ဘင္ဂၤါလီျပန္လက္ခံဖို႔ ဘဂၤလားေဒရွ္႔ဘက္က လူစုေနတာေၾကာင့္ ၾကာေနတာလို႔ေျပာ(႐ုပ္/သံ)

0
1005

ဘဂၤါလီဒုကၡသည္ေတြ ျပန္လည္လက္ခံဖို႔ ျမန္မာဘက္ကအဆင္သင့္ျဖစ္ေနေပမယ္႔ ျပန္ပို႔ဖို႔ လူေတြ စုစည္းေနရတာေၾကာင့္ ႀကန္႔ၾကာေနတာျဖစ္ပါတယ္ ။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ဘဂၤလားေဒ့႐ွ္ႏုိင္ငံဘက္ကို ေရာက္႐ွိေနၾကတဲ့ ဘဂၤါလီေတြကို ျပန္လည္ပို႔ေဆာင္ဖို႔အတြက္ ႏွစ္ႏုိင္ငံအစိုးရတို႔အၾကား နားလည္မႈရ႐ွိထားၿပီး ျမန္မာဘက္က ဇန္နဝါရီလ ၂၃ ရက္ေန႔မွာ စတင္လက္ခံဖို႔ျပင္ဆင္ထားခဲ့ေပမဲ့ ဘဂၤလားေဒ့႐ွ္ ဘက္က ပို႔ေဆာင္ႏုိင္ျခင္းမ႐ွိခဲ့တာျဖစ္ပါတယ္။

အခုလို ျပန္လည္ပို႔ေဆာင္ႏုိင္ခဲ့ျခင္းမ႐ွိခဲ့တာက ဘဂၤလားေဒ့႐ွ္ေရာက္ေနတဲ႔သူေတြဟာ ျပန္႔က်ဲေနထိုင္ၾကတာေၾကာင့္ ျမန္မာဘက္ကေပးပို႔လိုက္တဲ့စာရင္းေတြမွာ ပါဝင္သူေတြကို ျပန္လည္စုစည္းေနရတဲ့အတြက္ျဖစ္ေၾကာင္း လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးက ေျပာပါတယ္ ။

Soundbite – ေဒါက္တာဝင္းျမတ္ေအး (လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး)

ဒါ့အျပင္ အဲဒီလူေတြကိုျပန္လည္ပို႔ေဆာင္ေပးေရးအတြက္ တာဝန္ယူပို႔ေဆာင္ေပးမယ့္ UNHCR အဖြဲ႔နဲ႔ ဘဂၤလားေဒ့႐ွ္ အစိုးရတို႔အၾကား သေဘာတူလက္မွတ္ေရးထိုးခဲ့ၾကၿပီးျဖစ္ေပမယ့္ စစ္ေဆးမႈေတြေဆာင္႐ြက္ေနရတာေၾကာင့္ အခုလိုႀကန္႔ ၾကာေနတာျဖစ္ပါတယ္။

Soundbite – ေဒါက္တာဝင္းျမတ္ေအး (လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး)

ဘဂၤါလီေတြကို ျပန္လည္လက္ခံဖို႔အတြက္ ျမန္မာဘက္က ျပန္လည္လက္ခံေရးစန္းေတြမွာ လူဦးေရ ႏွစ္ေသာင္းေလာက္ လက္ခံႏုိင္တဲ့အေနအထားထိ ၿပီးစီးေန ၿပီျဖစ္ပါတယ္။
ဒါအျပင္ ျပန္လည္လက္ခံေရးမွာ အၾကမ္းဖက္သမားေတြရဲ႕ အစုလိုက္အၿပံဳလိုက္သတ္ျဖတ္ခံရမႈေၾကာင့္ ထြက္ေျပးသြားခဲ့ၾကတဲ့ ဟိႏၵဴဘာသာဝင္ငါးရာေက်ာ္ ကိုလည္း ပထမဆံုးအသုတ္အေနနဲ႔ လက္ခံသြားဖုိ႔႐ွိေနေပမယ့္ ေရာက္လာႏုိင္ခဲ့ျခင္းမ႐ွိေသးတာျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ မြန်မာဘက်ကအဆင်သင့်ဖြစ်နေပေမယ့် ပြန်ပို့ဖို့ လူတွေ စုစည်းနေရတာကြောင့် ကြန့်ကြာနေတာဖြစ်ပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေကြတဲ့ ဘင်္ဂါလီတွေကို ပြန်လည်ပို့ဆောင်ဖို့အတွက် နှစ်နိုင်ငံအစိုးရတို့အကြား နားလည်မှုရရှိထားပြီး မြန်မာဘက်က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်လက်ခံဖို့ပြင်ဆင်ထားခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က ပို့ဆောင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အခုလို ပြန်လည်ပို့ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့တာက ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့သူတွေဟာ ပြန့်ကျဲနေထိုင်ကြတာကြောင့် မြန်မာဘက်ကပေးပို့လိုက်တဲ့စာရင်းတွေမှာ ပါဝင်သူတွေကို ပြန်လည်စုစည်းနေရတဲ့အတွက်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောပါတယ် ။

Soundbite – ဒေါက်တာဝင်းမြတ်အေး (လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး)

ဒါ့အပြင် အဲဒီလူတွေကိုပြန်လည်ပို့ဆောင်ပေးရေးအတွက် တာဝန်ယူပို့ဆောင်ပေးမယ့် UNHCR အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပေမယ့် စစ်ဆေးမှုတွေဆောင်ရွက်နေရတာကြောင့် အခုလိုကြန့် ကြာနေတာဖြစ်ပါတယ်။

Soundbite – ဒေါက်တာဝင်းမြတ်အေး (လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး)

ဘင်္ဂါလီတွေကို ပြန်လည်လက်ခံဖို့အတွက် မြန်မာဘက်က ပြန်လည်လက်ခံရေးစန်းတွေမှာ လူဦးရေ နှစ်သောင်းလောက် လက်ခံနိုင်တဲ့အနေအထားထိ ပြီးစီးနေ ပြီဖြစ်ပါတယ်။
ဒါအပြင် ပြန်လည်လက်ခံရေးမှာ အကြမ်းဖက်သမားတွေရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကြောင့် ထွက်ပြေးသွားခဲ့ကြတဲ့ ဟိန္ဒူဘာသာဝင်ငါးရာကျော် ကိုလည်း ပထမဆုံးအသုတ်အနေနဲ့ လက်ခံသွားဖို့ရှိနေပေမယ့် ရောက်လာနိုင်ခဲ့ခြင်းမရှိသေးတာဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)