားေဒ့ရွ္အစုိးရက လႊဲေျပာင္းေပးခဲ့တာပါ။

Soundbite – ဦးသိန္းေဆြ ( ျပည္ေထာင္စု၀န္ၾကီး၊ အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး႒ာန)

2017 ႏွစ္အတြင္းက ျဖစ္ပြားခဲ့တ့ဲ ရခုိင္ျပည္နယ္အတြင္း ပဋိပကၡျဖစ္စဥ္ေတြေၾကာင့္ ဘဂၤလားေဒရွ္ကို ထြက္ေျပးသြားတဲ႔သူေတြကို ၂၀၁၈ ဇန္န၀ါရီ ၂၃ ရက္ေန႔မွာ ျပန္လည္လက္ခံဖို႔ နွစ္နိုင္ငံသေဘာတူ သတ္မွတ္ခဲ့ေပမယ့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္က ေဖေဖၚ၀ါရီလအတြင္းမွာမွ အေၾကာင္းျပန္ခဲ့တာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနိုင်ငံပြန်ပို့မယ့် ဘင်္ဂါလီစာရင်းတွေကို အချိန်တစ်ပါတ်ယူပြီးအတည်ပြုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ။ ဒီသတင်းကို MCN နေပြည်တော်သတင်းထောက် ဖြိုးသက်ပိုင်မြင့်ကပေးပို့ထားပြီး တင်မောင်ထွေးကတင်ဆက်ပေးထားပါတယ် ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ဘင်္ဂလီဒုက္ခသည်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးထားပါတယ်။

ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးနဲ့အကြမ်းဖျင်းဆွေးနွေးဖြစ်သလို ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှာလည်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေနဲ့ နယ်စပ်အနီးမှာ ဆွေးနွေးသွားဖို့ရှိနေတာပါ ။
မြန်မာနိုင်ငံဘက်ကနေ ဒီစာရင်းတွေ အတည်ပြုဖို့အတွက် အချိန် ၁ ပတ်အတွင်း အပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

Soundbite – ဦးသိန်းဆွေ ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန)

ပြီးခဲ့တဲ့ရင်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂါလီအရေးနဲ့ပါတ်သက်လို့ နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒီဆွေးနွေးပွဲမှာ မြန်မာပြည်ထဲရေးဝန်ကြီးကို ပထမအသုတ်အနေနဲ့ ပြန်လာမယ့် ဘင်္ဂလီ အိမ်ထောင်စု ၁၆၃၇ စုက လူဦးရေ ရှစ်ထောင်ကျော် ရဲ့အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက လွှဲပြောင်းပေးခဲ့တာပါ။

Soundbite – ဦးသိန်းဆွေ ( ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန)

2017 နှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေရှ်ကို ထွက်ပြေးသွားတဲ့သူတွေကို ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံသဘောတူ သတ်မှတ်ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဖေဖေါ်ဝါရီလအတွင်းမှာမှ အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)