မုံရွာမှာ ပုပ်ပွနေတဲ့ အမျိုးသားတစ်ဦး ရုပ်အလောင်း တွေ့ရှိ

0
302

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နှောပင်(တောင်)ကျေးရွာမှာ ဇန်နဝါရီ ၁၇ ရက်နေ့က ပုပ်ပွနေတဲ့ အမျိုးသားတစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။

တွေ့ရှိခဲ့တဲ့ နေရာဟာ နှောပင်(တောင်)ကျေးရွာ အနောက်ဘက် နှစ်ဖာလုံလောက် ဝေးတဲ့နေရာက ပဲစင်းငုံ ယာခင်းထဲမှာ ဖြစ်ပြီး အင်တိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြင်သန်းက တွေ့ရှိပြီး သာစည်ရဲကင်းစခန်းကို အကြောင်းကြားခဲ့တာပါ။

သေဆုံးသူအမျိုးသားဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီး ဖိနစ်အပြာရောင် ဖောဖိနပ်စီးထားတာ အင်္ကျီ အဝါ၊ အနက်၊ ခရမ်းနုရောင် စင်းကျားလက်ရှည်နဲ့ ခရမ်းရောင် အနက်ဖောက် ကွက်စိမ်ပုဆိုး ဝတ်ဆင်းထားတယ်လို့ မုံရွာ နယ်မြေရဲစခန်းက ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာနယ်မြေရဲစခန်းက ပုတ်ပွနေတဲ့ သေမှုသေခင်း အမှတ်စသ် ၁/၂၀၁၇ အရ အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)