ကေလးလုပ္သားပေပ်ာက္ေရးထက္ ေလ်ာ့နည္းသြားေအာင္သာ အဓိကလုပ္ေဆာင္မယ္ (႐ုပ္/သံ)

0
284

အရြယ္မေရာက္ေသးတဲ့ ကေလးလုပ္သားေတြ လံုး၀ပေပ်ာက္သြားဖို႔ ဆုိတာထက္ ေလ်ာ့နည္းသြားဖု႔ိကိုသာ ပညာေပးျခင္း၊ တားဆီးျခင္းေတြနဲ႔ အဓိကထားေဆာင္ရြက္သြားဖို႔ရွိေနပါတယ္ ။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

ေဖေဖၚ၀ါရီ ၁၉ ရက္က ေနျပည္ေတာ္ရွိ အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး႒ာနမွာ ျပဳလုပ္တဲ့ ျမန္မာႏုိင္ငံကေလးအလုပ္သမားပေပ်ာက္ေရးဆိုင္ရာအမ်ိဳးသားေကာ္မတီရဲ႕ ပထမအၾကိမ္အစည္းအေ၀းျပဳလုပ္ခဲ႔ပါတယ္ ။

ဒီပြဲအျပီးမွာ ျပည္ေထာင္စု၀န္ၾကီးဦးသိန္းေဆြက ကေလးလုပ္သားေတြမရွိဖို႔ဆိုတာ အေတာ္ေလးခက္တာေၾကာင့္ ေလ်ာ့နည္းပေပ်ာက္ဖုိ႔နဲ႔ ရွင္သန္ခြင့္အတြက္ ေဆာင္ရြက္ေပးသြားမွာျဖစ္တယ္လုိ႔ ေျပာၾကားလိုက္တာပါ ။
Soundbite- ဦးသိန္းေဆြ( ျပည္ေထာင္စု၀န္ၾကီး၊အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး႒ာန)

၂၀၁၇ ခုႏွစ္ ပထမသံုးလပတ္ အလုပ္သမားအင္အားစစ္တမ္းေတြအရ အသက္ ၅ ႏွစ္ကေန ၁၇ ႏွစ္အတြင္း ကေလးဦးေရ ၁၂ သန္းေက်ာ္မွာ ကေလးလုပ္သားဦးေရ ၅ ရာခုိင္ႏႈန္း၊ အႏၱရယ္ရွိႏုိင္တဲံ လုပ္ငန္းခြင္ေတြမွာ အလုပ္လုပ္ေနရတဲ့ ကေလးအလုပ္သမား ၄.၉ ရာခုိင္ႏႈန္းပါ၀င္ေနတာပါ ။

ကေလးလုပ္သားနဲ႔ပါတ္သက္တဲ႔ စာရင္းေတြကို အစိုးရအေနနဲ႔ အေသးစိတ္ထပ္မံေကာက္သြားမွာျဖစ္ျပီး ကေလးလုပ္သားေတြအတြက္ ကၽြမ္းက်င္မႈသင္တန္းေတြ၊ အတန္းပညာေရး ေတြကိုသင္ၾကားေပးဖို႔ရွိေနပါတယ္ ။

Soundbite- – ဦးသိန္းေဆြ ( ျပည္ေထာင္စု၀န္ၾကီး၊အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး႒ာန)

ျမန္မာႏုိင္ငံမွာ ကေလးအလုပ္သမား ပေပ်ာက္ေရးအတြက္ အမ်ိဳးသားေကာ္မတီကို အဖြဲ႔၀င္ ၃၇ ဦးနဲ႔ ၂၀၁၈ ခုႏွစ္ ေဖေဖၚ၀ါရီလ ၅ ရက္ေန႔က ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕ အမိန္႔ေၾကာ္ျငာခ်က္နဲ႔ ဖြ႔ဲစည္းထားျပီး လုပ္ငန္းတာ၀န္ ၈ ခု သတ္မွတ္ထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရွယ်မရောက်သေးတဲ့ ကလေးလုပ်သားတွေ လုံးဝပပျောက်သွားဖို့ ဆိုတာထက် လျော့နည်းသွားဖို့ကိုသာ ပညာပေးခြင်း၊ တားဆီးခြင်းတွေနဲ့ အဓိကထားဆောင်ရွက်သွားဖို့ရှိနေပါတယ် ။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက်ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

ဖေဖေါ်ဝါရီ ၁၉ ရက်က နေပြည်တော်ရှိ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးပြုလုပ်ခဲ့ပါတယ် ။

ဒီပွဲအပြီးမှာ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ကလေးလုပ်သားတွေမရှိဖို့ဆိုတာ အတော်လေးခက်တာကြောင့် လျော့နည်းပပျောက်ဖို့နဲ့ ရှင်သန်ခွင့်အတွက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားလိုက်တာပါ ။
Soundbite- ဦးသိန်းဆွေ( ပြည်ထောင်စုဝန်ကြီး၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန)

၂၀၁၇ ခုနှစ် ပထမသုံးလပတ် အလုပ်သမားအင်အားစစ်တမ်းတွေအရ အသက် ၅ နှစ်ကနေ ၁၇ နှစ်အတွင်း ကလေးဦးရေ ၁၂ သန်းကျော်မှာ ကလေးလုပ်သားဦးရေ ၅ ရာခိုင်နှုန်း၊ အန္တရယ်ရှိနိုင်တဲံ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေရတဲ့ ကလေးအလုပ်သမား ၄.၉ ရာခိုင်နှုန်းပါဝင်နေတာပါ ။

ကလေးလုပ်သားနဲ့ပါတ်သက်တဲ့ စာရင်းတွေကို အစိုးရအနေနဲ့ အသေးစိတ်ထပ်မံကောက်သွားမှာဖြစ်ပြီး ကလေးလုပ်သားတွေအတွက် ကျွမ်းကျင်မှုသင်တန်းတွေ၊ အတန်းပညာရေး တွေကိုသင်ကြားပေးဖို့ရှိနေပါတယ် ။

Soundbite- – ဦးသိန်းဆွေ ( ပြည်ထောင်စုဝန်ကြီး၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန)

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အမျိုးသားကော်မတီကို အဖွဲ့ဝင် ၃၇ ဦးနဲ့ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်ကြော်ငြာချက်နဲ့ ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန် ၈ ခု သတ်မှတ်ထားပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)