သပိတ္က်င္းၿမိဳ႕နယ္ကေန ၀င္ေရာက္ယွဥ္ၿပိဳင္တဲ့ NLD ပါတီကုိယ္စားလွယ္ေလာင္း မဲဆြယ္စည္း႐ုံး (႐ုပ္/သံ)

0
260

သပိတ္က်င္းၿမိဳ႕နယ္မွာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီကေန ၀င္ေရာက္ယွဥ္ၿပဳိင္တဲ့ ကုိယ္စားလွယ္ေလာင္းေတြ မဲဆြယ္စည္း႐ုံးမႈေတြ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ မင္းခန္႔ေက်ာ္ကေပးပို႔ထားၿပီး စုိင္းဟန္က တင္ဆက္ေပးသြားမွာျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ သပိတ္က်င္းၿမိဳ႕နယ္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီ ကုိယ္စားလွယ္ေလာင္းေတြက စက္တင္ဘာလ ၁၄ ရက္ေန႔ က မဲဆြယ္စည္း႐ုံးမႈေတြ စတင္လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

အဲဒီလုိလုပ္ေဆာင္တဲ့အခါမွာ ျပည္သူေတြရဲ႕ အခက္အခဲေတြကုိ အမွန္တကယ္ေျဖရွငး္ေဆာင္ရြက္ေပးနုိင္တဲ့ ကုိယ္စားလွယ္ေလာင္းေတြအျဖစ္ ရပ္တည္သြားမယ္လို႔ ကုိယ္စားလွယ္ေလာင္းအျဖစ္ ၀င္ေရာက္အေရြးခံတဲ့ ဦးစုိးလြင္ကေျပာပါတယ္။

Soundbite ဦးစုိးလြင္(သပိတ္က်င္းၿမိဳ႕နယ္ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း)

ဒါ့အျပင္ သပိတ္က်င္းၿမိဳ႕နယ္က အခုႏွစ္အတြက္ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ပါတီေပါင္း ၇ ခု ႐ွိေနတာပါ။ ဆက္လက္ၿပီး အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီ၀င္တစ္ဦးကလည္း ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတုန္းက ေပးထားတဲ့ကတိေတြထက္ သာေအာင္ အခု ၂၀၁၈ၾကားျဖတ္ေရြး ေကာက္ပြဲမွာဝုိင္းဝန္း လုပ္ေဆာင္သြားမွာလည္းျဖစ္ပါတယ္ ။

Soundbite ေဒၚနန္းအိစံ(ပါတီ၀င္)
အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္

သပိတ္က်င္းၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေအာင္ႏိုင္ေရးခရီးစဥ္မွာ တိုင္းေဒသႀကီးလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္(၁) သပိတ္က်င္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးစိုးလြင္၊ ခ႐ိုင္ဥကၠ႒ ဦးစန္း၀င္း၊ ၿမိဳ႕နယ္ဥကၠ႒ ဦးတိုးခ်စ္တို႔ ပါ၀င္ခဲ့တာျဖစ္ၿပီး ျပင္ဦးလြင္ခ႐ိုင္၊ စဥ့္ကူးၿမိဳ႕နယ္၊ မတၱရာၿမိဳ႕နယ္၊ သပိတ္က်င္းၿမိဳ႕နယ္ အစရွိတဲ့ၿမိဳ႕နယ္ေတြက စုေပါင္းၿပီး NLD ပါတီ၀င္ (၁၅၀၀)ခန္႔ ပါ၀င္ခဲ့ၾကတာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သပိတ်ကျင်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မင်းခန့်ကျော်ကပေးပို့ထားပြီး စိုင်းဟန်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် သပိတ်ကျင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းတွေက စက်တင်ဘာလ ၁၄ ရက်နေ့ က မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုလုပ်ဆောင်တဲ့အခါမှာ ပြည်သူတွေရဲ့ အခက်အခဲတွေကို အမှန်တကယ်ဖြေရှငး်ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် ရပ်တည်သွားမယ်လို့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံတဲ့ ဦးစိုးလွင်ကပြောပါတယ်။

Soundbite ဦးစိုးလွင်(သပိတ်ကျင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း)

ဒါ့အပြင် သပိတ်ကျင်းမြို့နယ်က အခုနှစ်အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီပေါင်း ၇ ခု ရှိနေတာပါ။ ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးကလည်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ပေးထားတဲ့ကတိတွေထက် သာအောင် အခု ၂၀၁၈ကြားဖြတ်ရွေး ကောက်ပွဲမှာဝိုင်းဝန်း လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ် ။

Soundbite ဒေါ်နန်းအိစံ(ပါတီဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

သပိတ်ကျင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးခရီးစဉ်မှာ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) သပိတ်ကျင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးလွင်၊ ခရိုင်ဥက္ကဋ္ဌ ဦးစန်းဝင်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးတိုးချစ်တို့ ပါဝင်ခဲ့တာဖြစ်ပြီး ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ် အစရှိတဲ့မြို့နယ်တွေက စုပေါင်းပြီး NLD ပါတီဝင် (၁၅၀ဝ)ခန့် ပါဝင်ခဲ့ကြတာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)