ေငြေဆာင္ကမ္းေျခက ဟိုတယ္ဇုန္ ေျမယာေလ်ာ္ေၾကးေပးေခ်ဖို႔ ၾကန္႔ၾကာေန(႐ုပ္/သံ)

0
223

ေငြေဆာင္ကမ္းေျခက ဟိုတယ္ဇုန္ ေျမယာေလ်ာ္ေၾကးေပးေခ်ဖို႔ ၾကန္႔ၾကာေနတဲ့အေပၚသိမ္းဆည္းခံ ေဒသခံေတြအေနနဲ႔ လုပ္ကုိင္စားေသာက္ဖုိ႔အခက္အခဲေတြရွိေနတာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN ပုသိမ္သတင္းေထာက္ရဲေသြးနီက ေပးပို႔ထားပါတယ္ ။

ဧရာ၀တီတုိင္းေဒသႀကီးအစုိးရအဖြဲ႔က ဦးေဆာင္ၿပီး ဟုိတယ္လုပ္ငန္းရွင္ေတြနဲ႔ ၾကား၀င္ညိွႏႈိင္းေပးမႈေတြ လုပ္ေဆာင္ခဲ့ေပမယ့္ ေျမယာေလ်ာ္ေၾကး မရရွိတဲ့အေျခအေနေတြမွာ ရွိေနေသးတာပါ။

အဲဒါေၾကာင့္ စက္တင္ဘာလ ၁၁ ရက္ေန႔က ဘ၀ရပ္တည္ဖို႔ခက္ခဲေနတဲ့ သိမ္းဆည္းခံ ေဒသခံေတြက ေျမယာေလ်ာ္ေၾကးကုိ သင့္တင့္တဲ့ေစ်းႏႈန္းနဲ႔ အျမန္ဆုံးရရွိနုိင္ဖုိ႔ တုိင္းေဒသႀကီး အစိုးရအဖြဲ႕တာ၀န္ရွိသူေတြကုိ သြားေရာက္ေတြ႔ဆုံခဲ့တာျဖစ္ပါတယ္ ။

Soundbite ဦးလွျမင့္(သိမ္းဆည္းခံအုန္းျခံပိုင္ရွင္မ်ား ကိုယ္စားလွယ္)

စစ္အစိုးရလက္ထက္က ေျမယာေလ်ာ္ေၾကးတစ္စံုတစ္ရာမေပးပဲ ေဒသခံအုန္းျခံပိုင္ရွင္၂၀၀ ေက်ာ္ဆီကေန အုန္းၿခံဧက ၃၀၀ က်ာ္ကို သိမ္းယူထားခဲ့ၿပီး ေဒသဖြံ႔ျဖိဳးေရးဟုဆိုကာ ေငြေဆာင္ကမ္းေျခအျဖစ္ ဟိုတယ္လုပ္ငန္းေတြ လုပ္ေဆာင္ခဲ့တာပါ။

အခုအစိုးရလက္ထက္မွာ ၂၀၁၂ ေျမယာဥပေဒအရ ေျမယာေလ်ာ္ေၾကးနဲ႔ပက္သက္ျပီး အျငင္းပြားေနစဥ္ အေဆာက္အဦးသစ္ေတြ ဆက္လက္မေဆာက္လုပ္ဖို႔ ဟိုတယ္လုပ္ငန္းရွင္ေတြကို တားျမစ္ထားခဲ႔ၿပီး မူလအုန္းျခံပိုင္ရွင္ေတြနဲ႔ ဟိုတယ္လုပ္ငန္းရွင္ေတြၾကား ေျမယာေလ်ာ္ေၾကးေပးေခ်ဖို႔ တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ညွိႏႈိင္းေဆာင္ရြက္ခဲ့တာပါ။

Soundbite ဦးေက်ာ္ျမင့္(စည္ပင္သာယာေရးဝန္ႀကီး။ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕)

လက္ရွိမွာ ေငြေဆာင္ေဒသကသိမ္းဆည္းခံမိသားစုဝင္ ၁၀၀၀ ေက်ာ္ဟာ ကမ္းေျခေစ်းေရာင္းခ်တာေတြ ၊ပင္လယ္ျပင္ဝမ္းစာရွာေဖြစားေသာက္ၿပီး ဘဝရပ္တည္ေနၾကရေပမယ့္ လက္ရွိသိမ္းဆည္းထားတဲ႔ ဟိုတယ္ေျမေနရာေတြမွာေတာ့ လုပ္ငန္းရွင္ေတြဟာ တစ္ဧကကို သိန္းေပါင္းေသာင္းနဲ႔ခ်ီၿပီး လက္လႊဲေရာင္းခ်ဖို႔ ျပဳလုပ္ေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငွေဆောင်ကမ်းခြေက ဟိုတယ်ဇုန် မြေယာလျော်ကြေးပေးချေဖို့ ကြန့်ကြာနေတဲ့အပေါ်သိမ်းဆည်းခံ ဒေသခံတွေအနေနဲ့ လုပ်ကိုင်စားသောက်ဖို့အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက်ရဲသွေးနီက ပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ကြားဝင်ညှိနှိုင်းပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် မြေယာလျော်ကြေး မရရှိတဲ့အခြေအနေတွေမှာ ရှိနေသေးတာပါ။

အဲဒါကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့က ဘဝရပ်တည်ဖို့ခက်ခဲနေတဲ့ သိမ်းဆည်းခံ ဒေသခံတွေက မြေယာလျော်ကြေးကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ အမြန်ဆုံးရရှိနိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။

Soundbite ဦးလှမြင့်(သိမ်းဆည်းခံအုန်းခြံပိုင်ရှင်များ ကိုယ်စားလှယ်)

စစ်အစိုးရလက်ထက်က မြေယာလျော်ကြေးတစ်စုံတစ်ရာမပေးပဲ ဒေသခံအုန်းခြံပိုင်ရှင်၂၀ဝ ကျော်ဆီကနေ အုန်းခြံဧက ၃၀ဝ ကျာ်ကို သိမ်းယူထားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ငွေဆောင်ကမ်းခြေအဖြစ် ဟိုတယ်လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။

အခုအစိုးရလက်ထက်မှာ ၂၀၁၂ မြေယာဥပဒေအရ မြေယာလျော်ကြေးနဲ့ပက်သက်ပြီး အငြင်းပွားနေစဉ် အဆောက်အဦးသစ်တွေ ဆက်လက်မဆောက်လုပ်ဖို့ ဟိုတယ်လုပ်ငန်းရှင်တွေကို တားမြစ်ထားခဲ့ပြီး မူလအုန်းခြံပိုင်ရှင်တွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေကြား မြေယာလျော်ကြေးပေးချေဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ညှိနှိုင်းဆောင်ရွက်ခဲ့တာပါ။

Soundbite ဦးကျော်မြင့်(စည်ပင်သာယာရေးဝန်ကြီး။ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့)

လက်ရှိမှာ ငွေဆောင်ဒေသကသိမ်းဆည်းခံမိသားစုဝင် ၁၀ဝ၀ ကျော်ဟာ ကမ်းခြေဈေးရောင်းချတာတွေ ၊ပင်လယ်ပြင်ဝမ်းစာရှာဖွေစားသောက်ပြီး ဘဝရပ်တည်နေကြရပေမယ့် လက်ရှိသိမ်းဆည်းထားတဲ့ ဟိုတယ်မြေနေရာတွေမှာတော့ လုပ်ငန်းရှင်တွေဟာ တစ်ဧကကို သိန်းပေါင်းသောင်းနဲ့ချီပြီး လက်လွှဲရောင်းချဖို့ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)