၁၀ တန်း ကျောင်းသားကို ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစက်ယှက်မှု ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အထက်တန်းကျောင်းအုပ်ဆရာကို စစ်ဆေး

0
296

၁၀ တန်း ကျောင်းသားကို ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစက်ယှက်မှု ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့် တိုင်ကြားခံရတဲ့ အထက်တန်းကျောင်းအုပ်ဆရာကို မြောင်းမြမြို့နယ် ရဲစခန်းက ဖမ်းဆီးစစ်ဆေး နိုင်ဖို့ အကြောင်းကြားစာ ထုတ်ပြန်လိုက်ပါတယ်။

မြောင်းမြမြို့နယ်၊ ကဝက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းအုပ်ဆရာ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်ကို ဖမ်းဆီး စစ်ဆေးခွင့်ပြုဖို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မြောင်းမြမြို့နယ်ရဲစခန်းကနေ အကြောင်းကြားစာကို ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးကို ပေးပို့လာတာပါ။

အဲ့ဒီလို ပေးပို့လာတဲ့အပေါ် လို့ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးကဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်စိုးက  “မြောင်းမြမြို့နယ်ရဲစခန်းကနေ ဖမ်းဆီးခွင့် ပြုဖို့ စာရောက်လာတဲ့အတွက် ကျွန်တော်တို့ကလည်း လုပ်ထုံးလုပ်နည်းအရ ဆက်လက် ဆာက်ရွက်ဖို့ ဘောတူပါတယ်ဆိုပြီး အကြောင်းပြန်လိုက်ရပါတယ်။ သူ့ကို ရဲစခန်းမှာ ဖမ်းဆီးထားပေမယ့် ပညာရေးဌာနတွင်း စစ်ဆေးမှုကိုတော့ ရဲစခန်းမှာ ခွင့်တောင်းပြီး သီးခြားဆက်လက် စစ်ဆေးသွားမှာပါ”  လို့MCN သတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း မြောင်းမြခရိုင်ပညာရေးမှူး၊ မြောင်းမြမြို့နယ်ပညာရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးပါဝင်တဲ့ ဌာနတွင်း စစ်ဆေးရေးအဖွဲ့နဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေမှာ စစ်ဆေး မှုတွေကို ပြုလုပ်ထားတယ်လို့လည်း ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး တာဝန်ရှိသူတွေက ဆိုတာပါ။

ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်ဟာ ၂၀၁၆ ခုနှစ်မတ်လအတွင်းက ဘုန်းကြီးကျောင်းမှာ တည်းခိုပြီး ဆယ်တန်းဖြေဆိုမယ့် အသက် ၂၃ နှစ်ရှိ ကျောင်းသားတစ်ဦးကို ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစက်ယှက်မှု ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၁၇ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ အမှုဖွင့်တိုင်ကြားခံထားရဖြစ်တယ်လို့ မြောင်းမြမြို့မရဲစခန်းကလည်း MCN သတင်းဌာနကို ပြောပါတယ်။

ဒါကြောင့် ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစက်ယှက်မှု ကျူးလွန်ခဲ့တယ်လို့စွပ်စွဲခံရတဲ့ ကျောင်းအုပ်ဆရာကြီးကို (ပ)၇၈/၂၀၁၇ နဲ့ မြောင်းမြမြို့နယ် ရဲစခန်းမှာ အမှုဖွင့် ဆောင်ရွက် နေထားတယ်လို့ မြောင်းမြရဲစခန်းကဒုရဲမှူး အေးမင်းသိန်းကပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ တရားလို အပါအဝင်သက်သေ ၄ ဦးကို စစ်ဆေးထားပြီး အခြား တရားလို သက်သေတွေကို ဆက်လက်စစ်ဆေးဖို့ ကျန်နေသေးတယ်လို့လည်း ရဲအရာရှိတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)