ပ်ဴေတြအသံုးျပဳခဲ႔တဲ႔ သံခ်က္ဖို ေတြထိန္းသိမ္းဖို႔ အခက္ၾကံဳ (႐ုပ္/သံ)

0
1058

ဘီစီ၂ရာစုေလာက္က ပ်ဴလူမ်ိဳးေတြ အသုံးျပဳခဲ့တဲ႔ သံခ်က္ဖိုဖိုေတြကို ျပန္လည္ထိန္းသိမ္းဖို႕ အထူးလိုအပ္ေနပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ ဟန္ထူးေဇာ္ေပးပို႕ထားပါတယ္ ။

ျပည္ျမိဳ႕နယ္က ကမၻာ႕အေမြအႏွစ္အျဖစ္ ယူနက္စကုိမွ အသိအမွတ္ျပဳခံထားရတဲ႔ သေရေခတၱရာေရွးေဟာင္းဇုန္အတြင္းက သံခ်က္ဖိုနဲ႕ ဇုံျပင္ပက သံခ်က္ဖိုေတြကို ျပန္လည္ထိန္းသိမ္းဖို႕ အထူးလိုအပ္ေနတာပါ။ အဲ႔ဒီ သံခ်က္ဖိုေတြက ဘီစီ၂ရာစုေလာက္ကစျပီး ပ်ဴးလူမ်ိဳးတို႕အသုံးျပဳတဲ႔ သံထည္ပစၥည္းေတြကို ထုတ္လုပ္ေပးရာမွာ အသုံးျပဳၾကတာျဖစ္ပါတယ္ ။

လက္ရွိမွာ အဲ႔ဒီသံခ်က္ဖိုေတြကို ထိန္းသိမ္းဖို႕အတြက္ သီးသန္႕ဘတ္ဂ်တ္မရွိတာေၾကာင့္ ယိုယြင္းပ်က္စီးမႈ႕ေတြရွိေနျပီး ေပ်ာက္ကြယ္သြားနိုင္တဲ့အႏၱရယ္နဲ႕ၾကံဳေနရတာပါ ။

Soundbite – ဦးစိုးမင္း လက္ေထာက္ညႊန္ၾကားေရးမွဴး ( ေရွးေဟာင္းသုေတသနနွင့္ အမိ်ဳးသားျပတိုက္ ဦးစီးဌာန)

ဒါအျပင္ ျပီးခဲ့တဲ့နွစ္က သံခ်က္ဖိုရွိတဲ့ေနရာေတြျဖစ္တဲ႔ ေအာင္ျမင္ဗာဟုေတာင္ၾကား ဖိုးၾကာေျမာင္းအတြင္းက သံခ်က္ဖိုေတြကို ထိန္းသိမ္းဖို႕အတြက္ ေရွးေဟာင္းယဥ္ေက်းမႈ႕၀န္ၾကီးဌာနကို ဘတ္ဂ်တ္ေတာင္းခံခဲ႔ေပမယ္႔ မရရွိခဲ႔တာျဖစ္ပါတယ္ ။ အရင္က သံခ်က္ဖိုေတြကို အျမင့္၈ေပနီးပါးအထိေတြ႕ရေပမယ့္ နွစ္ၾကာလာတဲ့အမွ် လူ တိရစၦာန္နဲ႔ သဘာ၀ေဘးအႏၱရာယ္ေတြေၾကာင့္ထိခိုက္မႈ႕ေတြရွိေနတာပါ ။

Soundbite -ဦးေအာင္ေငြ (ကြမ္းအုံအုပ္စုေက်းရြာ ေပါက္ေခါင္းျမိဳ႕နယ္)

သံခ်က္ဖိုေတြကို ျပည္ျမိဳ႕ ေအာင္ျမင္ဗာဟု ဘုရားေတာင္ေၾကာ ကန္သုံးဆင့္အနီး၀န္းက်င္၊ပ်ဥ္မအိုင္ေက်းရြာ၊ ေပါက္ေခါင္းျမိဳ႕ႏြားသိုးေတာင္ စတဲ့ ေတာင္ေၾကာရွိတဲ့ေနရာ၀န္က်င္းေတြမွာေတြရွိရျပီး သံခ်က္ဖို၁၁၅လုံးရွိတယ္လို႕ ျပဳစုထားတဲ့စာရင္းအေတြအရသိရပါတယ္ခင္ဗ်ာ ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘီစီ၂ရာစုလောက်က ပျူလူမျိုးတွေ အသုံးပြုခဲ့တဲ့ သံချက်ဖိုဖိုတွေကို ပြန်လည်ထိန်းသိမ်းဖို့ အထူးလိုအပ်နေပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် ဟန်ထူးဇော်ပေးပို့ထားပါတယ် ။

ပြည်မြို့နယ်က ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုခံထားရတဲ့ သရေခေတ္တရာရှေးဟောင်းဇုန်အတွင်းက သံချက်ဖိုနဲ့ ဇုံပြင်ပက သံချက်ဖိုတွေကို ပြန်လည်ထိန်းသိမ်းဖို့ အထူးလိုအပ်နေတာပါ။ အဲ့ဒီ သံချက်ဖိုတွေက ဘီစီ၂ရာစုလောက်ကစပြီး ပျူးလူမျိုးတို့အသုံးပြုတဲ့ သံထည်ပစ္စည်းတွေကို ထုတ်လုပ်ပေးရာမှာ အသုံးပြုကြတာဖြစ်ပါတယ် ။

လက်ရှိမှာ အဲ့ဒီသံချက်ဖိုတွေကို ထိန်းသိမ်းဖို့အတွက် သီးသန့်ဘတ်ဂျတ်မရှိတာကြောင့် ယိုယွင်းပျက်စီးမှု့တွေရှိနေပြီး ပျောက်ကွယ်သွားနိုင်တဲ့အန္တရယ်နဲ့ကြုံနေရတာပါ ။

Soundbite – ဦးစိုးမင်း လက်ထောက်ညွှန်ကြားရေးမှူး ( ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန)

ဒါအပြင် ပြီးခဲ့တဲ့နှစ်က သံချက်ဖိုရှိတဲ့နေရာတွေဖြစ်တဲ့ အောင်မြင်ဗာဟုတောင်ကြား ဖိုးကြာမြောင်းအတွင်းက သံချက်ဖိုတွေကို ထိန်းသိမ်းဖို့အတွက် ရှေးဟောင်းယဉ်ကျေးမှု့ဝန်ကြီးဌာနကို ဘတ်ဂျတ်တောင်းခံခဲ့ပေမယ့် မရရှိခဲ့တာဖြစ်ပါတယ် ။ အရင်က သံချက်ဖိုတွေကို အမြင့်၈ပေနီးပါးအထိတွေ့ရပေမယ့် နှစ်ကြာလာတဲ့အမျှ လူ တိရစ္ဆာန်နဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်ထိခိုက်မှု့တွေရှိနေတာပါ ။

Soundbite -ဦးအောင်ငွေ (ကွမ်းအုံအုပ်စုကျေးရွာ ပေါက်ခေါင်းမြို့နယ်)

သံချက်ဖိုတွေကို ပြည်မြို့ အောင်မြင်ဗာဟု ဘုရားတောင်ကြော ကန်သုံးဆင့်အနီးဝန်းကျင်၊ပျဉ်မအိုင်ကျေးရွာ၊ ပေါက်ခေါင်းမြို့နွားသိုးတောင် စတဲ့ တောင်ကြောရှိတဲ့နေရာဝန်ကျင်းတွေမှာတွေရှိရပြီး သံချက်ဖို၁၁၅လုံးရှိတယ်လို့ ပြုစုထားတဲ့စာရင်းအတွေအရသိရပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)