ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတွေက လွတ်လပ်စွာ သွားလာနိုင်ဖို့ လိုလား (ရုပ်/သံ)

0
206

ကယ်ဆယ်ရေးစခန်းတွေကို ပိတ်သိမ်းတာထက် လွတ်လပ်စွာသွားလာခွင့် ရရှိဖို့လိုအပ်တယ်လို့ သက္ကေပြင်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို သုံးရက်အကြာခရီးစဉ်အဖြစ် လာရောက်လေ့လာမှုတွေပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mrs.Christine Schraner Burgener ဟာ အောက်တိုဘာလ ၁၆ ရက်နေ့က စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ သက္ကေပြင်ကယ်ဆယ်ရေးစခန်းနဲ့ အောင်မင်္ဂလာကျေးရွာတွေကို သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Mrs.Christine Schraner Burgenerဟာ သက္ကေပြင်ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတွေနဲ့ တွေ့ဆုံတဲ့အခါ မကြာခင် စခန်းတွေကိုပိတ်သိမ်းတော့မှာဖြစ်တဲ့အတွက် ဘာတွေလိုအပ်ချက်တွေရှိနေလဲဆိုတာကို သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တာပါ။

အင်တာဗျူး – ဦးရွှေလှ (ရပ်မိရပ်ဖ)
သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်း

စခန်းမှာနေထိုင်သူတွေဟာ နိုင်ငံတကာအထောက်အပံ့ပေးမှုတွေကို အဓိကအားကိုးနေကြရတာကြောင့် စခန်းတွေကို ပိတ်သိမ်းပြီးတော့ သီးသန့်နေအိမ်တွေနဲ့ ထားရှိမယ်ဆိုရင် အခက်အခဲဖြစ်သွားနိုင်တယ်လို့ သက္ကေပြင်ကယ်ဆယ်ရေးစခန်း မှာနေထိုင်သူတွေကပြောပါတယ်။
သူတို့ဟာ အရင်က စစ်တွေမြို့ပေါ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ အတူနေထိုင်လာခဲ့ကြသူတွေဖြစ်တဲ့အတွက် မူလကရရှိခဲ့တဲ့ တန်းတူရည်တူအခွင့်အရေးတွေကိုပဲ ပြန်လိုချင်တယ်လို့ ပြောပါတယ်။

အင်တာဗျူး – ဦးကျော်တင် (ကော်မတီဝင်)
သက္ကေပြင်ကယ်ဆယ်ရေးစခန်း

အခုလိုမျိုးစခန်းတွေမှာ နေထိုင်နေကြတဲ့သူတွေရဲ့ ရသင့်တဲ့အခွင့်အရေးတွေကိုရရှိလာဖို့အတွက် အစိုးရကတစ်ဆင့်ချင်း ပြင်ဆင်နေကြောင်းနဲ့ Mrs.Christine Schraner Burgener အနေနဲ့လည်း တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ အစိုးရကို တိုက်တွန်းမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)