တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာ ပြောင်းလဲ ခန့်အပ်

0
303

တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာ အစားထိုး ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

(သတင်ဓာတ်ပုံ – တနင်္သာရီတိုးမ် သတင်းမီဒီယာ)

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးကြီး ဇော်လွင်ကို စစ်ဘက်မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့နဲ့  ဗိုလ်မှူးကြီးကျော်ဇေယျကို ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်တာပါ။

အဲ့ဒီလို ပြောင်းလဲ တာဝန်ပေးအပ် လိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ရက်စွဲနဲ့ အမိန့်အမှတ် ၂/၂၀၁၇ ကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အစားထိုးပြောင်းလဲ ခံရတဲ့  ဗိုလ်မှူးကြီး ဇော်လွင်ဟာ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အခုအစားထိုးပြောင်းလဲလိုက်တဲ့ ဗိုလ်မှူးကြီးကျော်ဇေယျဟာ  ထားဝယ်ဇာတိဖြစ်သလို တန်းမြင့် လေ့ကျင့်ရေးကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။

အသစ်အစားထိုးခန့်အပ်လိုက်တဲ့ တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ ဟာ သူ့ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာပြုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေရဲ့ လုံခြုံရေးရဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ခွင့် ရှိနေပြီး သက်ဆိုင်ရာ လွှတ်တော်က အတည်ပြုပေးရတာ ဖြစ်ပါတယ်။ 

လက်ရှိအခြေအနေမှာဆိုရင်တော့ ဒီလိုအစားထိုးပြောင်းလဲ ခန့်မှုတွေ ပြုလုပ်နေချိန်မှာပဲ တနင်္လာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ မွန်ပြည်သစ်ပါတီနဲ့ မြန်မာ့တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတာနဲ့လည်း တိုက်ဆိုင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)