ကမန္တိုင္းရင္းသား ကေလးငယ္ေတြ ပညာသင္ၾကားခြင့္ဆံုးရႈံးေန (႐ုပ္/သံ)

0
959

စစ္ေတြၿမိဳ႕နယ္အတြင္းက ကမန္တိုင္းရင္းသားေက်ာင္းသားတခ်ဳိ႕ဟာ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္းကစျပီး ပညာသင္ၾကားခြင့္ ဆံုးရႈံးေနၾကပါတယ္ ။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္အတြင္းမွာ႐ွိတဲ့ ကမန္တိုင္းရင္းသားမ်ိဳးႏြယ္စုေတြရဲ႕ ေက်ာင္းသားတခ်ိဳ႕တို႔ဟာ ၂၀၁၂ ခုႏွစ္ ဘဂၤါလီ-ရခိုင္ ပဋိပကၡေနာက္ပိုင္းကေန ပညာဆက္လက္သင္ၾကားခြင့္မရ႐ွိဘဲ ျဖစ္ေနၾကပါတယ္။

ကမန္ေက်ာင္းသားေတြဟာ အရင္ကစစ္ေတြၿမိဳ႕ေပၚမွာ႐ွိတဲ့ အေျခခံပညာေက်ာင္းေတြမွာ ပညာသင္ၾကားခဲ့ၾကေပမယ့္ ပဋိပကၡျဖစ္ပြားတဲ့အခ်ိန္မွာ အစၥလမ္ဘာသာကိုးကြယ္သူေတြကို သီးျခားခြဲထားလိုက္တဲ့အတြက္ ပညာသင္ၾကားဖို႔ အခက္ အခဲေတြျဖစ္ေနတာပါ ။

Soundbite – ဦးလွတိုး (ဒုဥကၠဌ) ကမန္အမ်ိဳးသားတိုးတက္ေရးပါတီ

ဒါ့အျပင္ ပညာသင္ၾကားခြင့္ဆံုး႐ံႈးေနၾကတဲ့ ကမန္ေက်ာင္းသားေတြကို သေကၤျပင္ေက်ာင္းမွာ တက္ဖို႔ခြင့္ျပဳေပးခဲ့ေပမယ့္ ဘဂၤါလီေတြနဲ႔အတူေက်ာင္းတက္ဖို႔ အခက္အခဲ႐ွိေနတာေၾကာင့္ ပညာသင္ၾကားမႈကို ရပ္နားခဲ့ၾကရတာ ျဖစ္ပါတယ္။

Soundbite – ဦးခင္ဝင္း (ရာအိမ္မွဴး) သာယာကုန္းေက်း႐ြာ (ကမန္)

ဒီကိစၥကို ကမန္အမ်ိဳးသားတိုးတက္ေရးပါတီအေနနဲ႔ ေက်ာင္းသား သံုးရာေက်ာ္ပညာသင္ၾကားခြင့္ရ႐ွိေရးအတြက္ ၿပီးခဲ့တဲ့အစိုးရ လက္ထက္ကေန ေတာင္းဆိုလာခဲ့တာေၾကာင့္ လက္႐ွိမူလတန္းေက်ာင္းကို အလက(ခြဲ)အျဖစ္ အဆင့္ျမွင့္တင္ေပးလိုက္ ေပမယ့္ အထက္တန္းနဲ႔ တကၠသိုလ္ပညာရပ္ေတြကိုသင္ၾကားခြင့္ရ႐ွိဖို႔အတြက္ အခက္အခဲ႐ွိေနေသးတာျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့နယ်အတွင်းက ကမန်တိုင်းရင်းသားကျောင်းသားတချို့ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကစပြီး ပညာသင်ကြားခွင့် ဆုံးရှုံးနေကြပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ကမန်တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ကျောင်းသားတချို့တို့ဟာ ၂၀၁၂ ခုနှစ် ဘင်္ဂါလီ-ရခိုင် ပဋိပက္ခနောက်ပိုင်းကနေ ပညာဆက်လက်သင်ကြားခွင့်မရရှိဘဲ ဖြစ်နေကြပါတယ်။

ကမန်ကျောင်းသားတွေဟာ အရင်ကစစ်တွေမြို့ပေါ်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ပညာသင်ကြားခဲ့ကြပေမယ့် ပဋိပက္ခဖြစ်ပွားတဲ့အချိန်မှာ အစ္စလမ်ဘာသာကိုးကွယ်သူတွေကို သီးခြားခွဲထားလိုက်တဲ့အတွက် ပညာသင်ကြားဖို့ အခက် အခဲတွေဖြစ်နေတာပါ ။

Soundbite – ဦးလှတိုး (ဒုဥက္ကဌ) ကမန်အမျိုးသားတိုးတက်ရေးပါတီ

ဒါ့အပြင် ပညာသင်ကြားခွင့်ဆုံးရှုံးနေကြတဲ့ ကမန်ကျောင်းသားတွေကို သင်္ကေပြင်ကျောင်းမှာ တက်ဖို့ခွင့်ပြုပေးခဲ့ပေမယ့် ဘင်္ဂါလီတွေနဲ့အတူကျောင်းတက်ဖို့ အခက်အခဲရှိနေတာကြောင့် ပညာသင်ကြားမှုကို ရပ်နားခဲ့ကြရတာ ဖြစ်ပါတယ်။

Soundbite – ဦးခင်ဝင်း (ရာအိမ်မှူး) သာယာကုန်းကျေးရွာ (ကမန်)

ဒီကိစ္စကို ကမန်အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ကျောင်းသား သုံးရာကျော်ပညာသင်ကြားခွင့်ရရှိရေးအတွက် ပြီးခဲ့တဲ့အစိုးရ လက်ထက်ကနေ တောင်းဆိုလာခဲ့တာကြောင့် လက်ရှိမူလတန်းကျောင်းကို အလက(ခွဲ)အဖြစ် အဆင့်မြှင့်တင်ပေးလိုက် ပေမယ့် အထက်တန်းနဲ့ တက္ကသိုလ်ပညာရပ်တွေကိုသင်ကြားခွင့်ရရှိဖို့အတွက် အခက်အခဲရှိနေသေးတာဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)