အမႈိက္ပုံေတြ ေျပာင္းေရႊ႕ဖုိ႔ အစားထုိး ေျမေနရာလုိအပ္ (႐ုပ္/သံ)

0
336

စစ္ေတြၿမိဳ႕အမိႈက္ပံုကို ေျပာင္းေရႊ႕ဖုိ႔ အစားထိုး ေျမေနရာအခက္အခဲရွိေနပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

စစ္ေတြၿမိဳ႕က ေန႔စဥ္ထြက္ရွိေနတဲ့အမိႈက္ေတြကို ၿမိဳ႕နယ္စည္ပင္က လက္ရွိစြန္႔ပစ္ေနတဲ့ေနရာဟာ လူေနရပ္ကြက္ေတြနဲ႔နီးၿပီး ၿမိဳ႕ေပၚေနရာျဖစ္ေနတဲ့အတြက္ မသင့္ေတာ္တာေၾကာင့္ ေျပာင္းေရႊ႕ဖုိ႔ ျပင္ဆင္ေနေပမယ့္ အမိႈက္က်င္းျပဳလုပ္္မယ့္ ေျမေနရာခက္အခဲရွိေနတာ ျဖစ္ပါတယ္။

လက္ရွိမွာ အမိႈက္ေတြကို စစ္ေတြသုသာန္ေနရာမွာ စြန္႔ပစ္ေနရတာျဖစ္ၿပီး အဲဒီအမိႈက္ပံုကို မေျပာင္းေရႊ႕ႏုိင္ေသးေပမယ့္ အစားထိုးေျမေနရာ ရွာေဖြေနဆဲျဖစ္ေၾကာင္းနဲ႔ ေျမေနရာရရွိပါက ေျပာင္းေရႊ႕သြားမွာျဖစ္တယ္လို႔ စည္ပင္ယာယာေရး ဝန္ႀကီးကေျပာပါတယ္။

အင္တာဗ်ဴး -ဦးဝင္းျမင့္(စည္ပင္သာယာေရးဝန္ႀကီး)
ရခိုင္ျပည္နယ္အစိုးရအဖြဲ႔

အဲဒီအမိႈက္ပံုက ထြက္ရွိတဲဲ့ အနံ႔အသက္ေတြနဲ႔ယင္ေကာင္ေတြဟာ လူေနရပ္ကြက္ေတြကို ေရာက္ရွိလာေနတာေၾကာင့္လည္း က်န္းမာေရးထိခို္က္မွာကို စိုးရိမ္ေနရတာျဖစ္ပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္အတြင္း လာမယ့္ ၂၀၁၈-၁၉ ဘ႑ာႏွစ္မွာ ၿမိဳ႕နယ္အားလံုးကို သန္႔ရွင္းေရးျပဳလုပ္ဖုိ႔ စီစဥ္ထားၿပီး အမိႈက္က်င္းမရွိေသးတဲ့ ၿမိဳ႕နယ္ေတြကို အမိႈက္က်င္းေတြရွာေဖြထားဖုိ႔ ညႊန္ၾကားထားတယ္လို႔ ေျပာပါတယ္။

အင္တာဗ်ဴး -ဦးဝင္းျမင့္(စည္ပင္သာယာေရးဝန္ႀကီး)
ရခိုင္ျပည္နယ္အစိုးရအဖြဲ႔
စစ္ေတြၿမိဳ႕ဟာ အေရွ႕ဘက္မွာ ကုလားတန္ျမစ္ ေတာင္ဘက္နဲ႔ အေနာက္ဘက္မွာ ပင္လယ္ကမ္းေျခ တည္ရွိေနၿပီး ကုန္းတြင္းပိုင္းဟာ တပ္နယ္ေျမေတြျဖစ္ေနတာေၾကာင့္ ၿမိဳ႕ဧရိယာက်ဥ္းလြန္းတဲ့အတြက္ အခုလိုအမိႈက္စြန္႔ပစ္မယ့္ အေျမေနရာအခက္အခဲရွိေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ရခုိင္ျပည္နယ္က ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္မွာ စည္ပင္သာယာအမိႈက္သယ္ကား ၆၇ စီးသာရွိၿပီး လုပ္သားအင္အားနည္းပါးတာေၾကာင့္ ရပ္ကြက္ေတြကထြက္ရွိတဲ့အမိႈက္ေတြကို သိမ္းဆည္းတဲ့အခါအမွာ အဆင္မေျပမႈေတြရွိေနတယ္လို႔ ဝန္ႀကီး ဦးဝင္းျမင့္ကေျပာပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမှိုက်ပုံတွေ ပြောင်းရွှေ့ဖို့ အစားထိုး မြေနေရာလိုအပ် (ရုပ်/သံ)

စစ်တွေမြို့အမှိုက်ပုံကို ပြောင်းရွှေ့ဖို့ အစားထိုး မြေနေရာအခက်အခဲရှိနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

စစ်တွေမြို့က နေ့စဉ်ထွက်ရှိနေတဲ့အမှိုက်တွေကို မြို့နယ်စည်ပင်က လက်ရှိစွန့်ပစ်နေတဲ့နေရာဟာ လူနေရပ်ကွက်တွေနဲ့နီးပြီး မြို့ပေါ်နေရာဖြစ်နေတဲ့အတွက် မသင့်တော်တာကြောင့် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပေမယ့် အမှိုက်ကျင်းပြုလုပ်မယ့် မြေနေရာခက်အခဲရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အမှိုက်တွေကို စစ်တွေသုသာန်နေရာမှာ စွန့်ပစ်နေရတာဖြစ်ပြီး အဲဒီအမှိုက်ပုံကို မပြောင်းရွှေ့နိုင်သေးပေမယ့် အစားထိုးမြေနေရာ ရှာဖွေနေဆဲဖြစ်ကြောင်းနဲ့ မြေနေရာရရှိပါက ပြောင်းရွှေ့သွားမှာဖြစ်တယ်လို့ စည်ပင်ယာယာရေး ဝန်ကြီးကပြောပါတယ်။

အင်တာဗျူး -ဦးဝင်းမြင့်(စည်ပင်သာယာရေးဝန်ကြီး)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

အဲဒီအမှိုက်ပုံက ထွက်ရှိတဲ့ အနံ့အသက်တွေနဲ့ယင်ကောင်တွေဟာ လူနေရပ်ကွက်တွေကို ရောက်ရှိလာနေတာကြောင့်လည်း ကျန်းမာရေးထိခိ်ုက်မှာကို စိုးရိမ်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ မြို့နယ်အားလုံးကို သန့်ရှင်းရေးပြုလုပ်ဖို့ စီစဉ်ထားပြီး အမှိုက်ကျင်းမရှိသေးတဲ့ မြို့နယ်တွေကို အမှိုက်ကျင်းတွေရှာဖွေထားဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

အင်တာဗျူး -ဦးဝင်းမြင့်(စည်ပင်သာယာရေးဝန်ကြီး)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့
စစ်တွေမြို့ဟာ အရှေ့ဘက်မှာ ကုလားတန်မြစ် တောင်ဘက်နဲ့ အနောက်ဘက်မှာ ပင်လယ်ကမ်းခြေ တည်ရှိနေပြီး ကုန်းတွင်းပိုင်းဟာ တပ်နယ်မြေတွေဖြစ်နေတာကြောင့် မြို့ဧရိယာကျဉ်းလွန်းတဲ့အတွက် အခုလိုအမှိုက်စွန့်ပစ်မယ့် အမြေနေရာအခက်အခဲရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်မှာ စည်ပင်သာယာအမှိုက်သယ်ကား ၆၇ စီးသာရှိပြီး လုပ်သားအင်အားနည်းပါးတာကြောင့် ရပ်ကွက်တွေကထွက်ရှိတဲ့အမှိုက်တွေကို သိမ်းဆည်းတဲ့အခါအမှာ အဆင်မပြေမှုတွေရှိနေတယ်လို့ ဝန်ကြီး ဦးဝင်းမြင့်ကပြောပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)