ပြန်လည်တည်ဆောက်မယ့် မန္တလေး မင်္ဂလာစျေးကို မူလနေရာအတိုင်း ချထားပေးဖို့ တောင်းဆို

0
115

မီးလောင် ဆုံးရှုံးခဲ့တဲ့အတွက် ပြန်လည်တည်ဆောက်မယ့် မင်္ဂလာစျေးမှာ မူလနေရာအတိုင်း ပြန်လည်ချထားပေးဖို့ စျေးသူစျေးသားတွေက တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။

၂၀၁၆ခုနှစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လေးနှစ်ကြာတဲ့အထိ ပြန်လည် မတည်ဆောက်နိုင်တဲ့ မင်္ဂလာစျေးကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။
အဲ့ဒီလို ပြန်လည် တည်ဆောက်မယ့် စျေးမှာ အရင်က စျေးသူစျေးသားတွေကို မူလနေရာအတိုင်း ပြန်လည်ချထားပေးဖို့ အတွက် စျေးသူစျေးသားတွေက ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုနေတာပါ။

Sound Bite ဦးကိုကိုမောင် ဆိုင်ခန်းပိုင်ရှင်
မင်္ဂလာစျေး

အသစ်တည်ဆောက်မယ့် အဆောက်အဦးကို လေးထပ်အဖြစ်လျာထားပြီး အရင်စျေးသူစျေးသားတွေကို မြေအောက်ခန်းမှာ ထားရှိမယ်လို့ သိကြရတဲ့အတွက် ကန့်ကွက်နေကြတာပါ။
မင်္ဂလာစျေးမီးလောင်ပြီးနောက် စျေးသူစျေးသားတွေကို ၃၅လမ်း ၇၁လမ်းက ဘောလုံးကွင်းအတွင်းမှာ ယာယီစျေးအဖြစ် သတ်မှတ်ရောင်းချခိုင်းခဲ့တာဖြစ်ပြီး အဲ့ဒီမှာလည်း အဆင်မပြေမှုတွေကြုံနေရတယ်လို့ ပြောပါတယ်။

Sound Bite ကိုအောင် ဦးလှကျော် ကုန်စုံဆိုင် ပိုင်ရှင်
မင်္ဂလာစျေး


ပြန်လည်တည်ဆောက်မယ့် မန္တလေး မင်္ဂလာဈေးကို မူလနေရာအတိုင်း ချထားပေးဖို့ တောင်းဆို

မီးလောင် ဆုံးရှုံးခဲ့တဲ့အတွက် ပြန်လည်တည်ဆောက်မယ့် မင်္ဂလာဈေးမှာ မူလနေရာအတိုင်း ပြန်လည်ချထားပေးဖို့ ဈေးသူဈေးသားတွေက တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။

၂၀၁၆ခုနှစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လေးနှစ်ကြာတဲ့အထိ ပြန်လည် မတည်ဆောက်နိုင်တဲ့ မင်္ဂလာဈေးကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

အဲ့ဒီလို ပြန်လည် တည်ဆောက်မယ့် ဈေးမှာ အရင်က ဈေးသူဈေးသားတွေကို မူလနေရာအတိုင်း ပြန်လည်ချထားပေးဖို့ အတွက် ဈေးသူဈေးသားတွေက ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုနေတာပါ။

Sound Bite  ဦးကိုကိုမောင် ဆိုင်ခန်းပိုင်ရှင်

မင်္ဂလာဈေး

အသစ်တည်ဆောက်မယ့် အဆောက်အဦးကို လေးထပ်အဖြစ်လျာထားပြီး အရင်ဈေးသူဈေးသားတွေကို မြေအောက်ခန်းမှာ ထားရှိမယ်လို့ သိကြရတဲ့အတွက် ကန့်ကွက်နေကြတာပါ။

မင်္ဂလာဈေးမီးလောင်ပြီးနောက် ဈေးသူဈေးသားတွေကို ၃၅လမ်း ၇၁လမ်းက ဘောလုံးကွင်းအတွင်းမှာ ယာယီဈေးအဖြစ် သတ်မှတ်ရောင်းချခိုင်းခဲ့တာဖြစ်ပြီး အဲ့ဒီမှာလည်း အဆင်မပြေမှုတွေကြုံနေရတယ်လို့ ပြောပါတယ်။

 Sound Bite    ကိုအောင် ဦးလှကျော် ကုန်စုံဆိုင် ပိုင်ရှင်

 မင်္ဂလာဈေး

၂၀၁၆ခုနှစ် မတ်လ ၂၂ရက်နေ့မှာ မင်္ဂလာဈေးမီးလောင်ခဲ့ပြီး အဆောက်အဦးမှာလည်း ကြံခိုင်မှု မရှိတော့တဲ့ အတွက် ဖြိုချခဲ့ရတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)