ပဲ အထွက်နည်းနေတာကြောင့် ဈေးကွက်အတွင်းမှာ ဈေးနူန်းမြှင့်မားမှုတွေ ဖြစ်ပေါ် နေ (ရုပ်/သံ)
0
930
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ပြည်တွင်းသုံးပဲတွေ အထွက်နည်းနေတာကြောင့် ဈေးကွက်အတွင်းမှာ ဈေးနူန်းမြှင့်မားမှုတွေ ဖြစ်ပေါ် နေပါတယ် ။ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။
မြန်မာပြည်တွင်းမှာ စားသုံးလေ့ရှိတဲ့ ပဲအမျိုးအစားတွေထွက်ရှိမှုနုန်း နည်းပါးနေတဲ့အတွက် ဈေးကွက်အတွင်းမှာ ဈေးနူန်းမြင့်မားမှုတွေရှိနေတာဖြစ်ပါတယ်။
ပဲသစ်ပေါ်ချိန်ဖြစ်ပေမယ့် အထွက်နူန်းနည်းတဲ့အတွက် ဈေးနူန်းမှာ သိသိသာသာကျဆင်းသွားတာမျိုး မရှိပဲ ဈေးနူန်းမြှင့်မားနေတာဖြစ်ပြီး တောင်သူတွေအပါအဝင် စားသုံးသူတွေအနေနဲ့ အဆင်မပြေမှုတွေ ကြုံလာဖို့ရှိနေတာပါ။
Soundbite – ဦးကျော်သွင် (အထွေထွေ အတွင်းရေးမှူး) မန္တလေး ကုန်စည်ဒိုင် မဟာကထိန်တော်အသင်း
အထက်မြန်မာပြည်ပဲဈေးကွက်အတွင်းကို အသစ်ပေါ်လာတဲ့ ပဲတွေ အဝင်နည်းနေတာဖြစ်ပြီး လက်ရှိ ပဲ ရာသီအတွက် ဈေးနူန်းကျသွားဖို့ မရှိပဲ ဖြစ်နေတာပါ။
တရုတ်နှစ်သစ်ကူး ကာလဖြစ်ပေမယ့် တရုတ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ ပဲအမျိုးအစားတွေ အနေနဲ့တော့ သိသိသာသာ ဈေးနူန်းပြောင်းလဲသွားတာမျိုးမရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။
Soundbite – ဦးကျော်သွင် (အထွေထွေ အတွင်းရေးမှူး) မန္တလေး ကုန်စည်ဒိုင် မဟာကထိန်တော်အသင်း
ပဲထွက်နူန်းတွေ ကျဆင်းလာတဲ့အတွက် တောင်သူတွေအနေနဲ့ ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ကောင်းမွန်နိုင်တဲ့ ပဲတွေကို ရွေးချယ်စိုက်ပျိုးကြဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်ခင်ဗျာ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)