ရခိုင်ပြည်နယ်မှာ အင်ဒိုနီးရှားက ဆေးရုံဆောက်ပေးမယ်

0
278

ရခိုင်ပြည်နယ်မှာ ပြည်သူ့ဖွံ့ဖြိုးရေး အစီအစဉ်အရ လူသားချင်း စာနာထောက်ထားမှု အကူအညီအနေနဲ့ ဆေးရုံတစ်ရုံ ဖွင့်ဖို့ အင်ဒိုနီးရှားက စီစဉ်နေပါတယ်။

ဒေသတွင်း ရွှေ့ပြောင်း အခြေချသူတွေ များပြားတဲ့ မြောက်ဦးမြို့မှာ အင်ဒိုနီးရှား ကမကထပြုတဲ့ ဆေးရုံတစ်ရုံ တည်ဆောက်မှာ ဖြစ်တယ်လို့ လက်ထောက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အေ၊ အမ်၊ ဖာချယ်ယာက ပြောပါတယ်။

ဆေးရုံအပြင် လူမျိုး ဘာသာမရွေး အခြေခံ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ဝယ်ယူဖို့ ဈေးတစ်ခုကိုလည်း တည်ဆောက်ဖို့ အစီအစဉ်ရှိပါယ်။

အင်ဒိုနီးရှားနိုင်ငံက ဒီနှစ် ဇန်နဝါရီလတုန်းကလည်း ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ဒေသကို ပြန်လည်ထူထောင်ရေး အကူအညီတွေ ပေးပို့ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)