လေညာအမျိုးသားဥယျာဉ် စီမံကိန်းကြောင့် ဒေသခံတွေပြောင်းရွှေ့ရမှာကို စိုးရိမ်နေ (ရုပ်/သံ)

0
868







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ အကောင်အထည်ဖော်မယ့် လေညာအမျိုးသားဥယျာဉ်နဲ့ တနင်္သာရီအမျိုးသားဥယျာဉ်စီမံကိန်းကြောင့် ဒေသခံတွေမြေယာဆုံးရူံးမှာ စိုးရိမ်နေကြပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် အောင်သူ ကတင်ဆက်ပေးထားပါတယ် ။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း အကောင်အထည် ဖော်ဖို့ရှိနေတဲ့ လေညာ အမျိုးသားဥယျာဉ်နဲ့ တနင်္သာရီ အမျိုးသားဥယျာဉ်ထဲမှာ ပါဝင်တဲ့ကျေးရွာတွေ ပြောင်းရွေ့ပေးရမယ့်အရေး စိတ်ပူနေကြပါတယ် ။ အဲ့ဒီစီမံကိန်းမြေထဲမှာ ကျေးရွာပေါင်း (၅၀) ကျော် ပါဝင်ပြီး ဒေသခံတွေက ဥယျာဉ်ခြံမြေတွေနဲ့ မြေယာတွေ ဆုံးရှုံးရမှာကို စိုးရိမ်နေကြတာပါ ။

Soundbite – ကိုစောမြ (ချောင်းဆုံကျေးရွာ ဒေသခံ)

လက်ရှိအချိန်မှာ လေညာ အမျိုးသားဥယျာဉ်နဲ့ တနင်္သာရီ အမျိုးသားဥယျာဉ် နယ်မြေသက်မှတ်ဖို့လုပ်ဆောင်နေတာဟာ ပျောက်ကွယ်လူနီး မျိုးစိတ်တွေ ဆက်လက်ရှင်သန်ရပ်တည်ရေး အတွက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
အဲ့ဒီအမျိုးသားဥယဉ်ဖော်ဆောင်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့စည်းများလာရောက်လေ့လာမှုတွေလည်း လုပ်ဆောင်ထားပြီးဖြစ်ပါတယ် ။

Soundbite – ဦးမောင်မြင့် (ရတနာပုံကျေးရွာ ဒေသခံ)

တနင်္သာရီ အမျိုးသား ဥယျာဉ်အတွင်းက ကျေးရွာ (၂၉) ရွာကို မြန်မာအစိုးရက အုပ်ချုပ်ပြီး ကျန်ရှိတဲ့ (၁၃) ရွာကို မြန်မာအစိုးရနဲ့ knu တို့အုပ်ချုပ်နယ်မြေထဲမှာတည်ရှိတာဖြစ်ပါတယ် ။ တနင်္သာရီ အမျိုးသား ဥယျာဉ်ကို၂၀၁၂ ခုနှစ်မှာ စီစစ်ကာ အတည်ပြု ထူထောင်ဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)