NLD အစိုးရအဖွဲ့ထဲက ၀န်ကြီးချုပ်တစ်ဦး မိမိဆန္ဒအလျှောက် ပထမဆုံး နှုတ်ထွက်

0
338

NLD အစိုးရအဖွဲ့ထဲက ၀န်ကြီးချုပ်တစ်ဦး မိမိဆန္ဒအလျှောက် ပထမဆုံး နှုတ်ထွက်သွားပြီဖြစ်ပါတယ်။

မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦးက ပြည်ထောင်စုအစိုးရအဖွဲ့ကို လာမယ့် သတင်းပတ်ထဲမှာ တရားဝင် နှုတ်ထွက်စာ တင်ပြီး ၀န်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ MCN ရုပ်သံသတင်းဌာနကို တရားဝင် ပြောကြားလိုက်တာပါ။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့ မနက်ပိုင်းမှာ MCN ရုပ်သံသတင်းဌာနရဲ့ သီးသန့် ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားစဉ်မှာ ၀န်ကြီးချုပ် ဦးမင်းမင်းဦးက အဲ့ဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒီလိုပြောကြားရာမှတော့ ဦးမင်းမင်းဦးက သူ့အနေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ ပါတီဗဟိုက ၀န်ကြီးချုပ်နေရာကို အစားထိုး ခန့်အပ်မှု မပြုလုပ်ခင် အချိန်အထိ ၀န်ကြီးချုပ်တာဝန်ကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ၀န်ကြီးချုပ်သစ်ကို ခန့်အပ်ပြီးပါက လုပ်ငန်းတွေကို လွှဲပြောင်းကာ တာဝန်က အနားယူမယ်လို့လည်း ပြောကြားခဲ့တာပါ။

သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတော့ သူ့ကို ဆန္ဒမဲပေးခဲ့ကြတဲ့ ပြည်သူလူထုကို “နှုတ်ထွက်ပါပြီး။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖြစ်တည်မှု အားလုံးဟာ ပျက်စီးဖို့ ရာ ဓမ္မတာပါဘဲ။” လို့ ရေးသားပြီး နှုတ်ဆက်ထားပါတယ်။

ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ကားတင်ဒါအောင်မြင်တဲ့ စီးပွားရေးကုမ္ဗဏီတစ်ခုက လက်ဆောင်အဖြစ် ကားတစ်စီးပေးအပ်တာကို လက်ခံခဲ့တယ်လို့ စွပ်စွဲဝေဖန်မှုတွေရှိခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ သတင်းတွေက ထွက်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း အခုလို ဆန္ဒအလျှောက် နှုတ်ထွက်ခွင့် တင်ပြလိုက်တာဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)